Saturday, October 13, 2018
ပည်ပသို့စပါးမှောင်ခိုရောင်းချခြင်းများမရှိနိုင်စေရန်အတွက်ဝန်ကြီးဌာနများနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေ
တရုတ်နိုင်ငံသို့ စပါးအတိုင်းမှောင်ခိုတင်ပို့မှုများပပျောက်စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာနနှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင်ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းကိုင်တွယ်ဖြေရှင်းလျှက်ရှိနေသည်ဟုသိရသည်။
"စပါးကိုပြည်တွင်းမှာတော့လွတ်လပ်စွာသယ်ယူခွင့်ပေးထားပါတယ်။ဒါပေမယ့်ပြည်ပကိုတရားဝင် တင်ပို့ခွင့်ရောင်းချခွင့်တို့မရှိပါဘူး။ခွင့်လဲမပြုထားပါဘူး၊ ဒါကြောင့်စပါးအများဆုံးထွက်နေတဲ့ဒေသတွေကို မှောင်ခိုဈေးကွက်ကနေ ပြည်ပကိုမထွက်ဖို့ တိုင်းအစိုးရအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။
စပါးကို မှောင်ခိုဈေးကွက်မှ တဆင့်ပြည်ပကိုတင်ပို့နေခြင်းကြောင့် ပြည်တွင်းဆန်ကုန်သည်များသာမက ဆန်စက်အချို့ကိုပါထိခိုက်မှုများရှိလာသဖြင့်အစိုးရမှ ဝင်ရောက်ထိန်းချုပ်နိုင်ရန်ဆောင်ရွက်နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းရှိရေပူစစ်ဆေးရေးစခန်းတွင် စပါးမှောင်ခိုတင်ပို့မှုများအတွက် စစ်ဆေးအရေးယူမှုများရှိနေသော်လည်း ရှောင်ကွင်းလမ်းများမှတဆင့် သယ်ယူနေကြသည့်အတွက် သတင်းအရ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်နေသည်ဟုသိရသည်။
အောင်ပြည့်စုံ
#ThadinKabar
