Tuesday, October 9, 2018

ေျမာက္ဦးျမိဳ႕နယ္တြင္ က်ပ္တစ္ေသာင္းတန္အတု ၃၇၉ ရြက္သိမ္းဆည္းရမိျပီးေနာက္ လူ ၅ဦး စစ္ေဆးခံေနရ



ရခိုင္ျပည္နယ္၊ ေျမာက္ဦးျမိဳ႕နယ္၊ ၾကိမ္ေခ်ာင္းေက်းရြာတြင္ က်ပ္တစ္ေသာင္းတန္အတု ၃၇၉ ရြက္ကို သိမ္းဆည္းရမိျပီးေနာက္ လူ ၅ ဦးကို ရဲက ေခၚယူစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

၎လူ ၅ ဦးမွာ ေျမာက္ဦးျမိဳ႕နယ္ ဗူးရြက္မညိဳးေက်းရြာမွ ၂ ဦး၊ ၾကိမ္ေခ်ာင္းမွ တစ္ဦးႏွင့္ ရေသ့ေတာင္ျမိဳ႕နယ္မွ ၂ ဦးျဖစ္ေၾကာင္း ၾကိမ္ေခ်ာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေမာင္သိန္းက နိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

“ စုစုေပါင္း ၅ ဦးကို ရဲကေခၚယူစစ္ေဆးေနပါတယ္။ ေငြက ၃၇ သိန္း ၉ ေသာင္းဖမ္းမိပါတယ္။ တစ္ေသာင္းတန္ေတြပါ။ လူက ၅ ေယာက္ပါ။ ျမိဳ႕နယ္ျခားပါတယ္။ ဗူးရြက္မညိဳး၊ ၾကိမ္ေခ်ာင္း၊ ရေသ့ေတာင္ျမိဳ႕နယ္က ျပင္၀န္းက ၂ ဦးပါ” ဟု သူက ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး ေျမာက္ဦးျမိဳ႕မ ရဲစခန္းသို႕ ဆက္သြယ္ေမးျမန္းရာ စခန္းမွဴးက ေငြအတုႏွင့္ ပတ္သက္ျပီး စစ္ေဆးေနတုန္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ ဖမ္းဆီးတဲ့အဆင့္ကို မေရာက္ေသးပါဘူး။ စစ္ေဆးေမးျမန္းေနတုန္းဘဲ ျဖစ္ပါတယ္။ မနက္ျဖန္မွ အတိအက် ထုတ္ျပန္ႏိုင္မွာ ျဖစ္ပါတယ္။ ေငြေတြက ကၽြန္ေတာ္တို႕ သြားဖမ္းတာ မဟုတ္ပါဘူး။ လာအပ္တာ ျဖစ္ပါတယ္။ ေငြအတုေတြ႕လို႕ဆိုျပီး လာအပ္တာ ျဖစ္ပါတယ္” ဟု ေျမာက္ဦးျမိဳ႕မ စခန္းမွဴးက ေျပာၾကားသည္။

ရေသ့ေတာင္ျမိဳ႕နယ္ ျပင္၀န္းမွ လူႏွစ္ဦးမွာ အဆုိပါ ၾကိမ္ေခ်ာင္းရြာသုိ႕ ကၽြဲႏြား၀ယ္ရန္ ေရာက္ရွိေနသူမ်ား ျဖစ္ေၾကာင္း သိရသည္။

source;Narinjara
credit;thithtoolwin

 #သတင္းကမ႓ာ

 Unicode ဖြင့်ဖတ်ရန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် ကျပ်တစ်သောင်းတန်အတု ၃၇၉ ရွက်ကို သိမ်းဆည်းရမိပြီးနောက် လူ ၅ ဦးကို ရဲက ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

၎င်းလူ ၅ ဦးမှာ မြောက်ဦးမြို့နယ် ဗူးရွက်မညိုးကျေးရွာမှ ၂ ဦး၊ ကြိမ်ချောင်းမှ တစ်ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၂ ဦးဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ စုစုပေါင်း ၅ ဦးကို ရဲကခေါ်ယူစစ်ဆေးနေပါတယ်။ ငွေက ၃၇ သိန်း ၉ သောင်းဖမ်းမိပါတယ်။ တစ်သောင်းတန်တွေပါ။ လူက ၅ ယောက်ပါ။ မြို့နယ်ခြားပါတယ်။ ဗူးရွက်မညိုး၊ ကြိမ်ချောင်း၊ ရသေ့တောင်မြို့နယ်က ပြင်ဝန်းက ၂ ဦးပါ” ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးက ငွေအတုနှင့် ပတ်သက်ပြီး စစ်ဆေးနေတုန်းဖြစ်ကြောင်း ပြောကြားသည်။

“ ဖမ်းဆီးတဲ့အဆင့်ကို မရောက်သေးပါဘူး။ စစ်ဆေးမေးမြန်းနေတုန်းဘဲ ဖြစ်ပါတယ်။ မနက်ဖြန်မှ အတိအကျ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ငွေတွေက ကျွန်တော်တို့ သွားဖမ်းတာ မဟုတ်ပါဘူး။ လာအပ်တာ ဖြစ်ပါတယ်။ ငွေအတုတွေ့လို့ဆိုပြီး လာအပ်တာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့မ စခန်းမှူးက ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြင်ဝန်းမှ လူနှစ်ဦးမှာ အဆိုပါ ကြိမ်ချောင်းရွာသို့ ကျွဲနွားဝယ်ရန် ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။

source;Narinjara

credit;thithtoolwin



 #သတင်းကမ္ဘာ