Tuesday, October 9, 2018
ကမၻာေက်ာ္ သိပၸံပညာရွင္ နယူတန္က ၂၀၆၀ ျပည့္ႏွစ္တြင္ ကမၻာပ်က္မည္ဟု ခန္႔မွန္းခဲ့
ကမၻာေက်ာ္ သိပၸံပညာရွင္အိုင္းဆက္ နယူတန္သည္ ကမၻာေျမဆြဲအားကို ရွာေဖြ ေတြ႕ရွိခဲ့႐ုံသာမက ဘာသာေရးတြင္လည္း စိတ္ပါဝင္စားမႈရွိခဲ့သူျဖစ္ၿပီး ပညာရွင္မ်ား က အသစ္ရွာေဖြေတြ႕ရွိခဲ့သည့္ ၎၏ေရး သားမႈမ်ားထဲတြင္ ၂၀၆၀ ျပည့္ႏွစ္၌ ကမၻာပ်က္မည္ဟူေသာခန္႔မွန္းခ်က္လည္း ပါဝင္ေနသည္ဟု သိရသည္။
၁၆၄၃ ခုႏွစ္တြင္ ေမြးဖြားခဲ့ေသာ နယူတန္သည္ ဘုရားသခင္၏တည္ရွိမႈ ႏွင့္ဘာသာေရးကို အလြန္စိတ္ပါဝင္စား ခဲ့သူျဖစ္ၿပီး ဘာသာေရးစာေပမ်ားကို လည္းေရးသားခဲ့သည္။
အသစ္ရွာေဖြေတြ႕ ရွိခဲ့သည့္ ၎၏အေရးအသားတြင္ နယူ တန္က Je hovah Sanctus Unusဟူ ေသာအမည္တုကိုအသုံးျပဳထားၿပီး ၂၀၆၀ အေရာက္တြင္ ကမၻာပ်က္ကာ ကမၻာေျမ တြင္ ဘုရားသခင္တစ္ဖန္ထြက္ေပၚလာ လိမ့္ဦးမည္ဟုဆိုထားသည္။
Florian Freistetter ေရးသားေသာ Issac Newton:The Asshole Who Reinv-ented The Universe တြင္ နယူတန္၏ေရးသားမႈကို ထည့္သြင္းေဖာ္ျပထားျခင္း ျဖစ္ၿပီး နယူတန္က ၂၀၆၀ ျပည့္ႏွစ္တြင္ စစ္ပြဲ သို႔မဟုတ္ သဘာ၀ကပ္ေဘးတစ္ ခုႏွင့္ႀကဳံရမည္ျဖစ္ေသာ္လည္း ဘုရား သခင္ထပ္မံထြက္ေပၚလာမည္ဟုယုံ ၾကည္ေနခဲ့သည္။
ယခုႏွစ္အေစာပိုင္း ကလည္ းBulletin of Atomic Sci-entists က ကမၻာႀကီးသည္ ကမၻာပ်က္ ကပ္ဆိုးႏွင့္ရင္ဆိုင္ရရန္ နီးကပ္လာေန ၿပီဟု ေဖာ္ျပခဲ့ၾကဖူးေၾကာင္း သိရသည္။
(AP,1.10.18)ေအးယုႏိုင္
Credit-.xyznews
#သတင္းကမ႓ာ
Unicodeဖြင့်ဖတ်ရန်
ကမ္ဘာကျော် သိပ္ပံပညာရှင် နယူတန်က ၂၀၆၀ ပြည့်နှစ်တွင် ကမ္ဘာပျက်မည်ဟု ခန့်မှန်းခဲ့
ကမ္ဘာကျော် သိပ္ပံပညာရှင်အိုင်းဆက် နယူတန်သည် ကမ္ဘာမြေဆွဲအားကို ရှာဖွေ တွေ့ရှိခဲ့ရုံသာမက ဘာသာရေးတွင်လည်း စိတ်ပါဝင်စားမှုရှိခဲ့သူဖြစ်ပြီး ပညာရှင်များ က အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ၎င်း၏ရေး သားမှုများထဲတွင် ၂၀၆၀ ပြည့်နှစ်၌ ကမ္ဘာပျက်မည်ဟူသောခန့်မှန်းချက်လည်း ပါဝင်နေသည်ဟု သိရသည်။
၁၆၄၃ ခုနှစ်တွင် မွေးဖွားခဲ့သော နယူတန်သည် ဘုရားသခင်၏တည်ရှိမှု နှင့်ဘာသာရေးကို အလွန်စိတ်ပါဝင်စား ခဲ့သူဖြစ်ပြီး ဘာသာရေးစာပေများကို လည်းရေးသားခဲ့သည်။ အသစ်ရှာဖွေတွေ့ ရှိခဲ့သည့် ၎င်း၏အရေးအသားတွင် နယူ တန်က Je hovah Sanctus Unusဟူ သောအမည်တုကိုအသုံးပြုထားပြီး ၂၀၆၀ အရောက်တွင် ကမ္ဘာပျက်ကာ ကမ္ဘာမြေ တွင် ဘုရားသခင်တစ်ဖန်ထွက်ပေါ်လာ လိမ့်ဦးမည်ဟုဆိုထားသည်။
Florian Freistetter ရေးသားသော Issac Newton:The Asshole Who Reinv-ented The Universe တွင် နယူတန်၏ရေးသားမှုကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပြီး နယူတန်က ၂၀၆၀ ပြည့်နှစ်တွင် စစ်ပွဲ သို့မဟုတ် သဘာဝကပ်ဘေးတစ် ခုနှင့်ကြုံရမည်ဖြစ်သော်လည်း ဘုရား သခင်ထပ်မံထွက်ပေါ်လာမည်ဟုယုံ ကြည်နေခဲ့သည်။
ယခုနှစ်အစောပိုင်း ကလည် းBulletin of Atomic Sci-entists က ကမ္ဘာကြီးသည် ကမ္ဘာပျက် ကပ်ဆိုးနှင့်ရင်ဆိုင်ရရန် နီးကပ်လာနေ ပြီဟု ဖော်ပြခဲ့ကြဖူးကြောင်း သိရသည်။
(AP,1.10.18)အေးယုနိုင်
Credit-.xyznews
#သတင်းကမ္ဘာ
