ဖေဖေမေမေတို့ရေ ၁နှစ်ဝန်းကျင် အစားရွေးတဲ့ကလေး အစားစားလိုစိတ် နည်းတဲ့ ကလေး ထမင်းမစားတဲ့ ကလေးတွေကို ဘယ်လို ပုံစံမျိုး ဖြည့်စွက်အစာတွေကျွေးကြမလဲကျွေးသင့်လဲဆိုတာတွေ ပြန်ဖောက်သည်ချပေးမယ်နော်။
အရင်ဆုံးအစားအသောက်ရွေးတဲ့ကလေးတွေရဲ့ အမူအကျင့် တွေက ဘာတွေဖြစ်မလဲ ဆိုတာအရင်ပြောပြမယ်နော်။
၁။အစားအစာများကို ငြင်းဆန်ခြင်း - အထူးသဖြင့် ဟင်းသီးဟင်းရွက် များ အသီးအနှံများနှင့် အသားများ။
၂။အစာစားချိန်တွင် တွန်းထုတ်ခြင်း ပုန်းနေခြင်း သို့ အစားအစာများကို လွှင့်ပစ်ခြင်း။
၃။အစားအစာတမျိုးတည်းကိုသာ စားခြင်း။
၎။အစာအသစ်အဆန်းမစားခြင်း။
၅။နှေးကွေးစွာ အစားစားခြင်း သို့ ပါးစပ်ထဲတွင် အစားကို ငုံထားခြင်း။
၆။ကျန်းမာသော အစားအစာထက် ချို၍အဆီများသောအစားအစာကိုသာစားခြင်း။
၇။ထမင်းစားချိန်တွင် သရေစာများကိုသာစားခြင်း။
၈။အစာစားချိန်တွင် ငိုခြင်း အော်ဟစ်ခြင်း စိတ်ဆိုးခြင်း ဂျီကျခြင်းစသည်တို့ကို မကြာခဏ ပြုလုပ်လေ့ရှိခြင်း တွေပါ။
ကလေးတွေဟာ ဒီအရွက် ကို မစားချင်ဘူး ဆိုရင် တခုခု အဖြစ် ပုံပြောင်း ပါ။ တခုခုနဲ့ ရောချက်တာမျိုး၊ ကြိတ်ပြီးမှ ဟင်းထဲထည့်လိုက်တာမျိုး၊ အပေါ်ကနေ နုတ်နုတ်စင်း ပြီး ဖြူးတာမျိုး၊ သူစားတဲ့ အရာနှစ်ခုကြားညှပ်ပေးတာမျိုး တွေနဲ့ ပုံပြောင်းပါ။ အဓိက က ကလေး ကို စားချင်စိတ်ဖြစ်လာအောင်ပဲလုပ်ပေးပါအမိန့်မပေးပါနဲ့ ဇွတ်အတင်း စားခိုင်းတာမျိုး မခိုင်းပါစေချင်ပါဘူးနော်။
ဘေဘီကလေးအတွက် အာဟာရကြွယ်ဝသော အစာတွေဖြစ်တဲ့ အသား၊ ငါး နှင့် ဥ မျိုးစုံ(သို့မဟုတ်) ပဲအမျိုးမျိုး၊ အ၀ါရောင်နှင့် အနီရောင်အသီးအရွက်များတို့ကို နေ့စဉ် ပါဝင်အောင် စီမံကျွေးမွေးရပါမည်။ ထမင်းတစ်မျိုးထဲ မကျွေးသင့်ဘဲ အသား၊ ငါ၊ ဥ၊ ပဲ တို့နှင့် ရော၍ကျွေးရပါမည်။
အဓိက အစာကြီး ( ထမင်း ) တစ်နေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ်ကျွေးသည့်အပြင် အာဟာရပြည့်ဝသော သွားရည်စာကိုလည်း (၁)ကြိမ်၊ (၂)ကြိမ်ကျွေးနိုင်ပါသည်။ ကလေးနာမကျန်းဖြစ်နေသည့်အချိန်တွင် မိခင်နို့ ဒါမှမဟုတ် Formula Milk ကို အကြိမ်တိုးပြီးတိုက်ပြီး ကလေးကြိုက်တတ်တဲ့အစာမျိုးကို ချော့ပြီးကျွးသင့်ပါတယ်။
နေမကောင်းဖြစ်ပြီးကာစ နားလံထဘေဘီလေးတွေကိုလည်း (၂) ပတ်ကြာတဲ့အထိ အစာကို ပို၍ကျွေးရမှာပါ။
မိခင်နို့ဆက်လက်တိုက်ဖို့အခြေအနေ မပေးပါက အာဟာရလုံလောက်စွာပါဝင်သော အခြားနို့များကို ခွက်ဖြင့် တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့တိုက်ပေမယ့် မေမေတွေက အစုံမစားတာ လဲရှိတဲ့အပြင် ကလေးများကို ဥာဏ်ကောင်းစေ အဟာရပြည့်ဝစေလိုတဲ့ အခါ ဖြည့်စွက်စာများ ကျွေးချိန်တွင် Formula နို့မှုန့်ကို အကူထည့်သုံးပေးရန်လိုပါတယ်။
ကလေးင်္တေကိုလက်ဖက်ရည်၊ ကော်ဖီနှင့် အချိုရည်များလုံးဝမတိုက်ရပါဘူးရှင့်။ ဗီတာမင်၊ သတ္ထုဓာတ်များပါဝင်သည့် အားဆေးများတိုက်နိုင်ပါတယ်နော်။
မေမေတို့ရေ ဝမ်းပျက် ဝမ်းလျှော ဖြစ်တတ်ပြီး သွေးလွန် တုတ်ကွေးနဲ့ တုတ်ကွေး ပေါင်းစုံ ဖြစ်တတ်တဲ့ မိုးရာသီရောက်လာပြီမို့ သားသား မီးမီးတို့ကျန်းမာရေးကို ဂရုစိုက်ကြပါနော်. အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွေးပါ. ကိုယ်ခံအားကောင်းဖို့အတွက်လဲ ဗီတာမင်စီပြည့်ဝစေတာလေးတွေကျွေးပေးပါနော်
ယဉ်သူဇာလွင်
#ThadinKabar



