Tuesday, October 9, 2018

ေရွ႕ေနေတြနဲ႔ အေရးေပၚအစည္းအေ၀း ျပဳလုပ္အၿပီးမွာ ၿပဳံးၿပဳံးရႊင္ရႊင္ ျဖစ္သြားခဲ့တဲ့ေရာ္နယ္ဒုိ

         ဂ်ဴဗင္တပ္စ္အသင္းတုိက္စစ္မွဴး ေရာ္နယ္ဒုိကေတာ့ အဓမၼမႈျပႆနာေၾကာင့္ အခက္ခဲဆုံးအခ်ိန္ေတြကုိ ရင္ဆုိင္ေနခဲ့ရၿပီး ဒီတစ္ပတ္ တနဂၤေႏြမွာ သူ႕ရဲ႕ေရွ႕ေနေတြနဲ႔ အမႈအတြက္ အေရးေပၚ အစည္းအေ၀း ျပဳလုပ္ခဲ့ရပါတယ္။

ေရာ္နယ္ဒုိဟာ အဲဒီအတြက္ သီးသန္႔ ဂ်က္ေလယာဥ္တစ္စီး ငွားရမ္းကာ ေပၚတူဂီကုိ ျပန္သြားခဲ့ၿပီး သူ႕ရဲ႕ေရွ႕ေနအဖြဲ႕နဲ႔ အစည္းအေ၀းျပဳလုပ္ခဲ့တယ္လုိ႔ ေပၚတူဂီသတင္းစာေတြက ေဖာ္ျပပါတယ္။

အဲဒီေနာက္မွာေတာ့ သူ႕ရဲ႕ခ်စ္သူ ရုိဒရီဂြက္ဇ္နဲ႔အတူ ၿပဳံးရႊင္ေနတဲ့ ေရာ္နယ္ဒုိရဲ႕ ဓာတ္ပုံေတြ အင္စတာဂရမ္မွာ တက္လာခဲ့တာမုိ႔ ေရာ္နယ္ဒုိ တစ္ေယာက္ ျပႆနာရဲ႕ အေျဖကုိ ရွာေတြ႕သြားၿပီလုိ႔ မီဒီယာေတြက ေဖာ္ျပေနၾကတာပါ။


ေရာ္နယ္ဒုိ ဟာ (၂၀၀၉)ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အဓမၼမႈ ျပႆနာကုိ ရင္ဆုိင္ေနရတဲ့အခ်ိန္အတြင္းမွာ ဟန္ေဆာင္အၿပဳံးေလးေတာင္ ၿပဳံးေနႏုိင္ျခင္းမရွိပဲ သူ႕မ်က္ႏွာဟာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာ သိသာေနခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ေရာ္နယ္ဒုိတစ္ေယာက္ အေရးေပၚအစည္းအေ၀းအၿပီး ၿပဳံးေနႏုိင္ၿပီမုိ႔ ေရာ္နယ္ဒုိရဲ႕ ဖက္မွာ အားသာခ်က္ေတြရွိေနၿပီလုိ႔ သတင္းေတြက ေဖာ္ျပေနၾကတာပါ။



ေပၚတူဂီသတင္းစာေတြကေတာ့ ေရာ္နယ္ဒုိဟာ သူ႕ရဲ႕ခ်စ္သူ ရုိဒရီဂြက္ဇ္ေၾကာင့္ ဒီအျဖစ္အပ်က္ကုိ ပုိၿပီး ႀကံ့ႀကံ့ခံႏုိင္ခဲ့တယ္လုိ႔ ေရးသားခဲ့ၾကၿပီး သူနဲ႔ (၃)ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ရုိဒရီဂြက္ဇ္ ဟာ ေရာ္နယ္ဒုိရဲ႕ ဇာတ္ရႈပ္ေတြကုိ အျပစ္တင္ျခင္းမရွိတဲ့အျပင္ ေရာ္နယ္ဒုိဖက္မွာ အၿမဲရွိေနေၾကာင္း ဆုိရွယ္မီဒီယာေတြထက္မွာ အသိေပးခဲ့တာပါ။ ဒါ့အျပင္ ေရာ္နယ္ဒုိ အျပင္ထြက္တဲ့အခ်ိန္တုိင္း အနားမွာ အၿမဲရွိေနတတ္ၿပီး ေရာ္နယ္ဒုိကုိ အရိပ္တၾကည့္ၾကည့္လုပ္ေနတတ္လုိ႔ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးအေနနဲ႔ စိတ္သက္သာရာ ရေနခဲ့တယ္လုိ႔ မီဒီယာေတြက ေရးသားေနၾကတာပါ။#Crd…#ThadinKabar



ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုကတော့ အဓမ္မမှုပြဿနာကြောင့် အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေခဲ့ရပြီး ဒီတစ်ပတ် တနင်္ဂနွေမှာ သူ့ရဲ့ရှေ့နေတွေနဲ့ အမှုအတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အဲဒီအတွက် သီးသန့် ဂျက်လေယာဉ်တစ်စီး ငှားရမ်းကာ ပေါ်တူဂီကို ပြန်သွားခဲ့ပြီး သူ့ရဲ့ရှေ့နေအဖွဲ့နဲ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီသတင်းစာတွေက ဖော်ပြပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့ချစ်သူ ရိုဒရီဂွက်ဇ်နဲ့အတူ ပြုံးရွှင်နေတဲ့ ရော်နယ်ဒိုရဲ့ ဓာတ်ပုံတွေ အင်စတာဂရမ်မှာ တက်လာခဲ့တာမို့ ရော်နယ်ဒို တစ်ယောက် ပြဿနာရဲ့ အဖြေကို ရှာတွေ့သွားပြီလို့ မီဒီယာတွေက ဖော်ပြနေကြတာပါ။


ရော်နယ်ဒို ဟာ (၂၀၀၉)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဓမ္မမှု ပြဿနာကို ရင်ဆိုင်နေရတဲ့အချိန်အတွင်းမှာ ဟန်ဆောင်အပြုံးလေးတောင် ပြုံးနေနိုင်ခြင်းမရှိပဲ သူ့မျက်နှာဟာ စိတ်ပျက်လက်ပျက်ဖြစ်နေတာ သိသာနေခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရော်နယ်ဒိုတစ်ယောက် အရေးပေါ်အစည်းအဝေးအပြီး ပြုံးနေနိုင်ပြီမို့ ရော်နယ်ဒိုရဲ့ ဖက်မှာ အားသာချက်တွေရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြတာပါ။



ပေါ်တူဂီသတင်းစာတွေကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ချစ်သူ ရိုဒရီဂွက်ဇ်ကြောင့် ဒီအဖြစ်အပျက်ကို ပိုပြီး ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ရေးသားခဲ့ကြပြီး သူနဲ့ (၃)နှစ်ကြာ လက်တွဲခဲ့တဲ့ ရိုဒရီဂွက်ဇ် ဟာ ရော်နယ်ဒိုရဲ့ ဇာတ်ရှုပ်တွေကို အပြစ်တင်ခြင်းမရှိတဲ့အပြင် ရော်နယ်ဒိုဖက်မှာ အမြဲရှိနေကြောင်း ဆိုရှယ်မီဒီယာတွေထက်မှာ အသိပေးခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒို အပြင်ထွက်တဲ့အချိန်တိုင်း အနားမှာ အမြဲရှိနေတတ်ပြီး ရော်နယ်ဒိုကို အရိပ်တကြည့်ကြည့်လုပ်နေတတ်လို့ ဂျူဗင်တပ်စ်တိုက်စစ်မှူးအနေနဲ့ စိတ်သက်သာရာ ရနေခဲ့တယ်လို့ မီဒီယာတွေက ရေးသားနေကြတာပါ။#Crd…#ThadinKabar