Tuesday, October 9, 2018

ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းပိုင္းတြင္ ယာဥ္ငယ္တစ္စီး မီးေလာင္ကြၽမ္းမႈျဖစ္ပြား



ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္ လမ္းမႀကီးရဲစခန္းအပိုင္ ေနျပည္ေတာ္- ရန္ကုန္ အျမန္လမ္းမႀကီး တြင္ ေနျပည္ေတာ္မွ ရန္ကုန္ဘက္သို႔ေမာင္းႏွင္လာေသာ ယာဥ္ငယ္တစ္စီး ေအာက္တိုဘာ ၈ ရက္ ည ၈ နာရီအခ်ိန္ခန္႔၌ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အျမန္လမ္းမႀကီး မိုင္တိုင္ ၉၉/၂ ႏွင့္ ၃ အၾကားတြင္ ယာဥ္ငယ္ တစ္စီးမီးေလာင္ကြၽမ္းလ်က္ရွိေၾကာင္း သတင္းအရ ၿမိဳ႕ေခ်ာင္း အျမန္လမ္းရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ႏိုင္ဝင္း ဦးစီးအဖြဲ႕သည္ အျမန္လမ္းမႀကီး မီးသတ္တပ္ဖြဲ႕မွ လက္ေထာက္ဦးစီးမွဴး ဦးေဝဇင္ ဦးစီးအဖြဲ႕တို႔ပူးေပါင္း၍ မီးသတ္ယာဥ္တစ္စီးျဖင့္ သြားေရာက္ စစ္ေဆးၿငိမ္းသတ္ခဲ့ရျခင္းျဖစ္သည္။

 ေနျပည္ေတာ္မွရန္ကုန္ဘက္သို႔ ျပည္သစ္ႏိုင္(၃၄)ႏွစ္၊ မရမ္းကုန္း ၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕ေနသူတစ္ဦးတည္း ေမာင္းႏွင္လာ ေသာ3F/----- NISSANယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္ ေရွ႕အင္ဂ်င္စက္ ခန္းအတြင္းမွ မီးခိုးမ်ားထြက္လာၿပီးေနာက္မီးေလာင္ ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္းသိရ၍ ယာဥ္ေမာင္းျပည္သစ္ႏုိင္ (၃၄)ႏွစ္အား ၿမိဳ႕ေခ်ာင္းအျမန္လမ္းရဲစခန္းက အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။


source;Myanmaalinn-ကိုလြင္(ဆြာ)
credit-သစ္ထူးလြင္

#သတင္းကမ႓ာ


Unicode ဖြင့်ဖတ်ရန်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီးရဲစခန်းအပိုင် နေပြည်တော်- ရန်ကုန် အမြန်လမ်းမကြီး တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော ယာဉ်ငယ်တစ်စီး အောက်တိုဘာ ၈ ရက် ည ၈ နာရီအချိန်ခန့်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အမြန်လမ်းမကြီး မိုင်တိုင် ၉၉/၂ နှင့် ၃ အကြားတွင် ယာဉ်ငယ် တစ်စီးမီးလောင်ကျွမ်းလျက်ရှိကြောင်း သတင်းအရ မြို့ချောင်း အမြန်လမ်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး နိုင်ဝင်း ဦးစီးအဖွဲ့သည် အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဦးဝေဇင် ဦးစီးအဖွဲ့တို့ပူးပေါင်း၍ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက် စစ်ဆေးငြိမ်းသတ်ခဲ့ရခြင်းဖြစ်သည်။

 နေပြည်တော်မှရန်ကုန်ဘက်သို့ ပြည်သစ်နိုင်(၃၄)နှစ်၊ မရမ်းကုန်း မြို့နယ် ရန်ကုန်မြို့နေသူတစ်ဦးတည်း မောင်းနှင်လာ သော3F/----- NISSANယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့အင်ဂျင်စက် ခန်းအတွင်းမှ မီးခိုးများထွက်လာပြီးနောက်မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရ၍ ယာဉ်မောင်းပြည်သစ်နိုင် (၃၄)နှစ်အား မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


source;Myanmaalinn-ကိုလွင်(ဆွာ)

credit-သစ်ထူးလွင်


#သတင်းကမ္ဘာ