Wednesday, October 10, 2018

ဘယ္လုိလုပ္တာက ခႏၶာကိုယ္အဆီက်ဖုိ့ အထိေရာက္ဆံုးလဲ ???


ေျပးပဲ ထေျပးရေတာ့မလား၊ အိပ္ထမတင္ပဲ ထလုပ္လုိက္ရေတာ့မလား၊ ၾကိဳးပဲ ခုန္ရေတာ့မလား၊ အေလးတံုးပဲ ေကာက္ကိုင္ရေတာ့မလား ၊ လား လား လား ေပါင္းမ်ားစြာနဲ့ ေခါင္းရွဳပ္ေနပါသလား။ ဒါဆုိ ဒီေဆာင္းပါးက သင့္အတြက္ပဲ ျဖစ္ပါတယ္။

Personal trainer (တတ္က်ြမ္းသူ)ေတြအတြက္ ဘယ္ေလ့က်င့္ခန္းက အဆီအျမန္က်ေစတယ္၊ ဘယ္ေလ့က်င့္ခန္းက ဘယ္ရည္ရြယ္ခ်က္အတြက္ လုပ္တယ္ဆုိတာ ၁ အလီ ၁ ဆုိတာလုိမ်ိဳး ရွင္းရွင္းလင္းလင္းျမင္နိုင္ေပမယ့္ သာမန္လူတစ္ေယာက္အတြက္ေတာ့ အေပၚကလုိမ်ိဳး ဘာလုပ္လုိ့ ဘာကုိင္ရမွန္းမသိတာ မဆန္းပါဘူး။ သာမန္လူဆုိတာ Fitness ဘက္ကို မလုိက္စားဖူးခဲ့တဲ့လူေတြကိုဆုိလုိျပီး တစ္ခ်ိဳ့ အသိဆရာ၀န္ေတြေတာင္ ဘာလုပ္ရင္ ဘာပိုေကာင္းတယ္ဆုိတာ ေသခ်ာမသိက်ပါဘူး။ ဆုိလုိခ်င္တာက သင္ဟာ အဆီက်ခ်င္ျပီး ဘာလုပ္ရင္ ပိုထိေရာက္မွန္းမသိတာ မထူးဆန္းပါဘူးလုိ့ ဆုိလုိခ်င္တာပါ။ ကဲ၊ ဒီေန့ေတာ့ ဒီေမးခြန္းေလးကို မ်က္လံုးထဲ ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ရွင္းျပပါမယ္။

အေသးစားလွဳပ္ရွားမွု ⭐️ 



ဒီအမ်ိဳးအစားထဲမွာ လမ္းအေႏွးေလွ်ာက္တာ၊ ခါးလွည့္ကြင္းေတြလွည့္တာ၊ ေလွကားအတက္အဆင္းလုပ္တာ စသျဖင့္ အေသးစား ေန့တဓူ၀လုပ္တာေတြကို ပိုလုပ္လိုက္တာမ်ိဳးေတြပါပါတယ္။ ဥပမာ မနက္ခင္း၊ ညေနခင္း အခ်ိန္ပိုေလးမွာ လမ္းထြက္ေလွ်ာက္လိုက္တာမ်ိဳး၊ အရင္နည္းနည္းလွန္းတဲ့ေနရာမ်ိဳးကို ကားမစီးပဲ လမ္းေလွ်ာက္သြားတာမ်ိဳး စတဲ့ လွုပ္ရွားမွုမိ်ဳးကို ဆုိလိုပါတယ္။

ဒီလုိလွုပ္ရွားမွုမ်ိဳးက အဆီက်ဖို့ ကူညီတယ္ဆုိေပမယ့္ အထိေရာက္ဆံုးေတြထဲမွာေတာ့ 1 star အျဖစ္နဲ့ အေနွးဆံုးနည္းအျဖစ္ သတ္မွတ္ရမွာပါ။ ဒါေပမယ့္ ဘာမွမလုပ္တာထပ္စာရင္ေတာ့ အမ်ားၾကီးေကာင္းတယ္မဟုတ္လား။

အ၀လြန္ေနသူ၊ အခ်ိန္မရသူမ်ားအတြက္ ဒီနည္းကလဲ သိပ္မဆုိးလွဘူးေလ။

ေျပးလြွား လွုပ္ရွားမွု ⭐️ ⭐️ 



ဒီအမ်ိဳးအစားထဲမွာေတာ့ လမ္းေလွ်ာက္တာထပ္ တစ္ဆင့္ျမန္လာတဲ့ ေျပးတာ၊ ၾကိဳးခုံတာ၊ ေရကူးတာ၊ စက္ဘီးနင္းတာ၊ Zumba ကတာ စတာေတြပါပါတယ္။ အေပၚကေလ့က်င့္ခန္းေတြထပ္ လွုပ္ရွားမွုပိုမ်ားတာ၊ အရွိန္တင္လုိ့ရတာေတြေၾကာင့္ ဒီေလ့က်င့္ခန္းေတြက ပိုေကာင္းတယ္လုိ့ဆုိတာပါ။

လွဳပ္ရွားမွုမ်ားတာ၊ အရွိန္ပိုတင္လုိ့ရတယ္ဆုိတာက ႏွလံုးခုန္နွုန္းကို ျမန္ေအာင္ ပိုလုပ္လုိ့ရတယ္လုိ့ ဆုိလိုတာပါပဲ။ နွလံုးခုန္နွုန္းျမန္ေလ၊ စြမ္းအင္မ်ားမ်ားသံုးေလ၊ အဆီပိုက်ေလဆုိေတာ့ကာ ဒီလုိပံုစံ ေလ့က်င့္ခန္းမ်ိဳးက အဆီခ်ခ်င္သူေတြအတြက္ အေပၚက အေသးစားလွုပ္ရွားမွုထပ္ ပိုေကာင္းတယ္ဆုိရတာပါပဲ။

အေလးလြတ္ ၾကြက္သားက်င့္ လွဳပ္ရွားမွု ⭐️ ⭐️ ⭐️ 



ဒီအမ်ိဳးအစားကေတာ့ အေပၚက ေျပးလြွား လွဳပ္ရွားမွုကို တစ္ဆင့္ထပ္ျမွင့္လိုက္တယ္လုိ့ ဆုိရမွာပါ။ ခႏၶာကိုယ္လွုပ္ရွားေနရံုအဆင့္မွာတင္ မရပ္လုိက္ပဲ ၾကြက္သားေတြကို ဖိအားေပးဖုိ့ ၾကိဳးစားတာပါပဲ။ ဒီလုိ Stress ဖိအားေပးမွပဲ ၾကြက္သားအမွ်င္ေလးေတြ ျပတ္ေတာက္၊ ေလ့က်င့္ခန္းျပီးတဲ့အခါ ျပန္လည္ျပင္ဆင္ဖုိ့ စြမ္းအင္ေတြလုိ၊ အဆီပိုက်ေပါ့။

ဒီလုိေလ့က်င့္ခန္းမ်ိဳးက ေမာလဲေမာတာမလုိ့ လုပ္ေနစဥ္ စြမ္းအင္သံုးရံုတင္မက လုပ္အျပီး ၾကြက္သားျပင္ဆင္တဲ့အခါမွာလဲ စြမ္းအင္သံုး။ ဒါ့ေၾကာင့္မလုိ့ အေပၚက ေျပးလြွားလွဳပ္ရွားတာထပ္ အနည္းငယ္သာတယ္ဆုိလုိတာပါ။ ေနာင္တစ္ခုက ဒီလုိေလ့က်င့္ခန္းမ်ိဳးကို အိမ္မွာပဲလုပ္နိုင္တာပါပဲ။

ဘယ္လုိေလ့က်င့္ခန္းေတြလဲဆုိေတာ့ ဒိုက္ထုိး၊ ဘားခုိ၊ ထိုင္ထ၊ TRX နဲ့ တျခား Bodyweight ေလ့က်င့္ခန္းေတြပါပဲ။

အေလးမ ေလ့က်င့္ခန္း ⭐️ ⭐️ ⭐️ ⭐️ 



အေလးမေလ့က်င့္ခန္းက အေလးလြတ္ ၾကြက္သားက်င့္ လွဳပ္ရွားတာေတြရဲ့ ေနရာမွာ အေလးတံုး၊ အေလးတန္းေတြ ထည့္လုိက္တာပါပဲ။ ထုိင္တအလြတ္လုပ္မယ့္ေနရာမွာ အေလးထမ္းျပီး လုပ္မယ္၊ ဒိုက္ထုိးတဲ့ေနရာမွာ အေလးတြန္းမယ္၊ အိပ္ထမတင္လုပ္တဲ့ေနရာမွာ အေလးကိုင္ထမယ္ စသျဖင့္ အေလးတံုးနဲ့ ေဆာ့တာေတြေပါ့။

အေလးမ ေလ့က်င့္ခန္းက အေလးလြတ္ထပ္ သာတာေတြကို အရွည္ရွင္းျပဖုိ့ လုိမယ္ မထင္ပါဘူး။ အျမင္သာဆံုးအခ်က္က အေလးမ ေလ့က်င့္ခန္းက ခႏၶာကိုယ္မွာ ရွိတဲ့ ၾကြက္သားအစံုနည္းပါးကို နည္းမ်ိဳးစံု၊ ပံုစံမ်ိဳးစံုနဲ့ က်င့္နိုင္တာပါပဲ။

လုပ္ေနစဥ္၊ လုပ္အျပီးေတြမွာ စြမ္းအင္မ်ားစြာသံုးရံုမက ၾကြက္သားအသစ္ေတြျဖစ္လာဖုိ့လဲ အလုိအပ္ဆံုးထဲက တစ္ခုပါပဲ။ (ေနာက္တစ္ခုက အစားအေသာက္)


ေလ့က်င့္ခန္းလုပ္တုန္းလဲသံုး၊ ၾကြက္သားအသစ္ေတြတည္ေဆာက္ဖုိ့လဲသံုး၊ ၾကြက္သားအသစ္ေတြျဖစ္လာရင္လဲ အရင္ထက္ပိုသံုး၊ ဒီလုိ ၃ေနရာစလံုးမွာ စြမ္းအင္ေတြပိုသံုးေစတာမလုိ့ အေလးမေလ့က်င့္ခန္းက အဆီခ်လုိသူေတြအတြက္ တစ္ခ်က္ခုတ္ သံုးခ်က္ျပတ္ပါပဲ။

အေလးမေလ့က်င့္ခန္း + ေျပးလြွားလွဳပ္ရွားမွု
⭐️ ⭐️⭐️ ⭐️ ⭐️ 


အေလးမေလ့က်င့္ခနး္ဟာ တစ္ေန့ကို တစ္ခါလုပ္၊ ၄၅မိနစ္ကေန အမ်ားဆံုး တစ္နာရီ၀န္းက်င္လုပ္တာ အေကာင္းဆံုးလုိ့ ဆိုၾကပါတယ္။ အာမပြား၊ ဖုန္းတအားမၾကည့္ဘူးဆုိရင္ေပါ့။



အေလးေဆာ့ မိနစ္ ၅၀ေလာက္အျပီးမွာ ၁၀မိနစ္ေလာက္ ေျပးစက္မွာေျပး၊ ဒါမွမဟုတ္ ေလွကားတက္စက္၊ ဒါမွမဟုတ္ စက္ဘီးနင္းစက္မွာ ခပ္ျမန္ျမန္ေလး လုပ္လုိက္တာက အေလးမအျပီးမွာ စြမ္းအင္ကုန္သြားတာမလုိ့ အဆီမွ စြမ္းအင္တိုက္ရိုက္ယူေစတယ္ဆုိပါတယ္။ ဒါေ့ၾကာင့္ အဆီပိုက်ေစပါတယ္လို့ နာမည္ၾကီးတဲ့ Trainer ေတြက ေထာက္ခံက်ပါတယ္။ ဒါ့ေၾကာင့္ အဆီခ်ခ်င္သူေတြအတြက္ အထိေရာက္ဆံုး နည္း၊ 5 stars အျဖစ္ ဒီေဆာင္းပါးမွာ သတ္မွတ္ေပးတာပါ။

***********
ဒီေလာက္ဆုိ လမ္းပဲ ေလွ်ာက္ရင္ အဆီက်လား၊ ေျပးရင္ေရာ က်လား၊ ဘယ္ေလာက္က်မွာလဲ ေမးသူမ်ားအတြက္ ရွင္းသြားေလာက္ျပီထင္ပါတယ္။

အဆီကေတာ့ က်ေစမွာပါ။ ဒါေပမယ့္ ေလာကနိယာမအတိုင္း ကိုယ္လုပ္သေလာက္ ကုိယ္ရမွာဆုိတာကို မေမ့ပဲ တတ္စြမ္းသေလာက္ၾကိဳးစားရင္း ထုိက္တန္တဲ့ ရလဒ္ေတြရပါေစလုိ့။

ၾကိဳက္နွစ္သက္ပါက ျပန္လည္ေ၀မွ်နိုင္ပါသည္။ ေဆာင္းပါးတစ္ပုဒ္ေရးရာမွာ ဗဟုသုတစုေဆာင္းဖုိ့ အတြက္ေရာ၊ ေရးတဲ့ေနရာမွာအတြက္ပါ အခ်ိန္မ်ားစြာေပးထားရတာမလုိ့ မိမိကုိယ္ပိုင္ Page မွာ Credit ေပးျပီးျဖစ္ျဖစ္၊ Mention ျပီးျဖစ္ျဖစ္ ေ၀မွ်ပါက ယဥ္ေက်းပါေၾကာင္း။

Like and share the page Golden_Dreams ❤️#ThadinKabar

ဘယ်လိုလုပ်တာက ခန္ဓာကိုယ်အဆီကျဖို့ အထိရောက်ဆုံးလဲ ???

ပြေးပဲ ထပြေးရတော့မလား၊ အိပ်ထမတင်ပဲ ထလုပ်လိုက်ရတော့မလား၊ ကြိုးပဲ ခုန်ရတော့မလား၊ အလေးတုံးပဲ ကောက်ကိုင်ရတော့မလား ၊ လား လား လား ပေါင်းများစွာနဲ့ ခေါင်းရှုပ်နေပါသလား။ ဒါဆို ဒီဆောင်းပါးက သင့်အတွက်ပဲ ဖြစ်ပါတယ်။

Personal trainer (တတ်ကျွမ်းသူ)တွေအတွက် ဘယ်လေ့ကျင့်ခန်းက အဆီအမြန်ကျစေတယ်၊ ဘယ်လေ့ကျင့်ခန်းက ဘယ်ရည်ရွယ်ချက်အတွက် လုပ်တယ်ဆိုတာ ၁ အလီ ၁ ဆိုတာလိုမျိုး ရှင်းရှင်းလင်းလင်းမြင်နိုင်ပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ အပေါ်ကလိုမျိုး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာ မဆန်းပါဘူး။ သာမန်လူဆိုတာ Fitness ဘက်ကို မလိုက်စားဖူးခဲ့တဲ့လူတွေကိုဆိုလိုပြီး တစ်ချို့ အသိဆရာဝန်တွေတောင် ဘာလုပ်ရင် ဘာပိုကောင်းတယ်ဆိုတာ သေချာမသိကျပါဘူး။ ဆိုလိုချင်တာက သင်ဟာ အဆီကျချင်ပြီး ဘာလုပ်ရင် ပိုထိရောက်မှန်းမသိတာ မထူးဆန်းပါဘူးလို့ ဆိုလိုချင်တာပါ။ ကဲ၊ ဒီနေ့တော့ ဒီမေးခွန်းလေးကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းပြပါမယ်။

အသေးစားလှုပ်ရှားမှု ⭐️ 

ဒီအမျိုးအစားထဲမှာ လမ်းအနှေးလျှောက်တာ၊ ခါးလှည့်ကွင်းတွေလှည့်တာ၊ လှေကားအတက်အဆင်းလုပ်တာ စသဖြင့် အသေးစား နေ့တဓူဝလုပ်တာတွေကို ပိုလုပ်လိုက်တာမျိုးတွေပါပါတယ်။ ဥပမာ မနက်ခင်း၊ ညနေခင်း အချိန်ပိုလေးမှာ လမ်းထွက်လျှောက်လိုက်တာမျိုး၊ အရင်နည်းနည်းလှန်းတဲ့နေရာမျိုးကို ကားမစီးပဲ လမ်းလျှောက်သွားတာမျိုး စတဲ့ လှုပ်ရှားမှုမျိုးကို ဆိုလိုပါတယ်။

ဒီလိုလှုပ်ရှားမှုမျိုးက အဆီကျဖို့ ကူညီတယ်ဆိုပေမယ့် အထိရောက်ဆုံးတွေထဲမှာတော့ 1 star အဖြစ်နဲ့ အနှေးဆုံးနည်းအဖြစ် သတ်မှတ်ရမှာပါ။ ဒါပေမယ့် ဘာမှမလုပ်တာထပ်စာရင်တော့ အများကြီးကောင်းတယ်မဟုတ်လား။

အဝလွန်နေသူ၊ အချိန်မရသူများအတွက် ဒီနည်းကလဲ သိပ်မဆိုးလှဘူးလေ။

ပြေးလွှား လှုပ်ရှားမှု ⭐️ ⭐️ 

ဒီအမျိုးအစားထဲမှာတော့ လမ်းလျှောက်တာထပ် တစ်ဆင့်မြန်လာတဲ့ ပြေးတာ၊ ကြိုးခုံတာ၊ ရေကူးတာ၊ စက်ဘီးနင်းတာ၊ Zumba ကတာ စတာတွေပါပါတယ်။ အပေါ်ကလေ့ကျင့်ခန်းတွေထပ် လှုပ်ရှားမှုပိုများတာ၊ အရှိန်တင်လို့ရတာတွေကြောင့် ဒီလေ့ကျင့်ခန်းတွေက ပိုကောင်းတယ်လို့ဆိုတာပါ။

လှုပ်ရှားမှုများတာ၊ အရှိန်ပိုတင်လို့ရတယ်ဆိုတာက နှလုံးခုန်နှုန်းကို မြန်အောင် ပိုလုပ်လို့ရတယ်လို့ ဆိုလိုတာပါပဲ။ နှလုံးခုန်နှုန်းမြန်လေ၊ စွမ်းအင်များများသုံးလေ၊ အဆီပိုကျလေဆိုတော့ကာ ဒီလိုပုံစံ လေ့ကျင့်ခန်းမျိုးက အဆီချချင်သူတွေအတွက် အပေါ်က အသေးစားလှုပ်ရှားမှုထပ် ပိုကောင်းတယ်ဆိုရတာပါပဲ။

အလေးလွတ် ကြွက်သားကျင့် လှုပ်ရှားမှု ⭐️ ⭐️ ⭐️ 

ဒီအမျိုးအစားကတော့ အပေါ်က ပြေးလွှား လှုပ်ရှားမှုကို တစ်ဆင့်ထပ်မြှင့်လိုက်တယ်လို့ ဆိုရမှာပါ။ ခန္ဓာကိုယ်လှုပ်ရှားနေရုံအဆင့်မှာတင် မရပ်လိုက်ပဲ ကြွက်သားတွေကို ဖိအားပေးဖို့ ကြိုးစားတာပါပဲ။ ဒီလို Stress ဖိအားပေးမှပဲ ကြွက်သားအမျှင်လေးတွေ ပြတ်တောက်၊ လေ့ကျင့်ခန်းပြီးတဲ့အခါ ပြန်လည်ပြင်ဆင်ဖို့ စွမ်းအင်တွေလို၊ အဆီပိုကျပေါ့။

ဒီလိုလေ့ကျင့်ခန်းမျိုးက မောလဲမောတာမလို့ လုပ်နေစဉ် စွမ်းအင်သုံးရုံတင်မက လုပ်အပြီး ကြွက်သားပြင်ဆင်တဲ့အခါမှာလဲ စွမ်းအင်သုံး။ ဒါ့ကြောင့်မလို့ အပေါ်က ပြေးလွှားလှုပ်ရှားတာထပ် အနည်းငယ်သာတယ်ဆိုလိုတာပါ။ နောင်တစ်ခုက ဒီလိုလေ့ကျင့်ခန်းမျိုးကို အိမ်မှာပဲလုပ်နိုင်တာပါပဲ။

ဘယ်လိုလေ့ကျင့်ခန်းတွေလဲဆိုတော့ ဒိုက်ထိုး၊ ဘားခို၊ ထိုင်ထ၊ TRX နဲ့ တခြား Bodyweight လေ့ကျင့်ခန်းတွေပါပဲ။

အလေးမ လေ့ကျင့်ခန်း ⭐️ ⭐️ ⭐️ ⭐️ 

အလေးမလေ့ကျင့်ခန်းက အလေးလွတ် ကြွက်သားကျင့် လှုပ်ရှားတာတွေရဲ့ နေရာမှာ အလေးတုံး၊ အလေးတန်းတွေ ထည့်လိုက်တာပါပဲ။ ထိုင်တအလွတ်လုပ်မယ့်နေရာမှာ အလေးထမ်းပြီး လုပ်မယ်၊ ဒိုက်ထိုးတဲ့နေရာမှာ အလေးတွန်းမယ်၊ အိပ်ထမတင်လုပ်တဲ့နေရာမှာ အလေးကိုင်ထမယ် စသဖြင့် အလေးတုံးနဲ့ ဆော့တာတွေပေါ့။

အလေးမ လေ့ကျင့်ခန်းက အလေးလွတ်ထပ် သာတာတွေကို အရှည်ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ အမြင်သာဆုံးအချက်က အလေးမ လေ့ကျင့်ခန်းက ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားအစုံနည်းပါးကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ကျင့်နိုင်တာပါပဲ။

လုပ်နေစဉ်၊ လုပ်အပြီးတွေမှာ စွမ်းအင်များစွာသုံးရုံမက ကြွက်သားအသစ်တွေဖြစ်လာဖို့လဲ အလိုအပ်ဆုံးထဲက တစ်ခုပါပဲ။ (နောက်တစ်ခုက အစားအသောက်)

လေ့ကျင့်ခန်းလုပ်တုန်းလဲသုံး၊ ကြွက်သားအသစ်တွေတည်ဆောက်ဖို့လဲသုံး၊ ကြွက်သားအသစ်တွေဖြစ်လာရင်လဲ အရင်ထက်ပိုသုံး၊ ဒီလို ၃နေရာစလုံးမှာ စွမ်းအင်တွေပိုသုံးစေတာမလို့ အလေးမလေ့ကျင့်ခန်းက အဆီချလိုသူတွေအတွက် တစ်ချက်ခုတ် သုံးချက်ပြတ်ပါပဲ။

အလေးမလေ့ကျင့်ခန်း + ပြေးလွှားလှုပ်ရှားမှု
⭐️ ⭐️⭐️ ⭐️ ⭐️ 

အလေးမလေ့ကျင့်ခန်းဟာ တစ်နေ့ကို တစ်ခါလုပ်၊ ၄၅မိနစ်ကနေ အများဆုံး တစ်နာရီဝန်းကျင်လုပ်တာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ အာမပွား၊ ဖုန်းတအားမကြည့်ဘူးဆိုရင်ပေါ့။

အလေးဆော့ မိနစ် ၅၀လောက်အပြီးမှာ ၁၀မိနစ်လောက် ပြေးစက်မှာပြေး၊ ဒါမှမဟုတ် လှေကားတက်စက်၊ ဒါမှမဟုတ် စက်ဘီးနင်းစက်မှာ ခပ်မြန်မြန်လေး လုပ်လိုက်တာက အလေးမအပြီးမှာ စွမ်းအင်ကုန်သွားတာမလို့ အဆီမှ စွမ်းအင်တိုက်ရိုက်ယူစေတယ်ဆိုပါတယ်။ ဒါေ့ကြာင့် အဆီပိုကျစေပါတယ်လို့ နာမည်ကြီးတဲ့ Trainer တွေက ထောက်ခံကျပါတယ်။ ဒါ့ကြောင့် အဆီချချင်သူတွေအတွက် အထိရောက်ဆုံး နည်း၊ 5 stars အဖြစ် ဒီဆောင်းပါးမှာ သတ်မှတ်ပေးတာပါ။

***********
ဒီလောက်ဆို လမ်းပဲ လျှောက်ရင် အဆီကျလား၊ ပြေးရင်ရော ကျလား၊ ဘယ်လောက်ကျမှာလဲ မေးသူများအတွက် ရှင်းသွားလောက်ပြီထင်ပါတယ်။

အဆီကတော့ ကျစေမှာပါ။ ဒါပေမယ့် လောကနိယာမအတိုင်း ကိုယ်လုပ်သလောက် ကိုယ်ရမှာဆိုတာကို မမေ့ပဲ တတ်စွမ်းသလောက်ကြိုးစားရင်း ထိုက်တန်တဲ့ ရလဒ်တွေရပါစေလို့။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါသည်။ ဆောင်းပါးတစ်ပုဒ်ရေးရာမှာ ဗဟုသုတစုဆောင်းဖို့ အတွက်ရော၊ ရေးတဲ့နေရာမှာအတွက်ပါ အချိန်များစွာပေးထားရတာမလို့ မိမိကိုယ်ပိုင် Page မှာ Credit ပေးပြီးဖြစ်ဖြစ်၊ Mention ပြီးဖြစ်ဖြစ် ဝေမျှပါက ယဉ်ကျေးပါကြောင်း။

Like and share the page Golden_Dreams ❤️#ThadinKabar