Tuesday, October 9, 2018
နွစ္ပတ္အတြင္းေျဗာင္းကနဲဆိုျပီး၀ိတ္ေလးအနည္းငယ္က်သြားေစဖုိ႕…
ဒီလိုနည္းလမ္းေလးေတြအတြက္အခ်ိန္နွစ္ပတ္ေလာက္ပဲလုိပါတယ္…(မွန္ဖို႕ေတာ႔လိုတယ္ေနာ္)
1. မနက္ေစာေစာထပါ
မနက္ေစာေစာထပါမနက္ကိုေနဖင္ထုိးေအာင္အိပ္တာမ်ိဳးေလ်ာ႔ျပီးတစ္ေန႕၇နာရီ ၈နာရီေလာက္အိပ္တာနဲ႕တင္အျပည္႔အ၀လံုးေလာက္ေနပါျပီ။ အရမ္းအိပ္တတ္တဲ႔အက်င္႔ကိုေျဖာက္ျပီးပံုမွန္အိပ္ယာေစာေစာထျကည္႔ပါ။
2. မ်ားမ်ားရယ္ပါ
ရယ္ေမာျခင္းက အသက္ရွည္၏ ဆိုတဲ့ စကားကေရွးကတည္းက ရွိခဲ့တာပါ။
တကယ္ေတာ့ သင္ရယ္ေမာလိုက္ရင္ သင့္ရဲ႕ကယ္လိုရီေတြကုိ ေလင္က်ြမ္းသြားေစပါတယ္။
သင့္ရဲ႕တေန့တာမွာ မ်ားမ်ားရယ္ျခင္းဟာလည္း သင့္ရဲ႕ကုိယ္အေလးခ်ိန္ကုိ ေလ်ာ့က်ေစပါတယ္တဲ့။
3. အားကစားတစ္ခုပံုမွန္လုပ္ပါ
အားကစားတစ္ခုပံုမွန္လုပ္ပါအားကစားကို တစ္ေန႕တစ္ျကိမ္အခ်ိန္တစ္ခုသတ္မွတ္ျပီးပံုမွန္လုပ္ေပးသင္႔ပါတယ္။ ဒါမွတစ္ေန႕တာစားထားသမ်ွကယ္လိုရီကိုေလ်ာ႔ခ်ေပးနုိင္ျပီး၀ိတ္မတက္လာေအာင္ထိန္းေပးနုိင္မွာျဖစ္ပါတယ္။
4. စနစ္တက်စားပါ( အဆီအစိမ္႔မ်ားတဲ႔အစားစာမ်ိဳးကိုလံုး၀မေရွာင္ပဲ တစ္ပတ္တစ္ျကိမ္ေလာက္အားရေအာင္စားပါ)
ကိုယ္စားခ်င္တာေတြကိုမစားရပဲ အျမဲထိန္းခ်ဳပ္ထားစရာမလုိပါဘူး။ ဒီလုိထိန္းခ်ဳပ္ျခင္းကစိတ္ဖိစီးမႈမ်ားျပီးပိုလုိ႕၀ိတ္တက္ေစတာမလို႕ သင္႔တင္႔ျပီးအဆီနည္းတဲ႔အစားစာကို ပံုမွန္စားျပီး ကိုယ္အာသီသရွိရာကိုတစ္ပတ္တစ္ျကိမ္စားသံုးလုိ႕ရပါတယ္။
5. အိပ္ေရး၀၀အိပ္ပါ…
အိပ္ေရး၀၀အိပ္ပါ…အိပ္ေရး၀၀အိပ္ျခင္းက ပိုလို႕၀ိတ္ခ်ေစတယ္ဆုိတာအမွန္ပါ။ တစ္ခ်ိဳ႕အိပ္ေရးမ၀ရင္ပို၀တယ္တို႕ဘာတို႕ျကာဖူးျကမွာပါ။ တကယ္ပါပဲ အိပ္ေရး၀၀မအိပ္စက္ပဲ အိပ္ေရးအပ်က္မ်ားျခင္းက စိတ္ကိုမလန္းေစတဲ႔အျပင္ ပိုလိုေဖာသြပ္သြပ္နဲက၀တုတ္လာေစပါတယ္။
Credit: buzzy.com.mm
#သတင္းကမ႓ာ
Unicodeဖြင့်ဖတ်ရန်
နှစ်ပတ်အတွင်းဗြောင်းကနဲဆိုပြီးဝိတ်လေးအနည်းငယ်ကျသွားစေဖို့…
ဒီလိုနည်းလမ်းလေးတွေအတွက်အချိန်နှစ်ပတ်လောက်ပဲလိုပါတယ်…(မှန်ဖို့တော့လိုတယ်နော်)
1. မနက်စောစောထပါ
မနက်စောစောထပါမနက်ကိုနေဖင်ထိုးအောင်အိပ်တာမျိုးလျော့ပြီးတစ်နေ့၇နာရီ ၈နာရီလောက်အိပ်တာနဲ့တင်အပြည့်အဝလုံးလောက်နေပါပြီ။ အရမ်းအိပ်တတ်တဲ့အကျင့်ကိုဖြောက်ပြီးပုံမှန်အိပ်ယာစောစောထကြည့်ပါ။
2. များများရယ်ပါ
များများရယ်ပါ
3. အားကစားတစ်ခုပုံမှန်လုပ်ပါ
အားကစားတစ်ခုပုံမှန်လုပ်ပါအားကစားကို တစ်နေ့တစ်ကြိမ်အချိန်တစ်ခုသတ်မှတ်ပြီးပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒါမှတစ်နေ့တာစားထားသမျှကယ်လိုရီကိုလျော့ချပေးနိုင်ပြီးဝိတ်မတက်လာအောင်ထိန်းပေးနိုင်မှာဖြစ်ပါတယ်။
4. စနစ်တကျစားပါ( အဆီအစိမ့်များတဲ့အစားစာမျိုးကိုလုံးဝမရှောင်ပဲ တစ်ပတ်တစ်ကြိမ်လောက်အားရအောင်စားပါ)
စနစ်တကျစားပါ( အဆီအစိမ့်များတဲ့အစားစာမျိုးကိုလုံးဝမရှောင်ပဲ တစ်ပတ်တစ်ကြိမ်လောက်အားရအောင်စားပါ)ကိုယ်စားချင်တာတွေကိုမစားရပဲ အမြဲထိန်းချုပ်ထားစရာမလိုပါဘူး။ ဒီလိုထိန်းချုပ်ခြင်းကစိတ်ဖိစီးမှုများပြီးပိုလို့ဝိတ်တက်စေတာမလို့ သင့်တင့်ပြီးအဆီနည်းတဲ့အစားစာကို ပုံမှန်စားပြီး ကိုယ်အာသီသရှိရာကိုတစ်ပတ်တစ်ကြိမ်စားသုံးလို့ရပါတယ်။
5. အိပ်ရေး၀၀အိပ်ပါ…
အိပ်ရေး၀၀အိပ်ပါ…အိပ်ရေး၀၀အိပ်ခြင်းက ပိုလို့ဝိတ်ချစေတယ်ဆိုတာအမှန်ပါ။ တစ်ချို့အိပ်ရေးမဝရင်ပိုဝတယ်တို့ဘာတို့ကြာဖူးကြမှာပါ။ တကယ်ပါပဲ အိပ်ရေး၀၀မအိပ်စက်ပဲ အိပ်ရေးအပျက်များခြင်းက စိတ်ကိုမလန်းစေတဲ့အပြင် ပိုလိုဖောသွပ်သွပ်နဲကဝတုတ်လာစေပါတယ်။
Credit: buzzy.com.mm
#သတင်းကမ္ဘာ
