Tuesday, October 16, 2018

ပေါက်မြို့၌ဆင်ဇာချောင်းရေကျ၍ ချောင်းကမ်းပါးပြိုကျမှုများဖြစ်




 ပေါက်မြို့နယ်၌အောက်တိုဘာလ ဆန်းပိုင်းတွင်မိုးအဆက် မပြတ်ရွာသွန်း ခြင်းကြောင့်ဆင်ဇာချောင်းရေများတ ဟုန်ထိုးစီးဆင်းကာချောင်းကမ်းပါးပြိုကျမှုများဖြစ်ပွါးခဲ့သည်။ ချောင်းရေတိုက်စားကမ်းပါးပြိုကျခြင်း များကြောင့်၁၉၈၉ ခုနှစ်အောက်တိုဘာ၌နေအိမ်အချို့မျောပါ၍လူသေဆုံးမှုများဖြစ်ပွားခဲ့သည်။ထို့ကြောင့်ပေါက် မြို့အောင်ချမ်းသာရပ်ကွက်နှင့်အောင် တံခွန်ရပ်ကွက်တောင်ပိုင်းဆင်ဇာ ချောင်းဘေး တလျေက်ရှိနေအိမ်အချို့ ချောင်းရေတိုက်စားမျောပါမည်ကိုစိုး ရိမ်နေကြသည်။

အဆိုပါချောင်းရေတိုက်စားခြင်း ကြောင့်ချောင်းကမ်းပါးပြို ကျမှုများကို ဆက်လက်မဖြစ်ပွါးစေရန်အတွက် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးရဲထွန်းဝင်း|မြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော် စွာအုန်း၊ပြန်/ဆက် ဦးစီးမှူးဦးစောမြင့်ခိုင်|မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအ ကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ရပ်ကွက်နေပြည်သူများနှင့်အတူလူအင်အား၊ စက်အင်အားများအသုံး ပြုကာချောင်းရေကြောင်းလမ်းလွှဲ ပြောင်းမှုများလုပ် ကိုင်ဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

ဉာဏ်တိုး(ပေါက်)

 #သတင်းကမ္ဘာ