Saturday, October 13, 2018

ဒီးမောဆိုမြို့နယ် မြို့မဈေးအတွင်း အသားငါးများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျရောင်းချမှုရှိ/မရှိ စစ်ဆေး




ကယားပြည်နယ် ဒီးမောဆိုမြို့နယ် မြို့မဈေးအတွင်း အသားငါးများ ရောင်းချရာတွင်  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချမှုရှိ/မရှိကို ယနေ့ နံနက် ၈ နာရီ အချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့မဈေးအတွင်း အသားငါးများ ရောင်းချရာတွင် စားသုံးဝယ်ယူသူများအတွက် အဆင်ပြေကောင်းမွန်မှု ရှိစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန်၊စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျရောင်းချမှု ရှိစေရန်အတွက် အသားငါးများ ရောင်းချသည့် ဆိုင်များအား အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။





အဆိုပါ အသိပညာပေးစစ်ဆေးဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။
#crd…
#ThadinKabar