Tuesday, October 9, 2018

မဲေခါင္ေဒသက စိတ္ၾကြေဆး ၁ သန္းေက်ာ္ ထုိင္းရဲ ဖမ္းမိ



မဲေခါင္းျမစ္၀ွမ္းေရႊႀကိဂံေဒသကေန ၀င္ေရာက္လာတဲ့ ထိုင္ဘတ္ေငြ သန္း ၂၀၀ေက်ာ္ တန္ဖိုးရွိတဲ့ စိတ္ၾကြေဆးတသန္းေက်ာ္ကို ဒီရက္ပုိင္းမွာပဲ ဖမ္းဆီးမိခဲ့ေၾကာင္း ထုိင္းမူးယစ္ေဆး၀ါးထိန္းခ်ဳပ္ေရး တာ၀န္ရွိသူေတြက ေအာက္တုိဘာလ ၈ရက္ေန႔ မွာသတင္းစာရွင္းလင္းခဲ့ပါတယ္။ ထိုင္းအေျခစိုက္ VOA သတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံ ၊ ခ်င္းရိုင္ျပည္နယ္ အမွတ္၅ ေဒသမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပဲြမွာ ထုိင္းမူယစ္္ထိန္းခ်ုပ္ေရး ဌာန ဗုိလ္မွဴး မြန္သရီက ဦးေဆာင္ျပီး ဒီရက္ပုိုင္းအတြင္းစိတ္ၾကြေဆးတသန္းေက်ာ္ ဖမ္းဆီးမိတဲ့ အေၾကာင္းေျပာဆုိသြားပါတယ္။

မဲေခါင္းျမစ္၀ွမ္းေရႊႀတိဂံေဒသကေန ထိုုင္းႏိုင္ငံတြင္းကို သယ္ေဆာင္လာတဲ့ စိတ္ၾကြေဆးအေျမာက္အမ်ားကိုု ဖမ္းဆီးႏိုင္ခဲ့ရာမွာ ေအာက္တိုဘာလ (၆) ရက္ေန ့ညက ခ်င္းမိုင္ေဒသ ပါဒက္ ခရိုုင္ အတြင္းက ဓါတ္ဆီဆိုုင္တဆိုုင္ ေရွ႕မွာ စစ္ေဆးေရး ဂိတ္ခ်ျပီး ရွာေဖြခဲ့တာပါ။ စစ္ေဆးေရးဂိတ္မေရာက္ခင္မွာပဲ ကားတခ်ိဳ႕ဟာ ဓါတ္ဆီဆုိင္အတြင္း ရပ္ထားခဲ့ေၾကာင့္ အဲဒီေနရာအထိ လိုက္လံ စစ္ေဆးမူေတြလုပ္ခဲ့ရာမွာ အီဇူးဇူးေငြေရာင္ကားတစီးအတြင္းကေန စိတ္ၾကြေဆး ၈၀၀၈၀၀ (ရွစ္သိန္းေက်ာ္) ဖမ္းဆီးမိခဲ့ျပီး ရဲေတြစစ္ေဆးေနစဥ္ မွ ာတရားခံေတြထြက္ေျပးသြားခဲ့ၾကလို ့ ကားတြင္းမွာ ေတြ ့ရွိခဲ့တဲ့ သက္ေသခံ မွတ္ပံုတင္နဲ႔ အေထာက္အထားေတြ ကိုရွာေဖြခဲ့ျပီး တရားခံေတြကို လိုုက္လံဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီေနာက္မွာေတာ့ ခ်င္းရိုုင္ျပည္နယ္ ၊ မဲက်န္ ခရိုုင္အတြင္းက ထိုုင္းေတာင္ေပၚတိုုင္းရင္းသားသံုုး ဦးသယ္ေဆာင္လာတဲ့ စိတ္ၾကြေဆးျပား ၉၈၀၀၀ နဲ႕ အိုက္စ္လို ့ေခၚတဲ့မူယစ္ေဆး၂၀ ကီလိုုဂရမ္ ကိုု ဖမ္းဆီးႏိုင္ခဲ့တယ္လို့ဆိုပါတယ္။

ေအာက္တိုဘာလ ၅ရက္ေန ့က လည္း ခ်င္းရိုုင္ခရိုုင္၊ မဲဆိုုင္ျမိဳ ့ကေန ေမာင္း လာတဲ့ ကားတစီး ကိုု မဲက်န္ခရိုုင္စစ္ေဆးေရးဂိတ္က စစ္ေဆးတဲ့အခါ ကားဘီးအပုိကို ေလေလွ်ာ့ စစ္ေဆးၾကည့္ခဲ့ပါတယ္။

စိတ္ၾကြေဆး ၂၄၀၀၀၀ ကိုု ကားဘီးအပိုထဲမွ ာစနစ္တက်ထည့္ယူလာတာ ေတြ ့ရွိ
တယ္လို႔ ဆိုပါတယ္။ ဒီစိတ္ၾကြေဆးေတြဟာ ထုိင္းေတာင္ပိုင္းကုိ ပုိ႔ေဆာင္မယ့္ မူးယစ္ေဆး၀ါးေတြျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပဲြမွာေျပာဆိုသြားပါတယ္။

 အခုဆိုရင္ ထုိင္းျမန္မာနယ္စပ္ ခ်င္းရိုင္ခရိုင္အတြင္းက ေနသယ္ေဆာင္လာတဲ့ စိတ္ႀကြေဆးေတြကို ထိုင္းႏိုင္ငံက ဖမ္းဆီးႏိုင္ခဲ့တာဟာ ၂၀၁၈ခုႏွစ္အတြင္း မွာပဲ စိတ္ၾကြေဆးအလံုးေရ သန္းေပါင္း ၂၀၀နီးပါးရွိျပီျဖစ္ပါတယ္။ အခုရက္ပိုုင္းအတြင္းမွာ ထိုင္းနိုုင္ငံေျမာက္ပိုုင္း ခ်င္းရိုုင္ေဒသ ခ်င္းစန္ ခရိုုင္အတြင္းကို သယ္ေဆာင္လာမယ့္ စိတ္ၾကြ ေဆး ၄သန္းေလာက္ကို ေရႊၾတိဂံေဒသ နဲ ့ ၁၇ ကီလိုမီတာသာေ၀းတဲ့ လာအိုုႏိုင္ငံခြမ္ေဘာကဲ့ ခရိုုင္ စီမင္ဂန္ ေက်းရြာမွာ ဖမ္ဆီးခဲ့တယ္လို ့ဆိုပါတယ္။

ဒီေဆးေတြကေတာ့ လာအုိပ္ႏုိင္ငံက နယ္ေျမခံရဲေတြနဲ ့ မူးယစ္ေဆး၀ါးအဖြဲ ့ေတြအၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားရာက ဖမ္းဆီးမိခဲ့ေၾကာင္း ကိုလည္းေအာက္တိုဘာလ ၈ရက္ေန႔ထုတ္ ထုိင္းသတင္းေတြမွာေဖာ္ျပခဲ့ပါတယ္။
Source;မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
            https://burmese.voanews.com

 #သတင္းကမ႓ာ


  Unicode ဖြင့်ဖတ်ရန်

မဲခေါင်းမြစ်ဝှမ်းရွှေကြိဂံဒေသကနေ ဝင်ရောက်လာတဲ့ ထိုင်ဘတ်ငွေ သန်း ၂၀၀ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတသန်းကျော်ကို ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး တာဝန်ရှိသူတွေက အောက်တိုဘာလ ၈ရက်နေ့ မှာသတင်းစာရှင်းလင်းခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ၊ ချင်းရိုင်ပြည်နယ် အမှတ်၅ ဒေသမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမူယစ်ထိန်းချုပ်ရေး ဌာန ဗိုလ်မှူး မွန်သရီက ဦးဆောင်ပြီး ဒီရက်ပိုင်းအတွင်းစိတ်ကြွဆေးတသန်းကျော် ဖမ်းဆီးမိတဲ့ အကြောင်းပြောဆိုသွားပါတယ်။

မဲခေါင်းမြစ်ဝှမ်းရွှေတြိဂံဒေသကနေ ထိုင်းနိုင်ငံတွင်းကို သယ်ဆောင်လာတဲ့ စိတ်ကြွဆေးအမြောက်အများကို ဖမ်းဆီးနိုင်ခဲ့ရာမှာ အောက်တိုဘာလ (၆) ရက်နေ့ညက ချင်းမိုင်ဒေသ ပါဒက် ခရိုင် အတွင်းက ဓါတ်ဆီဆိုင်တဆိုင် ရှေ့မှာ စစ်ဆေးရေး ဂိတ်ချပြီး ရှာဖွေခဲ့တာပါ။ စစ်ဆေးရေးဂိတ်မရောက်ခင်မှာပဲ ကားတချို့ဟာ ဓါတ်ဆီဆိုင်အတွင်း ရပ်ထားခဲ့ကြောင့် အဲဒီနေရာအထိ လိုက်လံ စစ်ဆေးမူတွေလုပ်ခဲ့ရာမှာ အီဇူးဇူးငွေရောင်ကားတစီးအတွင်းကနေ စိတ်ကြွဆေး ၈၀၀၈၀၀ (ရှစ်သိန်းကျော်) ဖမ်းဆီးမိခဲ့ပြီး ရဲတွေစစ်ဆေးနေစဉ် မှ ာတရားခံတွေထွက်ပြေးသွားခဲ့ကြလို့ ကားတွင်းမှာ တွေ့ရှိခဲ့တဲ့ သက်သေခံ မှတ်ပုံတင်နဲ့ အထောက်အထားတွေ ကိုရှာဖွေခဲ့ပြီး တရားခံတွေကို လိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ချင်းရိုင်ပြည်နယ် ၊ မဲကျန် ခရိုင်အတွင်းက ထိုင်းတောင်ပေါ်တိုင်းရင်းသားသုံး ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၉၈၀၀၀ နဲ့ အိုက်စ်လို့ခေါ်တဲ့မူယစ်ဆေး၂၀ ကီလိုဂရမ် ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာလ ၅ရက်နေ့က လည်း ချင်းရိုင်ခရိုင်၊ မဲဆိုင်မြို့ကနေ မောင်း လာတဲ့ ကားတစီး ကို မဲကျန်ခရိုင်စစ်ဆေးရေးဂိတ်က စစ်ဆေးတဲ့အခါ ကားဘီးအပိုကို လေလျှော့ စစ်ဆေးကြည့်ခဲ့ပါတယ်။

စိတ်ကြွဆေး ၂၄၀၀၀၀ ကို ကားဘီးအပိုထဲမှ ာစနစ်တကျထည့်ယူလာတာ တွေ့ရှိ
တယ်လို့ ဆိုပါတယ်။ ဒီစိတ်ကြွဆေးတွေဟာ ထိုင်းတောင်ပိုင်းကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။



 အခုဆိုရင် ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်အတွင်းက နေသယ်ဆောင်လာတဲ့ စိတ်ကြွဆေးတွေကို ထိုင်းနိုင်ငံက ဖမ်းဆီးနိုင်ခဲ့တာဟာ ၂၀၁၈ခုနှစ်အတွင်း မှာပဲ စိတ်ကြွဆေးအလုံးရေ သန်းပေါင်း ၂၀၀နီးပါးရှိပြီဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသ ချင်းစန် ခရိုင်အတွင်းကို သယ်ဆောင်လာမယ့် စိတ်ကြွ ဆေး ၄သန်းလောက်ကို ရွှေတြိဂံဒေသ နဲ့ ၁၇ ကီလိုမီတာသာဝေးတဲ့ လာအိုနိုင်ငံခွမ်ဘောကဲ့ ခရိုင် စီမင်ဂန် ကျေးရွာမှာ ဖမ်ဆီးခဲ့တယ်လို့ဆိုပါတယ်။



ဒီဆေးတွေကတော့ လာအိုပ်နိုင်ငံက နယ်မြေခံရဲတွေနဲ့ မူးယစ်ဆေးဝါးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာက ဖမ်းဆီးမိခဲ့ကြောင်း ကိုလည်းအောက်တိုဘာလ ၈ရက်နေ့ထုတ် ထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

credit;https://burmese.voanews.com
 #သတင်းကမ္ဘာ