အလဲဗင္းမီဒီယာ အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ကိုနရီမင္းနဲ႔ အႀကီးတန္း အယ္ဒီတာ ကိုၿဖိဳးေဝဝင္းတို႔ ၃ ေယာက္ကို ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔အမႈဖြင့္ထားၿပီး မေန႔ညက ရန္ကုန္က အလဲဗင္းမီဒီယာ႐ုံးကို တာေမြရဲတပ္ဖြဲ႔က လာေရာက္ဖမ္းဆီးခဲ့ပါတယ္။
ဒါေပမယ့္ ႐ုံးခ်ိန္မဟုတ္လို႔ အမွႈဖြင့္ခံထားရသူေတြကို ရဲတပ္ဖြဲ႔က ေခၚေဆာင္သြားႏိုင္ျခင္း မရွိပါခ့ဲဘူး။
ရန္ကုန္တုိင္းေဒသႀကီးအစုိးရရဲ႕ အခုလုပ္ရပ္ဟာ ျမန္မာႏုိင္ငံ သတင္းမီဒီယာ ေကာင္စီကိုအေလးမထားဘဲ ျပည္သူကို မ်က္ကြယ္ျပဳတဲ့ေဆာင္ရြက္ခ်က္ျဖစ္တယ္လို႔ The Voice ေန႔စဥ္ထုတ္သတင္းစာ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြက ေျပာပါတယ္။
သူတို႔ ၃ေယာက္ကို “အၿမဲရံႈးေနတဲ့ စက္သံုးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူနာမည္ေပါက္ ျပည္သူ႔ရွယ္ယာ” ေဆာင္းပါး နဲ႔ပတ္သက္ၿပီး တရားစြဲဆိုတာျဖစ္ပါတယ္။
ေအာက္တိုဘာ ၁၀ ရက္ေန႔မနက္မွာေတာ့ အမႈဖြင့္ခံထားရတဲ့ သတင္းသမားသံုးဦးဟာ တာေမြရဲစခန္းမွာ သြားေရာက္အဖမ္းခံခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး တာေမြရဲစခန္းက ရဲမႉးသိန္းဝင္းကို ဖုန္းဆက္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖဆုိျခင္းမရွိခဲ့ပါဘူး။
ေဆာင္းပါးမွာပါ၀င္တဲ ဦးျမင့္ေသာင္းဆိုတဲ့ အမည္ေအာက္မွာ ျပည္သူ႔ဘ႑ာ ရွယ္ယာထည့္ဝင္ထားျခင္း မဟုတ္သျဖင့္ မမွန္မကန္ ျမန္မာ့ေဆာက္လုပ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီတာ၀န္ရိွသူမ်ား၊ ရွယ္ယာ၀င္မ်ားစိတ္တြင္ ထိတ္လန္႔ျခင္း၊ ေၾကာက္ျခင္း၊ ထူေထာင္ထားေသာ ကုမၸဏီကို အမ်ားျပည္သူ အယံုအၾကည္ ပ်က္ေစျခင္းတို႔ အျပင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ကို ျပည္သူမ်ားက အၾကည္ညိဳပ်က္ၿပီး အယံုအၾကည္မဲ့ကာ အမ်ားျပည္သူက အစိုးရကို ျပစ္မႈက်ဴးလြန္လာေအာင္ ျပဳလုပ္ျခင္း ျဖစ္တယ္လို႔ တရားစြဲထားေၾကာင္း တာေမြၿမဳိ႕နယ္၊ တရားသူႀကီးက တရားခြင္မွာ ေျပာပါတယ္။
ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)ဟာ အာမခံ မရတဲ့ပုဒ္မျဖစ္ၿပီး တရားစြဲဆိုခံထားရတဲ့ အဲဒီသတင္းသမား ၃ ေယာက္ဟာ အခ်ဳပ္ထဲမွာ ထိန္းသိမ္းခံေနရင္း အမႈကို ရင္ဆုိင္သြားရမွာျဖစ္ပါတယ္။
#Crd;DVB#Photo;Mizzima#ThadinKabar
အလဲဗင်းသတင်းဌာနက အယ်ဒီတာချုပ်အပါအဝင် ၃ ယောက်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုတာဟာ အခွင့်အာဏာကို ဘောင်ကျော်ပြီး သုံးစွဲတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ၂ ဦးမြင့်ကျော်က ကပြောပါတယ်။
အလဲဗင်းမီဒီယာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေဝင်းတို့ ၃ ယောက်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့အမှုဖွင့်ထားပြီး မနေ့ညက ရန်ကုန်က အလဲဗင်းမီဒီယာရုံးကို တာမွေရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် ရုံးချိန်မဟုတ်လို့ အမှှုဖွင့်ခံထားရသူတွေကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားနိုင်ခြင်း မရှိပါခဲ့ဘူး။
ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကိုအလေးမထားဘဲ ပြည်သူကို မျက်ကွယ်ပြုတဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
သူတို့ ၃ယောက်ကို “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါး နဲ့ပတ်သက်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့မနက်မှာတော့ အမှုဖွင့်ခံထားရတဲ့ သတင်းသမားသုံးဦးဟာ တာမွေရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာမွေရဲစခန်းက ရဲမှူးသိန်းဝင်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
ဆောင်းပါးမှာပါဝင်တဲ ဦးမြင့်သောင်းဆိုတဲ့ အမည်အောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်သဖြင့် မမှန်မကန် မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီတာဝန်ရှိသူများ၊ ရှယ်ယာဝင်များစိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊ ထူထောင်ထားသော ကုမ္ပဏီကို အများပြည်သူ အယုံအကြည် ပျက်စေခြင်းတို့ အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့ တရားစွဲထားကြောင်း တာမွေမြို့နယ်၊ တရားသူကြီးက တရားခွင်မှာ ပြောပါတယ်။
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဟာ အာမခံ မရတဲ့ပုဒ်မဖြစ်ပြီး တရားစွဲဆိုခံထားရတဲ့ အဲဒီသတင်းသမား ၃ ယောက်ဟာ အချုပ်ထဲမှာ ထိန်းသိမ်းခံနေရင်း အမှုကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။