Wednesday, October 17, 2018

ကလေးမြို့နယ်၌ ငွေကျပ် ၃၇ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


ကလေးမြို့နယ် မြောက်စည်းနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ဒုတိယရဲအုပ် ချစ်မျိုးဝင်းမောင် ဦးစီးတပ်ဖွဲ့ဝင်များသည်သတင်းအရသက်သေများနှင့်အတူ အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီခွဲအချိန်က တင်သားကြံသာကျေးရွာချင်းဆက်လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် တင်သားကျေးရွာဘက်မှ ကြံသာကျေးရွာ ဘက်သို့ ကျော်ဆန်းလင်းမောင်းနှင်လာသောဆိုင်ကယ်အားရပ်တန့်စစ်ဆေး ရှာဖွေရာ ကျော်ဆန်းလင်းဝတ်ဆင် ထားသောအင်္ကျီအိတ်ကပ် အတွင်းမှဘိန်းဖြူအလေးချိန် သုည ဒသမ ၂၅ ဂရမ်ပါ တစ်ပုလင်းအားတွေ့ရှိပြီး၎င်းအားဆက်လက်စစ်ဆေးရာ ရှာဖွေ နေရာနှင့် ကိုက် ၁၅၀ခန့်အကွာလယ်တောစပါးပင်များကြားမှ အနက်ရောင်ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ထားသော ဘိန်းဖြူ သုည ဒသမ ၂၅ ဂရမ်ခန့်စီပါပုလင်း ၁၀ လုံး စုစုပေါင်း၂ ဒသမ ၅ ဂရမ်တို့အား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းဘိန်းဖြူ ၂ ဒသမ
၇၅ ဂရမ် ကာလတန်ဖိုးငွေကျပ် ၂၇၅၀၀၀၀ အားရှာဖွေတွေ့ရှိသဖြင့်တရားခံကျော်ဆန်းလင်းအား မြောက်စည်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 source;myanmaalinn

 #သတင်းကမ္ဘာ