Tuesday, October 16, 2018

အသက်(၉ဝ)နှစ်အထက်ဘိုးဘွားများအား လူမှုရေးထောက်ပံ့ငွေ များပေးအပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေး ခန်းမတွင် အောက်တိုဘာလ (၁၅)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ အသက်(၉ဝ)နှစ် အထက် အဘိုး အဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့်(၃)လစာထောက်ပံ့ငွေပေးအပ်ပွဲကို
ကျင်းပခဲ့ကြောင်းသိရသည်။

အသက်(၉ဝ)နှစ်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်အကျိုးခံစားခွင့်(၃)လစာ ပေးအပ်ပွဲသို့ စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိုက်ထွန်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၁)အုပ်စုအတွင်းရှိ အသက် (၉ဝ)နှစ် အထက် အဘိုးအဘွား (၁၄၃)ဦးအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ငွေကျပ်(၄၂၉)သိန်းအားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌနှင့်ကော်မတီဝင်များမှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး များမှတဆင့် သက်ဆိုင်ရာဘိုးဘွားများသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ဝင်းဦး(ဇေယျာတိုင်း)

#သတင်းကမ္ဘာ