Tuesday, October 9, 2018

အိႏိၵယႏုိင္ငံအေနာက္ပုိင္း၌ ဇီကာဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၂ ဦးရွိ ၊ ေသဆံုးသူ မရွိေသး



အိႏိၵယႏုိင္ငံအေနာက္ပုိင္း Rajasthan ျပည္နယ္၌ ၂ဝ၁၇ ခုႏွစ္ ဇန္နဝါရီလမွ စတင္ကာ ဇီကာဗုိင္းရပ္စ္တတိယအႀကိမ္ ကူးစက္ျပန္ ့ႏွံ ့မႈ ျဖစ္ေပၚလ်က္ရွိရာ လူေပါင္း ၂၂ ဦး ေရာဂါကူးစက္ခံရၿပီး ေသဆံုးသူ မရွိေၾကာင္း အိႏိၵယႏုိင္ငံက ေအာက္တုိဘာ ၁ဝ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

“ အဲဒီရက္စြဲကစၿပီး လူေပါင္း ၂၂ ဦးဗုိင္းရပ္စ္ပုိးကူးစက္ခံရတယ္လုိ ့ဓာတ္ခြဲခန္းက အေျဖထုတ္ေပးပါတယ္။ ေရာဂါကူးစက္မႈအေျခအေနေတြကုိ ထိန္းခ်ဳပ္ဖုိ ့ ေရာဂါပုိးထိန္းခ်ဳပ္ေရးဗဟုိဌာန(NCDC) ကလုပ္ေဆာင္ေနပါတယ္ ” ဟု အိႏိၵယႏုိင္ငံက်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အဆင့္ျမင့္အရာရွိတစ္ဦးက ေျပာၾကားရာတြင္ ေရာဂါကူးစက္ခံရသူ ၂၂ ဦးစလံုးသည္ ျပည္နယ္ၿမိဳ ့ေတာ္ Jaipur ၿမိဳ ့မွ ျဖစ္ေၾကာင္း ဆုိသည္။ “ ေရာဂါကူးစက္ခံရသူအခ်ိဳ ့ဟာ ဘီဟာျပည္နယ္က ေရာက္လာတဲ့ ေရႊ ့ေျပာင္းလုပ္သားေတြပါ။ ကံေကာင္းေထာက္မလုိ ့ေပါ့။ အခုခ်ိန္ထိ ေသဆံုးသူ မရွိေသးပါဘူး” ဟု ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။

ေဒသတြင္းမီဒီယာကေဖာ္ျပရာတြင္ အိႏိၵယႏုိင္ငံဝန္ႀကီးခ်ဳပ္ နာရျႏၵာမုိဒီက Rajasthan ျပည္နယ္တြင္ ဇီကာဗုိင္းရပ္စ္ျပန္ ့ႏွံ ့ေနေၾကာင္း ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

ဇီကာဗုိင္းရပ္စ္သည္ ေန ့အခ်ိန္တြင္ ပ်ံဝဲေနသည့္ ေအးဒိစ္ျခင္(Aedes)မွတဆင့္ ကူးစက္ပ်ံ ့ႏွံ ့ျခင္းျဖစ္ေၾကာင္း ၊ ဗုိင္းရပ္စ္ပုိးကူးစက္ခံရပါက အဖ်ားတက္ျခင္း ၊ အေရျပားတြင္ အနီဖုမ်ားထြက္ျခင္း ၊ မ်က္လံုးမ်က္ခမ္းမ်ား အနီေယာင္သမ္းလာျခင္း ၊ ၾကြက္သား ႏွင့္ အရုိးအဆစ္မ်ား ကုိက္ခဲျခင္း ႏွင့္ ေခါင္းကိုက္ျခင္း တုိ ့ပါဝင္သည့္ ေဝဒနာမ်ားခံစားရေၾကာင္း သိရသည္။

အိႏိၵယႏုိင္ငံ၌ ပထမဆံုးဇီကာဗုိင္းရပ္စ္ကူးစက္ခံရမႈမွာ ၂ဝ၁၇ ခုႏွစ္ ဇန္နဝါရီတြင္ ႏုိင္ငံအေနာက္ပုိင္း Gujarat ျပည္နယ္၌ စတင္ျဖစ္ပြားခဲ့ေၾကာင္း ၊ ဒုတိယအၾကိမ္ ေရာဂါကူးစက္ပ်ံ ့ႏွံ ့မႈမွာ ႏုိင္ငံေတာင္ပုိင္း Tamil Nadu ၌ ၂ဝ၁၇ ခုႏွစ္တြင္ ျဖစ္ပြားခ့ဲေၾကာင္း ၊ ေရာဂါျဖစ္ပြားသည့္ ေနရာ ႏွစ္ခုစလံုးကုိ ထိန္းခ်ဳပ္ႏုိင္ခဲ့ေၾကာင္း သိရသည္။


 credit-သစ္ထူးလြင္

#သတင္းကမ႓ာ

 Unicode ဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇီကာဗိုင်းရပ်စ်တတိယအကြိမ် ကူးစက်ပြန့်နှံ့မှု ဖြစ်ပေါ်လျက်ရှိရာ လူပေါင်း ၂၂ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ မရှိကြောင်း အိန္ဒိယနိုင်ငံက အောက်တိုဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ အဲဒီရက်စွဲကစပြီး လူပေါင်း ၂၂ ဦးဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ဓာတ်ခွဲခန်းက အဖြေထုတ်ပေးပါတယ်။ ရောဂါကူးစက်မှုအခြေအနေတွေကို ထိန်းချုပ်ဖို့ ရောဂါပိုးထိန်းချုပ်ရေးဗဟိုဌာန(NCDC) ကလုပ်ဆောင်နေပါတယ် ” ဟု အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားရာတွင် ရောဂါကူးစက်ခံရသူ ၂၂ ဦးစလုံးသည် ပြည်နယ်မြို့တော် Jaipur မြို့မှ ဖြစ်ကြောင်း ဆိုသည်။ “ ရောဂါကူးစက်ခံရသူအချို့ဟာ ဘီဟာပြည်နယ်က ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ။ ကံကောင်းထောက်မလို့ပေါ့။ အခုချိန်ထိ သေဆုံးသူ မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာကဖော်ပြရာတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက Rajasthan ပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ပြန့်နှံ့နေကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် နေ့အချိန်တွင် ပျံဝဲနေသည့် အေးဒိစ်ခြင်(Aedes)မှတဆင့် ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း ၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက အဖျားတက်ခြင်း ၊ အရေပြားတွင် အနီဖုများထွက်ခြင်း ၊ မျက်လုံးမျက်ခမ်းများ အနီယောင်သမ်းလာခြင်း ၊ ကြွက်သား နှင့် အရိုးအဆစ်များ ကိုက်ခဲခြင်း နှင့် ခေါင်းကိုက်ခြင်း တို့ပါဝင်သည့် ဝေဒနာများခံစားရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပထမဆုံးဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ်၌ စတင်ဖြစ်ပွားခဲ့ကြောင်း ၊ ဒုတိယအကြိမ် ရောဂါကူးစက်ပျံ့နှံ့မှုမှာ နိုင်ငံတောင်ပိုင်း Tamil Nadu ၌ ၂ဝ၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ရောဂါဖြစ်ပွားသည့် နေရာ နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။



 credit-သစ်ထူးလွင်


#သတင်းကမ္ဘာ