Wednesday, October 17, 2018

မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာမှ အိမ်ဖောက်ထွင်းခိုးယူမှုပေါ်ပေါက်



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့မြောက်ပိုင်းရပ်ကွက်မြောက်ပိုင်းလမ်းဦးတွတ်ခေါ်ဦး သန်းထွေး၈၃နှစ်မှအောက်တိုဘာ၁၆ရက် ည၉နာရီ၁၀မိနစ်အချိန်၌ တရားလိုပြုလုပ်
ိုင်းကြားရာ တာပွန်နယ်မြေရဲစခန်း၏(ပ)၂၀၄/၁၈ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈၀ဖြင့်အမှုဖွင့်အရေးယူထားရှိပြီးဒု ရဲအုပ်သန်းလင်းဦးမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းဖြစ်စဉ်မှာဦးတွတ်ခေါ်ဦးသန်းထွေး ဇနီးဒေါ်သန်းကျင် ၈၄နှစ်အတူနေအိမ်၌ အောက်တိုဘာ ၉ ရက်နံနက်၇နာရီအချိန် ထိုင်ပြီးစကားပြောနေစဉ် နေအိမ်သို့နေ့စဉ်ဝင်ထွက်ငါးရောင်းနေသူမစပယ်၃၁နှစ်ကျောင်းရွာလေးကျေးရွာဖလံကုန်းအုပ်စုနေသူ မှာနေအိမ်အတွင်းသို့ဝင်ရောက်လာကာထိုင်စကားပြော၍ရေနွေးဖြင့်ဧည့်ခံခဲ့ကြောင်း၎င်းမစပယ်မှာနေ အိမ်နောက်ဘက်ဘေးရှိအိမ်သာသို့သွားရောက်ခဲ့ပြီးခဏအကြာပြန်ရောက်လာသည်တစ်နာရီခန့်ထိုင် စကားပြောပြီး ပြန်ထွက်သွားကြောင်းဦးသန်းထွေးခေါ်ဦးတွတ်လင်မယားသည်
(အဝေရာကျောင်းတိုက)်သို့သီလယူသွားခဲ့ကြောင်းနံနက်၁၀နာရီခွဲအချိန်ဘုန်းကြီးကျောင်းမှသီလယူပြီးနေအိမ်သို့ပြန်လာခဲ့ပြီးနောက်နေအိမ်အောက်ထပ်ကုတင်ဘေးရှိသံသေတ္တာမှာအနေ
အထားပျက်နေသဖြင့်ဖွင့်ကြည့်ခဲ့ကြောင်းမြန်မာငွေရောရာ(၂၉)သိန်း(၆)သောင်းကျပ်ပျောက်ဆုံးနေကြောင်းပတ်ဝန်းကျင်အားမေးမြန်း ကြည့်ရာနေအိမ်ရှေ့ခြမ်းနေကိုထွန်းထွန်းကမစပယ်သည်လူမရှိခိုက်အိမ်မြောက်ဘက်ခြံ စည်းရိုးကြားထဲဝင်သွားသည်ကိုမြင်ခဲ့ရကြောင်းပြောပြသိရှိရသဖြင့်ဦးတွတ်ခေါ်  ဦးသန်းထွေးကမစပယ်နေထိုင်သောကျောင်းရွာလေးကျေးရွာရှိရင်းနှီးသောမိတ်ဆွေများထံလိုက်လံစုံစမ်း   ခဲ့ကြောင်းငွေများပျောက်ဆုံးပြီးနှစ်ရက်အကြာတွင်မစပယ်သည်လော်ဂျားဆိုင်ကယ်တစ်စီးရွှေလက်စွပ်နှစ် ကွင်းရွှေနားတောင်းနှစ်ရံပြုလုပ်ခြင်းအကြွေးများဆပ်ခြင်းတို့ကိုစုံစမ်းသိရှိရ၍မသင်္ကာသဖြင့်ရဲစခန်း သို့တိုင်ကြားရာမှခိုးမှုပေါ်ပေါက်သွားကြောင်းသိရသည်။
source;myanmaalinn

#သတင်းကမ္ဘာ

Read More »

ရန်ကုန်မြို့တွင်း လမ်းဘေးယာဉ်ရပ်နားမှုမှ တကယ်ပဲပြည်သူ့ဘဏ္ဍာငွေအဖြစ် အကောင်အထည်ပေါ်တော့မည်လား



ရန်ကုန် မြို့တွင်း Down Town မြို့နယ်များ၌ လမ်းဘေးယာဉ် ရပ်နားမှု ကားတစ်စီး တစ်နာရီ ငွေကျပ်၂ဝဝ နှုန်း ကောက်ခံ မှုကို စတင်တော့မည်ဖြစ်ကြောင်း ပြ်ီးခဲ့သော စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါ လမ်းဘေးယာဉ် ရပ်နားမှုမှ ငွေကျပ် ၂ဝဝ နှုန်းကောက်ခံမှုနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးမေးမြန်းမှုများရှိခဲ့သလို ပြည်သူများကြားတွင်လည်း တိကျသော အဖြေမှန်ထွက်လာမှု ကို မသိကြသေး၍ ပြည်သူများကြား ယနေ့တိုင် စိတ်ဝင်စားလျက် ရှိသည်။

ယင်းလမ်းဘေးယာဉ်ရပ်နားရာတွင် ငွေကျပ် ၂ဝဝ ကောက်ခံမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အမည်တပ်လမ်းမ ကြီးများတွင် ကားပါကင်ကြေးကောက်ခံမည့်ကိစ္စနှင့်ပတ်သက် ၍ စနစ်တကျလည်းဖြစ်၊ ပြည်သူလည်းအဆင်ပြေစေရန် မည်သို့ အစီအမံဆောင်ရွက်သွားမည်ကို လွှတ်တော်မှတစ်ဆင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် က ''အောက်တိုဘာ ၁ ရက်မှာ ကားပါကင်စတင်ကောက်တော့ မယ်ဆိုတဲ့ သတင်းကြားကတည်းက လွှတ်တော်တင်ထားခဲ့တယ်။ လွှတ်တော်မစခင် ၁ဝ ရက်ကတည်းက တင်ထားတဲ့ မေးခွန်း၊ ငါးရက်အလိုမှာ စာရောက်လာတယ်။ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တင်ဒါအောင်ကုမ္ပဏီတွေက ကောက်သွားမယ်။ ဒီဇုန်၊ ဒီဇုန် ဒါပဲပါတယ်။ ဘယ်လို စီမံခန့်ခွဲပြီး ကောက်မယ်၊ ဘယ်လိုစနစ်တကျလုပ်မယ်ဆိုတာ မသိရဘူး။ ကားပါကင်ကြေး ကတော့ ကောက်ရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမယ့် ပြဿနာ က ငွေကျပ် ၂ဝဝ ကောက်တယ်ပေါ့။ ဒါပေမယ့် အခုချိန်ထိ ကား ပါကင်လိုင်းဆွဲထားတာ မရှိဘူး။ စတင်ကတည်းက စနစ်တကျ စီမံခန့်ခွဲပြီးတော့ နိုင်ငံတကာလို ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မယ်ဆိုတာမျိုးမရှိသလို သတ်မှတ်မျဉ်းတောင် ဆွဲမထား သေးဘူး။ ဒါကို တင်ဒါအောင် ကုမ္ပဏီက လာရောက်ကောက် တော့မယ်ဆိုတော့ ဘာကာကွယ်မှုပေးမှာလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်မလဲ။ ဒါကြောင့် ပြည်သူကိုယ်စား လွှတ်တော် မှာ မေးမြန်းခဲ့တာပါ''ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကားပါကင်ကြေးမှာ ၁ နာရီ ငွေကျပ် ၂ဝဝ နှုန်းဖြင့် ရန်ကုန်မြို့ တွင် Down Town မြို့နယ်များ၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံမည်ဖြစ်ပြီး ယင်းသတ်မှတ်အချိန်ကာလ ကျော်လွန်ပါက အခမဲ့ယာယီရပ်နားခွင့်ရမည်ဟုလည်း သိရ သည်။ ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန်သတ်မှတ်၍ လမ်းမကြီး များနှင့် အမည်တပ်လမ်းများတွင် ကောက်ခံရန် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ရာ ဇုန်သုံးခု တင်ဒါအောင်မြင်ခဲ့ပြီး ကျန်ဇုန်ငါးခုမှာ ဈေးပြိုင်တင်ဒါ ဆက်လက်ခေါ်ယူထားဆဲဖြစ်သည်။ ရန်ကုန်မြို့ တွင် ကားပါကင်ပြဿနာ နေရာတိုင်းလိုလိုတွင်ရှိနေသကဲ့သို့ ကားပါကင်ကြေး ပြန်လည်ကောက်ခံမှုကြောင့် ကိုယ်ပိုင်နေအိမ် ရှေ့၊ ရုံးခန်းရှေ့များတွင် ရပ်နားထားသော ကိုယ်ပိုင်ကားများမှာ တစ်နာရီလျှင် ငွေကျပ် ၂ဝဝ နှုန်း စရိတ်တက်နေမည့်ကိစ္စမှာ ပြည်သူများကြား ဝိရောဓိဖြစ်နေဆဲဖြစ်သလို၊ ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။
''ရန်ကုန်မြို့တွင်း အများပိုင်နေရာ၊ ပြည်သူပိုင်နေရာတွေမှာ ကိုယ့်မြေနေရာလို ရပ်ပိုင်ခွင့်မရှိဘူး။ ဒါ လူတိုင်းသိတယ်။ အခုချိန် မှာ စဉ်းစားသင့်တာက ဆီဈေးတွေတက်၊ ဒေါ်လာဈေးတွေတက်။ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်၊ တစ်လ မကောက်လို့ ဘာဖြစ်လဲ၊ ပြည်သူတွေနဲ့ ညှိနှိုင်းဆွေးနွေး တိုင်ပင် ပြီးမှ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလိုမဟုတ်တော့ ကျွန်မ တို့အနေနဲ့ ပြည်သူတွေမေးရင် ဘယ်လို ဖြေရမှန်းမသိဘူး''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ကားများ နာရီနှင့်အမျှ ငွေကျပ် ၂ဝဝ စရိတ်တက်နေမည့်ကိစ္စ သီးခြားပြန်လည်စဉ်းစားပေး မည်ဖြစ်ကြောင်း၊ ကားပါကင်ကြေးကောက်ခံမှုကိုလည်း နံနက် ၈ နာရီမှ ညနေ ၆ နာရီကြားဖြစ်ပြီး တစ်နေကုန် ကားရပ်နားထား မှုအခြေအနေများကို ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။
ယခင်ပြီးခဲ့သော လေးနှစ်အတွင်း ရန်ကုန်မြို့တွင်း ကားပါကင် ကြေးကောက်ခံမှုကို သက်ဆိုင်ရာက တရားဝင်ရပ်ဆိုင်းခဲ့သော် လည်း တချို့နေရာများ၌ ဆက်လက်ကောက်ခံနေဆဲဖြစ်သည်။ ယင်းကောက်ခံမှုနှင့်ပတ်သက်ပြီး တရားမဝင်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့သော်လည်း ရန်ကုန်မြို့တွင်း မြို့နယ် အချို့တို့တွင် ကောက်ခံနေမှုများကို တွေ့မြင်နေရကြောင်း သိရ သည်။ ယခု ကားပါကင်ကြေးကောက်ခံမှုသည် ပြည်သူလူထု နစ်နာမည်ဟုဆိုသော်လည်း အမှန်တကယ်ကောက်ခံသည့် ငွေကြေးမှာ ယခင်ကောက်ခံနေသည့် နှုန်းထားအတိုင်းဖြစ်နေ၍ လူထုမနစ်နာဘဲ ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

ယနေ့ စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့ကြီး တွင် ကားတင်သွင်းမှု မူဝါဒမှာ အမျိုးမျိုးဖြစ်နေသကဲ့သို့ ကား ပါကင်အခက်အခဲနှင့် ကားပါကင်နေရာလုမှုများကြောင့်လည်း ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ ပြည်သူ ပိုင် လမ်းမကြီးများပေါ်တွင် ကားများစနစ်တကျ ရပ်နားထား မှုများ မရှိသကဲ့သို့ ဦးရာလူစနစ်၊ စည်းကမ်းမရှိ အပြိုင်ခေါင်းထိုး ထားမှုများကိုလည်း သက်ဆိုင်ရာ ယာဉ်ထိန်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးသင့်ကြောင်း အငှားယာဉ် မောင်း ဦးမောင်မြင့်က ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များနှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောသည်။ ။

 source;myanmaalinn

 #သတင်းကမ္ဘာ
Read More »

မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၈၈၃၅ သန်း သုံးစွဲ၍ ၀န်ထမ်းအိမ်ရာ အခန်းပေါင်း ၅၃၀ တည်ဆောက်ပေးသွားမည်



မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၈၈၃၅ သန်း သုံးစွဲ၍ မြို့နယ် ၁၄ မြို့နယ်အတွင်း ၀န်ထမ်းအိမ်ရာအခန်းပေါင်း ၅၃၀ ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်မှ ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ၀န်ထမ်းအိမ်ရာ တိုက်ခန်း များမှာ အများဆုံး တစ်တိုက်လျှင် လေးခန်းတွဲ လေးထပ်ပါ တိုက်အလုံးပေါင်း ၃၅ လုံးကို မတ္တရာ၊ မြစ်သား၊ စဥ့်ကိုင်၊ သာစည်၊ မလှိုင်၊ ၀မ်းတွင်း၊ မြင်းခြံ၊ ငါန်းဇွန်၊ ပျော်ဘွယ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ တံတားဦး၊ အမရပူရနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်သည်။

''၀န်ထမ်းအိမ်ရာတည်ဆောက်ဖို့ အောက်တိုဘာ ၈ ရက်နေ့ကစပြီ တင်ဒါခေါ်ထားပါတယ်။ ပြီးခဲ့တဲ့ ခြောက်လ ဘက်ဂျတ်မှာလည်း မြို့နယ် ၈ မြို့နယ်မှာ ၀န်ထမ်းအိမ်ရာ ၂၄၈ ခန်းကို ဆောက်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဘတ်ဂျက်အထိ ၀န်ထမ်းအိမ်ရာ အခန်းပေါင်း ၃၀၀၆ ခန်း ဆောက်လုပ်ပေးခဲ့ပြီး ယခု တည်ဆောက် မယ့် အခန်းပေါင်း ၅၃၀ ပါထည့်တွက်ရင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အပြီးမှာ အိမ်ခန်းပေါင်း ၃၅၃၆ ခန်း ဆောက်လုပ်ပြီးစီးမှာ ဖြစ်တဲ့အတွက် လက်ရှိတိုင်းဒေသကြီး အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၆ ဒသမ ၃၀ ရာခိုင်နှုန်းထိ ၀န်ထမ်းများအတွက် အိမ်ရာတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် '' ဟု ၄င်းက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာ စခန်းတွင် တည်ဆောက်ပြီးစီးခဲ့သည့် ၀န်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၂၆၀ တွင် နေထိုင်ခွင့်ရရှိသူများအား ရွေးချယ်ထားပြီး ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်နေသည့် ၀န်ထမ်း အိမ်ရာအခန်းပေါင်း ၂၄၀ သည်လည်း မကြာမီ ပေါ်ထွက်လာတော့ မည်ဖြစ်ရာ မန္တလေး ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအတွက် အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာ စခန်းရှိ အိမ်ခန်းပေါင်း ၅၀၀ တွင် တစ်စုတစ်ဝေးတည်း နေထိုင်ခွင့် ရရှိကြတော့မည်ဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာမှာရှိတဲ့ အောင်မြေမန္တလာ အိမ်ရာတွေကို လာရောက်ကြည့်ရှုပြီး ၀န်ထမ်းများနေထိုင်မယ့် အိမ်ရာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့အပြင် အရောင်းအိမ်ရာတွေ အကောင် အထည်ဖော်တည်ဆောက်ဖို့ အတွက်လည်း အတည်ပြုပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်'' ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပုသိမ်ကြီးမြို့နယ်ရှိ အောင်မြေမန္တလာ ၀န်ထမ်းအိမ်ရာများတွင် ကွန်ကရစ်လမ်းများ လျှပ်စစ်မီးနှင့် ရေသုံးစွဲရန် အတွက် လည်း မြေအောက်ရေနှင့် ဆည်တော်ကြီးရေကို ပြန်လည်သန့်စင်ပြီး ဖြန့်ဝေပေးသည့် စနစ်ဖြင့် အပြည့်အစုံ ဆောင်ရွက် ပေးထားသည့် အပြင် မကြာမီကာလအတွင်း ၀န်ထမ်းများ အငြိမ်းစားယူသွားပါက အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အရောင်း အိမ်ရာများ တည်ဆောက် သွားနိုင်ရန်အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အတည်ပြု ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 source;myanmaalinn

 #သတင်းကမ္ဘာ
Read More »

မြန်မာလူမျိုးတွေဟာ မြန်မာဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?



မြန်မာလူမျိုးတွေဟာ မြန်မာဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ? မြန်မာဆိုတဲ့ ဝေါဟာရဟာ မြန်မာလူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသလက္ခဏာကို ဖော်ပြတဲ့ဝေါဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာလူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ်ဆိုတာကို _
မြန်မာဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသားအနေနဲ့ တွေ့ရှိရတာကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး #သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီကျောက်စာမှာ စတင်တွေ့ရှိရတယ်လို့ သုတေသီတို့က ဆိုပါတယ်

အဲဒီကျောက်စာမှာ မြန်မာဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုးထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှုပြတိုက်အတွင်းမှာ တွေ့နိုင်ပါတယ် ။

အဲဒီကျောက်စာသက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သားမင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာကို မိရမာ” လို့ႜရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့ႜမြန်မာကျောက်စာမှာ “မြံမာ” လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မင်စာတွေမှာတော့ မြံမာ ၊ မြန်မာ ( ဒါမှမဟုတ် ) မြမ္မာလို့ ရေးထိုးလာကြတာကို တွေ့ရပါတယ် ။

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေးတရုတ်ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို #စောပိုး လို့ ခေါ်ဆိုကြကြောင်း ၊ တရုတ်ဟန်မင်းများလက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို #ဘန် လို့ ခေါ်ဆိုပြီး ၊ တရုတ်တန်မင်းများလက်ထက် ( AD 618 – 907 ) မှာ မြန်မာနိုင်ငံကို #ပိယော ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ ဆွန်မင်းများလက်ထက် ( AD 960 ) ခန့်မှာ #မိယင် လို့ႜခေါ်ဆိုခဲ့ကြကြောင်း ၊ အဲဒီမင်းတွေလက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ်တို့နဲ့ ဆက်ဆံကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။ အဲဒီ မိယင် ( ပျူ ) ဆိုတာဟာ မြန်မာဆိုတဲ့ အမည်ကို တရုတ်အသံနဲ့ အဖျားဆွတ် ခေါ်ဆို ရေးမှတ်ထာ ဖြစ်လိမ့်မယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။

တစ်နည်းပြောရရင် တရုတ်မင်းတွေက ( AD 618 – 907 ) ခုနှစ်အထိ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးဖြစ်တဲ့ ပျူလူမျိုးကိုသာ အသိအမှတ် ပြုခဲ့ပြီး မြန်မာလို့ ထင်ပေါ်ခြင်းရှိဟန် မတူသေးဘဲ မြန်မာလို့ အသိအမှတ်ပြုလာတာ ( AD 960 ) ခုနှစ်လောက်ကမှ အစပြုတယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။

မြန်မာဆိုတဲ့ အရေးအသားတွေကို မြန်မာသက္ကရာဇ် ၇၃၇ ခုနှစ် ( 1375 ) မှာ “ဒါန သီလ နေ့ညမယွင်း အလျဉ်ခေါင်၍ ရဟန်းပုံနား ၊ မိန်းမ ယောက်ျား ၊ သူအများကိုယ် ၊ အစီးအပွား ၊ ချမ်းသာကို ရှာပေးတတ်စွာသော မြန်မာပြည်သူ အလုံးကုန်အောင် စုံလိုင်အခိုင် ရသည်ဖြစ်၍ စတဲ့ အရေးအသားမျိုးကို တွေ့လာရပါတယ် ။

မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ် ( 1485 ) အင်းဝခေတ်မှာ ရေးထိုးခဲ့တဲ့ စစ်ကိုင်း ရတနာစေတီ ကျောက်စာမှာ _ ဧရာပန်းရောင် ၊ ပေါင်းလောင်း ချင်းတွင်း ၊ မြစ်လေးစင်းအခံက ညွှတ်မျှနေသော ကြေည်တောင်ဖျင်မျှ မြန်မာပြည် . . .” လို့ ရေးထိုးခဲ့တာကို တွေ့ရပါတယ် ။

မြန်မာသက္ကရာဇ် ၈၇၁ ခုနှစ် ( 1509 ) မှာ ရေးထိုးခဲ့တဲ့ အင်းဝခေတ် ရတနာဗိမ္မာန်ကျောက်စာမှာ _
မြောက်တစ်လွှားက သုနာဗရန္တ ၊ တောင်ဘက်က တမ္ပဒီပမည်သော တိုင်းနှစ်တိုင်းကို ၊ ကြပ်တိုင်းဖုံးအုပ် ၊ အာဏာချုပ်လျက် ၊ ပက်ထုပ်ရိုက်ရာ သာသနလတည် မြန်မာပြည် . . .” လို့ ရေးထိုးခဲ့ကြောင်း သိရပါတယ် ။

မြန်မာသက္ကရာဇ် ( ၇၃၀ မှ ၉၄၀ ) လောက်အထိ စစ်ကိုင်း ၊ ပင်းယ ၊ အင်းဝခေတ်တစ်လျှောက် ကျောက်စာတွေမှာ မြိမာ လို့ တွေ့ရသလို အဲဒီခေတ် ရေးသားခဲ့တဲ့ ကျောက်စာ ၊ မင်စာတွေမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာလို့ အမျိုးမျိုး ရေးထိုးခဲ့ကြတာကို တွေ့ရပါတယ် ။
ရှေးဟောင်း ပျူ ၊ မြန်မာ ၊ မွန်ကျောက်စာတွေမှာ ပုဂံ ၊ ပင်းယ ၊ အင်းဝခေတ် တစ်လျှောက်လုံးမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာလို့ မြန်မာအသံထွက်အမှန် ရေးသားခဲ့ကြတာကို အခိုင်အမာ တွေ့ရပါတယ် ။
အင်းဝခေတ်မှာ မြန်မာဆိုတဲ့ ဝေါဟာရကို အထင်အရှား အသုံးပြုကြရာမှာ ခရစ်နှစ် ( 1526 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ် [ ဂငယ်သုံးခု ဥသျှစ်ထု ] မှာ ရဟန်းစာဆိုကျော် ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့ခဲ့တဲ့ စတုဓမ္မသာရကိုးခန်းပျို့မှာ _
လွဲကာလည်းပြု ၊ မြန်မာမှုဖြင့် ၊ ယခုလူတွင် ၊ သိကြားထင်သား . . .” လို့ ဖွဲ့ဆိုရေးသားမှုမျိုးကို တွေ့ရပါတယ် ။ ဒါ့အပြင် ခရစ်နှစ် ( 1542 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်က ရဟန်းစာဆို ရှင်အဂ္ဂသမာဓိက ဘုံခန်း ကို စပ်ဆိုခဲ့ရာမှာ _ တေဇာခြောင်းခြောင်း ၊ ပွဲတိုင်းကောင်းက ၊ သောင်းသောင်းကျော်လှိုက် ၊ မြန်မာ့တိုက်ဝယ် . . .” လို့ ရေးဖွဲ့ခဲ့တာကို မှတ်သားရပါတယ် ။
အင်းဝခေတ်နောက်ပိုင်း ခရစ်နှစ် ( 1769 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၁၃၁ ခုနှစ်မှာ ဒုတိယ ကျော်အောင်စံထားဆရာတော် ပြုစုတော်မူခဲ့တဲ့ #ဝေါဟာရတ္ထပကာသနီ _

မြန်မာဟူသော ဝေါဟာရသည် မြန်သည် ၊ မာသည်ဟူသော အကြောင်းဂုဏ်ကိုစွဲ၍ မြန်မာဟူသော ဆိုမိန့်ခြင်းဖြစ်၏ ဟူသော စကားဟောာင်းကိုထောက်လျှင် နသတ် ရေးသင့်သည်ဖြစ်၏ . . .” လို့ ပြဆိုထားပါတယ် ။ အဲဒီမှာ မြန်မာဆိုတဲ့ ဝေါဟာရကို စာဟောင်းလို့ ပြဆိုရာမှာ မြန်မာဆိုတဲ့ ဝေါဟာရဟာ ရှေးကာလကတည်းက အသုံးပြုခဲ့တဲ့ စကားဖြစ်ကြောင်း ပြဆိုခြင်းဖြစ်ထာကို သိမှတ်ရပါတယ် ။

မန္တလေး ရတနာပုံခေတ်နှောင်းမှာ ထုတ်ဝေခဲ့တဲ့ ဦးမောင်မောင်တင် ပြုစုတဲ့ #ရွှေနန်းသုံးဝေါဟာရအဘိဓာန် မှာ မြန်မာလို့ ခေါ်ရခြင်းအကြောင်းကို ဒီလိုဖွင့်ဆိုထားပါတယ် ။

မြန်သည် ၊ မာသည်ဟူသော အကြောင်းကိုစွဲ၍ မြန်မာဟု ခေါ်ဝေါ်၏ဟု ရတနာပူရ ဘဝပြည့်ရှင် ဟံသာဝတီမင်းတရားကြီး လက်ထက်တော် ထိုမင်းတရားကြီး ကိုးကွယ်တော်မူသော ဒုတိယ ကျော်အောင်စံထားဆရာတော် ပြုစုသည့် ဝေါဟာရဋ္ဌပကာသနီကျမ်းတွင် လာသည် . . .” လို့ ပြဆိုထားပါတယ် ။

မြန်မာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ( ၃ ) မှာ ဒီလို ဖွင့်ဆိုထားပြန်ပါတယ် ။ “မြန်မာ = မြန်မာနိုင်ငံမှာ နှစ်ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတကွ နေထိုင်ခဲ့သော တိုင်းရင်းသာလူမျိုး . . .”
အဲသလို ဖွင့်ပြထားပါတယ် ။

မြန်မာလူမျိုးတိုင်းဟာ မိမိတို့ရဲ့ ဇာတိဇာစ်မြစ် သမိုင်းကြောင်းကို သိရှိစေဖို့ ရှေးဦးမြန်မာလူမျိုးကြီးတွေဖြစ်တဲ့ ပျူလူမျိုးနဲ့ ပျူနိုင်ငံအကြောင်းကို သံခိပ်အနေနဲ့ ဖော်ပြလိုက်ရပါတယ် ။

Credit: xyznews

#သတင်းကမ္ဘာ
Read More »

ကလေးမြို့နယ်၌ ငွေကျပ် ၃၇ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


ကလေးမြို့နယ် မြောက်စည်းနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ဒုတိယရဲအုပ် ချစ်မျိုးဝင်းမောင် ဦးစီးတပ်ဖွဲ့ဝင်များသည်သတင်းအရသက်သေများနှင့်အတူ အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီခွဲအချိန်က တင်သားကြံသာကျေးရွာချင်းဆက်လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် တင်သားကျေးရွာဘက်မှ ကြံသာကျေးရွာ ဘက်သို့ ကျော်ဆန်းလင်းမောင်းနှင်လာသောဆိုင်ကယ်အားရပ်တန့်စစ်ဆေး ရှာဖွေရာ ကျော်ဆန်းလင်းဝတ်ဆင် ထားသောအင်္ကျီအိတ်ကပ် အတွင်းမှဘိန်းဖြူအလေးချိန် သုည ဒသမ ၂၅ ဂရမ်ပါ တစ်ပုလင်းအားတွေ့ရှိပြီး၎င်းအားဆက်လက်စစ်ဆေးရာ ရှာဖွေ နေရာနှင့် ကိုက် ၁၅၀ခန့်အကွာလယ်တောစပါးပင်များကြားမှ အနက်ရောင်ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ထားသော ဘိန်းဖြူ သုည ဒသမ ၂၅ ဂရမ်ခန့်စီပါပုလင်း ၁၀ လုံး စုစုပေါင်း၂ ဒသမ ၅ ဂရမ်တို့အား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းဘိန်းဖြူ ၂ ဒသမ
၇၅ ဂရမ် ကာလတန်ဖိုးငွေကျပ် ၂၇၅၀၀၀၀ အားရှာဖွေတွေ့ရှိသဖြင့်တရားခံကျော်ဆန်းလင်းအား မြောက်စည်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 source;myanmaalinn

 #သတင်းကမ္ဘာ
Read More »

Tuesday, October 16, 2018

အမာရွတ်ကင်းစင်တဲ့ ခြေတံရှည်လေးတွေကို ရဲရဲဝံ့ဝံ့ဖော်ပြနိုင်ဖို့



"ရွှေဘိုမင်းကြိုက် ပေါင်တံရှည်" ဆိုတဲ့စကားအတိုင်း မိန်းမသားတို့ရဲ့အလှတရားထဲမှာ အမာရွတ်ကင်းစင်ပြီး သွယ်လျလှပတဲ့ခြေတံရှည်လေးတွေလည်း ပါ ပါတယ်။ ငယ်ငယ်က ဆိုင်ကယ်အိတ်ဇော လောင်တာတို့၊ ခွေးကိုက်ခံရတာတို့၊ ချော်လဲတာတို့ကြောင့်ဖြစ်တဲ့ အမာရွတ်တွေဟာ ကြီးလာတဲ့အထိပါလာရင် ဘောင်းတီတိုလှလှလေးတွေ၊ ဂါဝန်တိုလှလှလေးတွေ ဝတ်ချင်တဲ့အခါ အလှဖျက်နေတတ်ပါတယ်။

ဒီအတွက်တော့ ဘာမှမပူပါနဲ့။ ပျိုမေတို့ရဲ့လှပတဲ့ခြေတံရှည်လေးတွေကို ဝင့်ဝင့်ကြွားကြွားဖော်ပြပေးနိုင်ဖို့အတွက် အမာရွတ်ပျောက်အောင်လုပ်နည်းလေးတွေ ရှိပါတယ်။ အချိန်တစ်ခုပေးပြီး လုပ်ပေးလိုက်ရုံနဲ့ သိသာထင်ရှားတဲ့ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။
၁။ သံပုရာသီး

သံပုရာသီးဆိုတာ သဘာဝအလျောက် citric အက်ဆစ်ကြွယ်ဝပြီး အရေပြားဆဲလ်သေတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး တင်းရင်းချောမွေ့နေတဲ့ အသားအရေလေး ပြန်လည်ရရှိလာအောင် ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်လာစေဖို့ကိုလည်း ထောက်ပံ့အားပေးပါတယ်။ ဒါကြောင့် သံပုရာသီးဆိုတာ အရေပြားပေါ်ကအမာရွတ်တွေကို ဖယ်ရှားဖို့အတွက် သဘာဝချွတ်ဆေးတစ်မျိုးပါပဲ။

ပြုလုပ်နည်းကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာခန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့ တို့လိုက်ပါ။ ပြီးရင် အဲဒီသံပုရာရည်နဲ့ ခြေသလုံး၊ ဒူးပေါ်က အမာရွတ်တွေကို လိမ်ပေးလိုက်ပါ။ အဲဒီအတိုင်း (၁၀) မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။
၂။ ပျားရည်

ပျားရည်ဆိုတာ သဘာဝ moisturizer (အစိုဓာတ်ထိန်းညှိဆေး) တစ်မျိုးဖြစ်ပြီး အမာရွတ်တွေကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားပေါ်ကအမာရွတ်တွေကို ပျားရည်နဲ့ကုသပေးဖို့က အာနိသင်အလွန်ထိရောက်ပါတယ်။

ပြုလုပ်နည်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ (၂)ဇွန်းစာကို မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းစာနဲ့ရောပါ။ ရလာတဲ့အနှစ်ကို အမာရွတ်တွေပေါ်ကိုလိမ်းပေးပြီး (၃) မိနစ်လောက်ကြာအောင် နှိပ်နယ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနေရာမှာ မုန့်ဖုတ်ဆိုဒါမရှိရင် သံပုရာရည်ကိုအစားထိုးသုံးစွဲနိုင်ပါတယ်။ အကျိုးသက်ရောက်မှုကတော့ တူတူပါပဲ။ တစ်ခုရှိတာက ပုံမှန်လေးမပျက်မကွက် လိမ်းပေးဖို့တော့ လိုပါတယ်။ ဒါမှသာ အရေပြားမြန်မြန်လဲပြီး အမာရွတ်တွေပျောက်သွားနိုင်မှာပါ။
၃။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာတော့ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်နေပြီး အဲဒီဂုဏ်သတ္တိတွေက အရေပြားယားယံမှုတွေကိုလျှော့ချပေးပါတယ်။ နောက်ပြီး အရေပြားဆဲလ်သေတွေနဲ့ အနာဟောင်းတွေကိုဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်တွေကို အနာပေါ်မှာလိမ်းပေးမယ်ဆိုရင်လည်း ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး ဒဏ်ရာရဆဲလ်တွေကို ကုသပေးဖို့နဲ့ ဆဲလ်အသစ်တွေပြန်လည်ထုတ်လုပ်ဖို့ကို ကူညီလုပ်ဆောင်ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို ကိုယ်တိုင်စိုက်ပျိုးနိုင်သလို စတိုးဆိုင်တွေမှာလည်း အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ခြေထောက်လေးနူးညံ့ပျော့ပြောင်းနေစေဖို့အတွက် ပုံမှန်လေးသာလိမ်းပေးပါ။
၎။ Essential Oil

Essential Oil တွေကတော့ အမာရွတ်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ သံလွင်ဆီနဲ့ အုန်းဆီပါပဲ။ သံလွင်ဆီထဲမှာမှ Extra virgin Olive Oil ဟာဆိုရင် သာမန် သံလွင်ဆီတွေထက် အက်ဆစ်ပါဝင်မှုပိုမိုများပြားပြီး ဗိုက်တာမင်အီးနဲ့ကေလည်း ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ သဘာဝ moisturizer တစ်ခုအဖြစ် တာဝန်ထမ်းဆောင် ပေးပါတယ်။ သံလွင်ဆီနဲ့အုန်းဆီထဲမှာမှ လာဗင်ဒါဆီလေးနည်းနည်းပါ ထည့်ပေးရင် အရေပြားပေါ်ကအမာရွတ်ကုသခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။

Source: Theindianspot

#သတင်းကမ္ဘာ
Read More »

F7 စစ်လေယာဉ်နှစ်စီးပျက်ကျမှု ရာသီဥတုကြောင့်လို့ တပ်မတော်ထုတ်ပြန်


ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက F7 စစ်လေယာဉ်နှစ်စီး ပျက်ကျမှုမှာ ရာသီဥတု ရုတ်တရုတ်ဆိုးရွားမှုကြောင့်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်ကနေ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် ၄ စီးဟာ ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းခဲ့ပြီး လေတပ်စခန်းဌာနချုပ်ကို ပြန်လာစဉ် ရာသီဥတု ဆိုးရွားခဲ့ပြီး လေယာဉ်တွေကို ကြိုးစားထိန်းချုပ် ဆင်းသက်ခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလိုဆင်းသက်ရာ လေယာဉ် ၄ စီးအနက် ၂ စီးကတော့ လေယာဉ်ကွင်းကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး ကတော့ မင်းဘူးမြို့တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးမှာ ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးမှာ ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို့သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆားဗွက်ချောင်းအနီးပျက်ခဲ့တဲ့ လေယာဉ်အပိုင်းအစထိမှန်ပြီးတော့ လေယာဉ်ပျက်ကျတဲ့ အနီးအနားမှာ ရှိနေခဲ့တဲ့ စာကျက်နေတဲ့ ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိတော့ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတွေကို တာဝန်ရှိသူတွေ သွားရောက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျက်ကျခဲ့တဲ့ အဲ့ဒီစစ်ဘက်လေယာဉ်နှစ်စီးထဲကနေကျည်ဆန်တွေနဲ့ လက်နက်တွေပါ တွေ့ရှိခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရသိရပါတယ်။

လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းကို ဒီနေ့ညနေ လေးနာရီမှာ မကွေးက မီးသဂြိုလ်စက်မှာ သဂြိုလ်မယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောထားပါတယ်။

ယခုနှစ် ဧပြီလ ၃ ရက်နေ့တုန်းကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်က အမောင်းသင်လေယာဉ်လေကျင့်နေတဲ့ F7 လေယာဉ်တစ်စီးက တောင်ငူမြို့ ကျွန်းကုန်းရွာအနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှုးသေဆုံးခဲ့ပါတယ်။

SOURCE;Duwun

#သတင်းကမ္ဘာ
Read More »

စစ်လေယာဉ် အစိတ်အပိုင်းများထိမှန် သေဆုံးခဲ့သည့်မိန်းကလေးငယ်ကို ဒီနေ့သဂြိုလ်မယ်


အောက်တိုဘာ ၁၆ ရက်နေ့ (ယနေ့) မနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ စစ်လေယာဉ်နှစ်စင်းပျက်ကျမှုမှာ လေယာဉ်မှုးနှစ်ဦးသေဆုံးခဲ့တာအပြင် လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းကို ဒီနေ့ညနေ လေးနာရီမှာ မကွေးက မီးသဂြိုလ်စက်မှာ သဂြိုလ်မယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောပါတယ်။





“မင်းဘူးအမှတ် ၁ မီးသဂြိုလ်စက်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဘက်က အစိုးရဘက်ကပေးတဲ့ ထောက်ပံ့စရိတ်အတိုင်းရအောင်လုပ်ဆောင်မှာပါ။သူ့သတ်မှတ်ထားတဲ့ထောက်ပံ့ကြေးကတော့အစိုးရဘက်ကပေးမှာပါ။သူတို့ လေတပ်ဘက်ကလည်း ဘယ်လိုထောက်ပံ့မလဲတော့မပြောတက်သေးဘူးပေါ့နော်။ လူမှုဖူလုံရေးကလည်း ထောက်ပံ့မှာပါ။ဝန်ကြီးချုပ်ကလည်းလာကြည့်ပြီးသွားပါပြီ။ လောလောဆယ်က တိုင်းမှုးလည်းလာနေတယ်ပြောတယ်” လို့ ပြောပါတယ်။

မင်းဘူးမှာ စစ်သုံးလေယာဉ်နှစ်စင်းပျက်ကျတာကြောင့် လေယာဉ်မှုးနှစ်ဦးနဲ့ အနီးအနားမှာ စာကျက်နေတဲ့ ကလေးတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ စာကျက်ရင်းသေဆုံးခဲ့သူမသွယ်ဇင်ငြိမ်းက မင်းဘူးမြို့ ၊အမှတ် (၁) အောင်မြေရပ်ကွက်၊၉ လမ်းမှာနေထိုင်တာဖြစ်ပြီးတော့ ပဉ္စမတန်းတက်ရောက်နေတာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ အပိုင်းအစတွေနဲ့ လက်နက်တွေကို လေတပ်က လာရောက်သိမ်းဆည်းနေပြီးတော့ ကျည်ဆန် အပိုင်းအစတွေကိုလည်း သိမ်းဆည်းနေတယ်လို့ ပြောပါတယ်။

ဒီနေ့မနက်မှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီစစ်ဘက်လေယာဉ်ပျက်ကျမှုကျမှုကြောင့် လေယာဉ်မောင်းနှင်သူနှစ်ဦးလုံးသေဆုံးခဲ့တာဖြစ်ပြီးတော့လေယာဉ်ဆီကနေ ကျည်ဆန်တွေနဲ့ လက်နက်တွေပါ တွေ့ရှိတာဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း ၀င်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

SOURCE;Duwun

#သတင်းကမ္ဘာ
Read More »

F7 စစ်လေယာဉ်နှစ်စီးပျက်ကျမှု ရာသီဥတုကြောင့်လို့ တပ်မတော်ထုတ်ပြန်


ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက F7 စစ်လေယာဉ်နှစ်စီး ပျက်ကျမှုမှာ ရာသီဥတု ရုတ်တရုတ်ဆိုးရွားမှုကြောင့်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်ကနေ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် ၄ စီးဟာ ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းခဲ့ပြီး လေတပ်စခန်းဌာနချုပ်ကို ပြန်လာစဉ် ရာသီဥတု ဆိုးရွားခဲ့ပြီး လေယာဉ်တွေကို ကြိုးစားထိန်းချုပ် ဆင်းသက်ခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလိုဆင်းသက်ရာ လေယာဉ် ၄ စီးအနက် ၂ စီးကတော့ လေယာဉ်ကွင်းကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး ကတော့ မင်းဘူးမြို့တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးမှာ ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးမှာ ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို့သေဆုံးခဲ့တာဖြစ်ပါတယ်။
ဆားဗွက်ချောင်းအနီးပျက်ခဲ့တဲ့ လေယာဉ်အပိုင်းအစထိမှန်ပြီးတော့ လေယာဉ်ပျက်ကျတဲ့ အနီးအနားမှာ ရှိနေခဲ့တဲ့ စာကျက်နေတဲ့ ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိတော့ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတွေကို တာဝန်ရှိသူတွေ သွားရောက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျက်ကျခဲ့တဲ့ အဲ့ဒီစစ်ဘက်လေယာဉ်နှစ်စီးထဲကနေကျည်ဆန်တွေနဲ့ လက်နက်တွေပါ တွေ့ရှိခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရသိရပါတယ်။
လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းကို ဒီနေ့ညနေ လေးနာရီမှာ မကွေးက မီးသဂြိုလ်စက်မှာ သဂြိုလ်မယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောထားပါတယ်။

ယခုနှစ် ဧပြီလ ၃ ရက်နေ့တုန်းကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်က အမောင်းသင်လေယာဉ်လေကျင့်နေတဲ့ F7 လေယာဉ်တစ်စီးက တောင်ငူမြို့ ကျွန်းကုန်းရွာအနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှုးသေဆုံးခဲ့ပါတယ်။

 SOURCE;Duwun

 #သတင်းကမ္ဘာ
Read More »

ပြင်သစ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး



ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Aude ဒေသမှာ ရုတ်တရက် ရေကြီးမှုများအတွင်း လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြားလူငါးဦး ဒဏ်ရပြင်းထန်စွာရကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၅ ရက်) ပြောပါတယ်။

ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းက နာရီအနည်းငယ်အတွင်း မိုးရွာသွန်းမှုဟာ လနဲ့ချီတဲ့ မိုးရေချိန်အထိ ရှိခဲ့ပြီးနောက် နေရာအချို့မှာ လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုအတွင်း Aude မြစ်ရေနဲ့အတူ ခရစ်ယာန်သီလရှင်တစ်ဦး မျောပါသွားခဲ့ကြောင်း ဒေသခံ BFMTV ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ ရဲမေတစ်ဦးဟာ Albi မြို့လေးမှာ ရာသီဥတုဆိုးရွားမှုနဲ့ဆက်နွယ်တဲ့ မတော်တဆမှုတစ်ခုကို ကူညီရန်ရောက်ရှိလာစဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ Aude ဒေသရှိ Alain Thirion နယ်မြေမှာတော့ ရေကြီးမှုကြောင့် လူအများအပြား နေအိမ်ခေါင်မိုးတွေပေါ်မှာ တက်ရောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။
၎င်းတို့ကို လှေဖြင့်ရွှေ့ပြောင်းရန် အလွန်အန္တရာယ်များတာကြောင့် ရဟတ်ယာဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ယခုရေကြီးမှုဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း Aude မြစ်ရေကြီးမှု အဆိုးဆုံးဖြစ်လာခဲ့ကြောင်းလည်း မိုးလေဝသဆိုင်ရာ စောင့်ကြည့်အဖွဲ့ Vigicrues က ပြောကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။

ရေကြီးမှုကြုံရသူတွေကို ကူညီကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ် ခုနစ်စီးနဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၇၀၀ ကို ချထားကြောင်း ပြင်သစ်ဝန်ကြီးချုပ် Édouard Philippe က ပြောပါတယ်။ ရေကြီးမှုတွေဖြစ်ခဲ့တဲ့ Aude ဒေသမှာ ယခုတစ်ကြိမ်လောက် မိုးသည်းထန်စွာရွာသွန်းလေ့မရှိဘူးလို့လည်း သိရပါတယ်။
သို့သော် ရေကြီးမှုတွေ ပိုမိုဆိုးရွားစွာ ကြုံတွေ့ရခြင်းမှာ ရေမြင့်တက်မှု အလွယ်တကူ ကြုံရနိုင်တဲ့ နေရာတွေမှာ နေအိမ်ဆောက်လုပ်နေထိုင်မှုတွေ များပြားလာတာကြောင့်လည်း ဖြစ်တယ်လို့ BBC သတင်းထောက် ခရစ်ဘော့ခ်မန်းက ပြောပါတယ်။

အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားတဲ့ ရေကြီးမှုအဆိုးဆုံး ဖြစ်ပေါ်နေတဲ့နေရာမှ ဒေသခံတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်လည်း အရေးပေါ်ကယ်ဆယ်ရေးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
Aude ဒေသရှိ Trèbes နယ်မြေမှာ ရေကြီးမှုအတွင်း ၂၃ ပေအမြင့်အထိ ရေများမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ မနက်အစောပိုင်း မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေအရ အဆိုပါနယ်မြေမှာ ရေများမြင့်တက်နေတာ တွေ့ရပါတယ်။

Carcassonne မြို့ရဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းများအားလုံး ရေကြီးမှုကြောင့် သွားလာနိုင်ခြင်းမရှိဘဲ စာသင်ကျောင်းများ ပိတ်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရေကြီးမှုအတွင်း Aude ဒေသရှိ Villegailhenc နယ်မြေမှာ ရေတိုက်စားမှုကြောင့် တံတာတစ်စင်း ပျက်စီးမျောပါသွားခဲ့ပါတယ်။
Aude ဒေသအနီးရှိ Aveyron, Haute-Garonne, Hérault, Pyrénées-Orientales နဲ့ Tarn တို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း Amber မိုးလေဝသဝက်ဘ်ဆိုက်က သတိပေးထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

 SOURCE;Duwun

 #သတင်းကမ္ဘာ
Read More »