Sunday, October 14, 2018

ရန်ကုန်လိုင်စင် ပွိုင့်သရီးကားတွေအဝယ်လိုက်လာတဲ့ကားဈေးကွက်



ရန်ကုန် အောက်တိုဘာ ၁၄

ဒီတစ်ပတ်ထဲမှာတော့ မီနီထရပ်ကားလေးတွေနဲ့ရန်ကုန်လိုင်စင်ပွိုင့်သရီးကားတွေအဝယ်လိုက်နေပြီးကားဈေးကွက်က သွက်လာတဲ့အနေအထားမှာရှိနေတယ်လို့ဝယ်ရောင်းတွေကဆိုပါတယ်။

"ကားဈေးကွက်က အခုတစ်ပတ်ထဲမှာ အဝယ်လိုက်လာတယ်။သိန်းနှစ်ရာတန်ပွိုင့်သရီးလေးတွေ အတော်အဝယ်လိုက်လာတယ်ရန်ကုန်လိုင်စင်က ပိုသွက်တယ်။နယ်ကားတွေလဲအဝယ်ရှိပါတယ်"လို့ဟံသာဝတီကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ဦးစိုးမြင့်က ပြောပါတယ်။

ကားဈေးကွက်ထဲမှာ ဂျပန်တစ်ပတ်ရစ်ကားတွေအရောင်းထိုင်းနေရာက ဒီတစ်ပတ်ထဲမှာတော့ပြန်အဝယ်လိုက်လာတာဖြစ်ပါတယ်။အက္ခရာအနိမ့်ရန်ကုန်လိုင်စင်ကားတွေကို သိန်းနှစ်ရာဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပြီးနယ်ဝယ်လက်အချို့လဲ ဆင်းလာကြတယ်လို့ သိရပါတယ်။

ကားဈေးကွက်က အခုနှစ်ဆန်းကစတင်အေးစက်နေခဲ့တာဖြစ်ပြီးပြည်တွင်းမှာတပ်ဆင်တဲ့ကားတွေကိုအရစ်ကျဝယ်ယူမှုတွေသာရှိနေတာဖြစ်ပါတယ်။အခုလအတွင်းမှာတော့ခရီးသွားရာသီစတင်ပြီဖြစ်လို့ ကားအဝယ်အချို့ရှိလာခဲ့ပြီး ရန်ကုန်လိုင်စင်ကားတွေကို လူကြိုက်များအဝယ်လိုက်နေတယ်လို့သိရပါတယ်။

AF-287
#ThadinKabar