Wednesday, October 10, 2018

မကြာခင်ကျင်းပမယ့် Show နဲ့ပတ်သက်ပြီး စိုင်းစိုင်းရဲ့ မေတ္တာရပ်ခံစာ..

SAISAISHOW ကို
Let’s rock the show ..
#SaiSaiShow

#Crd…#ThadinKabar



စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး အနုပညာရှင်တစ်ယောက်ပါ။ အောင်မြင်မှုတွေကို ဆယ် စုနှစ်နဲ့ ချီပြီး အချိန်အတော် ကြာတဲ့ အထိ ထိန်းသိမ်းထားနိုင်သူပါ။ စိုင်းစိုင်းကတော့ မီဒီယာတွေနဲ့ရော ပရိသတ်တွေ နဲ့ပါ လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းနိုင်လို့ PR (Public Relation) အရမ်းကို ကောင်းတဲ့သူ၊ Social Skill ကောင်းသူ တစ်ယောက် အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ ပရိသတ်တွေ ချစ်တဲ့ စိုင်းစိုင်းကတော့ မကြာခင်မှာ  Show ပွဲ ကျင်းပသွားဖို့ရှိပါတယ်။ Show ပွဲတိုင်းလိုလို ပရိသတ်အပြည့်နဲ့ တခဲနက် အားပေးမှုကို ရတဲ့ စိုင်းစိုင်းကတော့ ဒီ Show မှာလည်း လက်မှတ်တွေ အကုန်ရောင်းကုန်သွားခဲ့ပါတယ်။




စိုင်းစိုင်းကတော့ အောက်တိုဘာ(၁၄)မှာ Show ပွဲကျင်းပတော့မှာပါ။ aအာက်တိုဘာ (၁၄) တနင်္ဂနွေနေ့ ညနေ (၇) နာရီခွဲ ကနေစပြီး ကျင်းပပြုလုပ်မှာပါ။ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး နေရာ အခက်ခဲကြောင့် ပရိသတ် (၁၅၀၀)နဲ့သာ ကျင်းပပြုလုပ်ရတာပါ။ စိုင်းစိုင်းက သူ့ရဲ့ Show နဲ့ပတ်သက်ပြီး ပရိသတ်တွေ ကို မေတ္တာရပ် ခံစာ တစ်စောင်ကို အခုလိုရေးသားခဲ့ပါတယ်။



“#SAISAISHOW ကို
* ပရိသတ် ၁၅၀၀ နဲ့သာ ကျင်းပရတာဖြစ်တဲ့အတွက်
တနိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့်ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေပါတယ်
* ပွဲတက်ရောက်မယ့်ပရိသတ်များက ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ် ကျနော်တို့ Professional Camera ဆရာတွေနဲ့ အကောင်းဆုံးရိုက်ပေးပါမယ်
ကိုယ့်ဘေးက ခိုးရိုက်ရင်လည်း မရိုက်ဖို့တားမြစ်ပေးပါ Quality မကောင်းတဲ့ Video ကြိုထွက်သွားရင် အခွေထုတ်ဖို့ အခက်အခဲရှိသွားပါတယ်



*သင့်ကြောင့် ကျန်တဲ့ပရိသတ်တွေ မကြည့်ရတော့မှာမျိုးကို ပရိသတ်အချင်းချင်းစာနာမှုနဲ့ အဆိုတော်ကို ကိုယ်ချင်းစာမှုနဲ့ ဆင်ခြင်ပေးပါခင်ဗျာ…
* ပရိသတ်များက မနက် ၆ နာရီထပြီး ခက်ခက်ခဲခဲတန်းစီ လက်မှတ်ဝယ်ထားရတာပါ ပွဲကိုပဲ Enjoy လုပ်ပါခင်ဗျာ
* ဘာ လက်ဆောင်မှယူမလာပါနဲ့ ဖျော်ဖြေချိန်မှာ လက်ဆောင် လက်ခံဖို့ခက်ပါတယ် တခြားသူလည်းအနှောက်အယှက်ဖြစ်ပါတယ်
အမှတ်တရလက်ဆောင် ကျနော်တို့ပေးပါမယ်
*တလက်စတည်း စာနယ်ဇင်း မီဒီယာများလည်း ( 0n Line , YouTube အပါအဝင် ) ဒီပွဲက အခွေထုတ်မှာဖြစ်တာကြောင့် လာရောက် ရိုက်ကူးခွင့်မပြုနိုင်ကြောင်း ကြိုတင်တောင်းပန်ထားပါရစေခင်ဗျာ
* Sunday Night ဆိုတော့ မနက်ကျောင်းတွေ ရုံးတွေတက်ကြရဦးမယ် ကျနော် ပွဲကို ၇:၃၀ အတိ စချင်ပါတယ် နောက်မကျပါနဲ့နော်
* အင်္ကျီပါးပါးဝတ်ပါ ရေဓာတ်ဖြည့်လာပါ အရင်ပွဲတွေလိုတော့ ပင်ပန်းမှာမဟုတ်ပါဘူး ထိုင်ကြည့်ရမှာပါ ပူတော့ပူပါမယ်
* 4 ရက်ပဲလိုပါတယ် I m xo much excited ..
Let’s rock the show ..
#SaiSaiShow
#ပြီးခဲ့သောဇာတ်လမ်းအကျဉ်း
#စိုင်းစိုင်းရှိုးအတွက်တိုက်ပွဲဝင်

Source စိုင်းစိုင်းရဲ့ fb
#Crd…#ThadinKabar