ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ ရာ့ခ်္ေဒ၀ီနယ္ေျမ ပရဒူနမ့္ေစ်းႀကီးအနီးမွာ မေန႔ညက လူငယ္အခ်င္းခ်င္း ခုိက္ရန္ျဖစ္ၿပီး ေသနတ္ေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ကမၻာလွည့္ခရီးသည္ေတြ ေသဆံုးဒဏ္ရာရခဲ့ၾကပါတယ္။
အိႏၵိယႏိုင္ငံသားအမ်ားစုပါ၀င္တဲ့ ကမၻာလွည့္ခရီးသည္ေတြဟာ ေအာက္တုိဘာ ၇ ရက္ေန႔ ည ၈ နာရီခြဲေလာက္က စားေသာက္ဆိုင္တဆုိင္မွာ ၀င္ေရာက္စားေသာက္ၿပီး လာႀကိဳမယ့္ ကားကို ေစာင့္ဆိုင္းေနစဥ္ လူငယ္တစု ေျပးလႊားရင္း ပစ္ခတ္လာရာက လူအုပ္ထဲ က်ည္ဆန္ထိမွန္ၿပီး ထိခိုက္ဒဏ္ရာရခဲ့ၾကတာပါ။
အခင္းျဖစ္ေနရာအနီးမွာ ၉ မမ နဲ႔ ၁၆ မမ က်ည္ခြံမ်ားစြာ ေတြ႔ရွိရၿပီး ၿမိဳ႕လယ္ေခါင္တိုက္ပြဲလိုျဖစ္ခဲ့ေၾကာင္း၊ လူငယ္ေတြမွာ တဖက္က ၂၀ ေက်ာ္၊ အျခား တဖက္ ၃ ဦးသာ ရွိေပမယ့္ ေသနတ္ပါရွိတယ္လို႔ ထိုင္းအမ်ိဳးသားရဲတပ္ဖြဲ႔မွ ရဲမႉးႀကီး ဆူရေခ့်ခ်္ ဟတ္ဖန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။
ခိုက္ရန္ျဖစ္ပြားသူ လူငယ္ေတြကို ညတြင္းခ်င္း လိုက္လံစံုစမ္းရွာေဖြရာမွာ အဓိက ေသနတ္နဲ႔ပစ္သူ လူငယ္ ၃ ဦးကို ဘယ္သူဘယ္၀ါဆိုတာ သိရွိရၿပီး ဒီေန႔မနက္ အိမ္ေတြမွာ သြားဖမ္းခဲ့ေၾကာင္း၊ ဒါေပမယ့္ လူငယ္ေတြရွိမေနလို႔ တရား႐ုံးကေန ၀ရမ္းထုတ္ေပးဖို႔ စီစဥ္ေန ေၾကာင္း၊ ခိုက္ရန္ျဖစ္ပြြားရတဲ့ အေၾကာင္းရင္းနဲ႔ အျခားလူငယ္ေတြကိုလည္း ဆက္လက္စံုစမ္းေဖာ္ထုတ္ေနတယ္လို႔ ရဲမႉးႀကီးက ေျပာပါတယ္။
ေသဆံုးသူေတြမွာ ခိုက္ရန္ျဖစ္ပြားသူ လူငယ္ေတြနဲ႔ လံုး၀ပတ္သက္ေနသူ မဟုတ္ေၾကာင္း၊ သူတို႔ထိခိုက္နစ္နာမႈေတြအတြက္ ေဆာင္ရြက္ေပးသြားမွာျဖစ္သလို ဒဏ္ရာရ ႏိုင္ငံျခားသားေတြကိုလည္း သြားေရာက္ၾကည့္႐ႈအားေပးကာ ေဆးဆက္ကုႏိုင္ဖို႔အတြက္ ေနထိုင္ခြင့္ဗီဇာ ထပ္တိုးေပးဖို႔ ညႊန္ၾကားထားတယ္လို႔ ရဲမႉးႀကီးက ေျပာသြားပါတယ္။
credit; DVB
#သတင္းကမ႓ာ
Unicode ဖြင့်ဖတ်ရန်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာ့ချ်ဒေဝီနယ်မြေ ပရဒူနမ့်ဈေးကြီးအနီးမှာ မနေ့ညက လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေနတ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံသားအများစုပါဝင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ အောက်တိုဘာ ၇ ရက်နေ့ ည ၈ နာရီခွဲလောက်က စားသောက်ဆိုင်တဆိုင်မှာ ဝင်ရောက်စားသောက်ပြီး လာကြိုမယ့် ကားကို စောင့်ဆိုင်းနေစဉ် လူငယ်တစု ပြေးလွှားရင်း ပစ်ခတ်လာရာက လူအုပ်ထဲ ကျည်ဆန်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။
ဒဏ်ရာရတဲ့ အိန္ဒိယနိုင်ငံသား ၃ ဦး၊ လာအို ၁ ဦးနဲ့ ထိုင်း ၁ ဦးတို့ကို ဆေးရုံပို့ဆောင်ခဲ့ရာမှာ ဒဏ်ရာပြင်းထန်တဲ့ အိန္ဒိယ ၁ ဦးနဲ့ လာအို ၁ ဦး သေဆုံးသွားတယ်လို့ ဖယားထိုင်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်နေရာအနီးမှာ ၉ မမ နဲ့ ၁၆ မမ ကျည်ခွံများစွာ တွေ့ရှိရပြီး မြို့လယ်ခေါင်တိုက်ပွဲလိုဖြစ်ခဲ့ကြောင်း၊ လူငယ်တွေမှာ တဖက်က ၂၀ ကျော်၊ အခြား တဖက် ၃ ဦးသာ ရှိပေမယ့် သေနတ်ပါရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဆူရချေ့ချ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
ခိုက်ရန်ဖြစ်ပွားသူ လူငယ်တွေကို ညတွင်းချင်း လိုက်လံစုံစမ်းရှာဖွေရာမှာ အဓိက သေနတ်နဲ့ပစ်သူ လူငယ် ၃ ဦးကို ဘယ်သူဘယ်ဝါဆိုတာ သိရှိရပြီး ဒီနေ့မနက် အိမ်တွေမှာ သွားဖမ်းခဲ့ကြောင်း၊ ဒါပေမယ့် လူငယ်တွေရှိမနေလို့ တရားရုံးကနေ ဝရမ်းထုတ်ပေးဖို့ စီစဉ်နေ ကြောင်း၊ ခိုက်ရန်ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အခြားလူငယ်တွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
သေဆုံးသူတွေမှာ ခိုက်ရန်ဖြစ်ပွားသူ လူငယ်တွေနဲ့ လုံးဝပတ်သက်နေသူ မဟုတ်ကြောင်း၊ သူတို့ထိခိုက်နစ်နာမှုတွေအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်သလို ဒဏ်ရာရ နိုင်ငံခြားသားတွေကိုလည်း သွားရောက်ကြည့်ရှုအားပေးကာ ဆေးဆက်ကုနိုင်ဖို့အတွက် နေထိုင်ခွင့်ဗီဇာ ထပ်တိုးပေးဖို့ ညွှန်ကြားထားတယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။
credit; DVB
#သတင်းကမ္ဘာ
