(၂) နွားနို့
(၃) အဆီအဆိမ့်တွေ
(၄) အရက်
(၅) Energy Drinks
အားကစားလုပ်တဲ့အခါတွေ၊ ဒါမှမဟုတ် Gym မဆော့ခင်မှာ စားသုံးပေးသင့်တဲ့ အစားအစာကိုတော့ တော်တော်များများက ဖော်ပြထားပေမယ့် မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြတာကတော့ ရှားပါတယ်။ အခုဖော်ပြပေးမှာကတော့ လေ့ကျင့်ခန်းတွေ၊ အားကစားတွေ မလုပ်ခင်မှာ လုံးဝမစားသင့်တဲ့ အစားအစာ (၁၀) မျိုးပဲဖြစ်ပါတယ်။
(၁) ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ
ဂျုံတွေ၊ ထောပတ်တွေနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ၊ မုန့်တွေကို လေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လုံးဝမစားသုံးသင့်ပါဘူး။
(၂) နွားနို့
အဆီထုတ်ထားတဲ့ နွားနို့အနည်းငယ်ကို သောက်သုံးပေးတာ ကိစ္စမရှိပေမယ့် မလိုင်ပြည့်နွားနို့တွေကိုတော့ မသောက်သုံးသင့်ပါဘူး။ အကြောင်းကတော့ သင့်ရဲ့ဗိုက်ကို မအီမလည် ဖြစ်စေနိုင်လို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတတ်လို့ပါ။
(၃) အဆီအဆိမ့်တွေ
လေ့ကျင့်ခန်းလုပ်ခါနီး အဆီများတဲ့ အစားအစာတွေ၊ ဘာဂါတွေ၊ အဆီအဆိမ့်တွေကို လုံးဝမစားသုံးသင့်ပါဘူး။ ပြည့်ဝဆီတွေဟာ ချေဖျက်ရခက်တာကြောင့် ဗိုက်အောင့်တာ၊ ဗိုက်ရစ်တာ၊ မူးမော်တာ၊ အော့အန်တာတွေဖြစ်လာနိုင်ပါတယ်။
(၄) အရက်
လေ့ကျင့်ခန်းမလုပ်ခင် အရက်လုံးဝမသောက်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့အညစ်အကြေးစွန့်စနစ်အပြင် အားအင်တွေကို စုပ်ယူပစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပြသနာတွေ ဖြစ်လာစေနိုင်လို့ပါ။
(၅) Energy Drinks
အားဖြည့်အချိုရည်တွေမှာ ကာဗိုနိတ်တွေ ပါဝင်တဲ့အပြင် သကြားပမာဏဟာ မြင့်မားလွန်းတာကြောင့် လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ လုံးဝမသောက်သုံးသင့်ပါဘူး။ ဒါ့အပြင် အချိုရည်တွေ သောက်သုံးခြင်းကိုလည်း ရှောင်ရှားပေးဖို့လိုပါတယ်။
#Crd…#ThadinKabar






