Saturday, October 13, 2018

လွိုင်ကော်မြို့၌ ၉ မမ ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၁၁)တောင့် ဖမ်းဆီးရမိ



လွိုင်ကော်မြို့၌ ၉ မမ ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၁၁)တောင့် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်နေ ကိုကိုနိုင်(ခ) အနိုင်(၄၃)နှစ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း အိပ်ယာခေါင်းရင်းရှိ ပြောက်ကျား အိတ်အတွင်းမှ ချက်နိုင်ငံလုပ် CZ75 BGAL.9 LUGER ၉မမ ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ်(၁) ခု၊ ၎င်းကျည်(၁၁)တောင့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝန်ထမ်းကတ်(၁)ခု၊ ထောက်ခံချက်(၁)စောင်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား လွိုင်ကော်မြို့မရဲစခန်း အရေးယူထားကြောင်း သိရသည်။

Credit - ခရီးသည်
#ThadinKabar