Saturday, October 13, 2018

၂၄စက္ကန့် အတွင်း ငရုပ်သီးအမှည့်ရွေးချယ်ဆွတ်ခူးနိုင်တဲ့ စက်ရုပ် သီးနှံရိတ်သိမ်းစက် တီထွင်အောင်မြင်



စိုက်ခင်းထဲမှာ သီးနေတဲ့ ငရုပ်ပွသီးအစိမ်း၊အမှည့်တွေထဲ က ခူးဆွတ်ချိန် တန်တဲ့ အမှည့်သီးတွေကို အလိုအလျေက်ရွေးချယ်ပြီ်း ၂၄ စက္ကန့် အတွင်းအပြီး ခူးဆွတ်နိုင်တဲ့  စက်ရုပ်ကို အောင်အောင်မြင်မြင် စမ်းသပ် အသုံးပြု့ နိုင်ခဲ့ ပြီလို့  တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ရုပ်သံသတင်းတစ်ခု မှာဖော်ပြထားပါတယ်။

ငရုပ်ပွအမှည့်ကိုပဲရွေးချယ်ခူးဆွတ်နိုင်တာ အောင်မြင်တဲ့ ရလဒ်လို့ ပြောပါတယ်။အဲဒီစက်ရုပ်ကိရိယာကို အစ္စရေးနိုင်ငံက ဘင်ဂူရီယံတက္ကသိုလ် နဲ့ အမေရိကန်၊ဆွီဒင်၊ဘယ်လဂျီယမ်၊နယ်သာလန် နိုင်ငံကသုတေသနအဖွဲ့တွေပူပေါင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။



ကနဦးပိုင်းစမ်းသပ်ချိန်မှာတော့  သုတေသီတွေက တစ်ပင်ချင်းအတန်း လိုက်စိုက်ပြီး လိုအပ်သလိုပြု့ပင်ထားတဲ့ကောက်ပဲသီးနှံတွေကို စက်ရုပ် က ခြေရာခံဆွတ်ခူးနိုင်ခဲ့တဲ့အဆင့်ကိုရရှိခဲ့ပါတယ်။

ဒီစက်ရုပ်ဟာ စိုက်ပျိုးရေးဏ္ဍကိုပြုပြုင်ပြောင်းလဲနိုင်မယ့်စက်ဖြစ် လာနိုင်ပြီး အမှိုက်တွေကိုလည်းလျော့ချနိုင်လိမ့်မယ်လို့ သုတေသီများက ယုံကြည်ကြသလို နောက်လာမယ် ၅နှစ် အတွင်းမှာလည်း အဆိုပါ စက်ရုပ်ကို စီးပွားဖြစ်မြန်မြန်ဆန်ဆန် အသုံးပြုလာကြ ကိုမြင်လာ ရလိမ့်မယ်လို့ သုတေသီများကဆိုပါတယ်။

KO
Ref: Sanook
#ThadinKabar