Monday, October 8, 2018
ေမာင္ေသြးခၽြန္ ကို ပုဒ္မ ၅၀၅ နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္
အမ်ဳိးသားေရး စာေရးဆရာ ေမာင္ေသြးခၽြန္ကို နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)၊ (ဂ)နဲ႔ စစ္ကိုင္းတုိင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။
ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္ ဥကၠ႒ ၂ ဦးဟာ ခရစ္ယာန္ ဘာသာဝင္ေတြ ျဖစ္တဲ့အတြက္ ဗုဒၶဘာသာဟာ ေမွးမွိန္ေနရတယ္ဆုိၿပီး မင္းကင္းၿမိဳ႕နယ္မွာ မတ္လ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ ေဟာေျပာပြဲတစ္ခုမွာ ေမာင္ေသြးခၽြန္ က ေဟာေျပာခဲ့တဲ့အတြက္ ႏုိင္ငံေတာ္ အၾကည္အညဳိပ်က္ေစမႈ ပုဒ္မနဲ႔ မင္းကင္းၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးႏုိင္ႏုိင္ေဇာ္က တရားလိုျပဳလုပ္ၿပီး တရားစြဲဆုိခဲ့တာ ျဖစ္ပါတယ္။
လႊတ္ေတာ္ဥကၠ႒ ႏွစ္ေယာက္ဟာ ခရစ္ယာန္ေတြ ျဖစ္တဲ့အတြက္ ဗုဒၶဘာသာေတြ အနားကပ္လုိ႔ မရေတာ့ဘူးလို႔ ေျပာခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။
ေမာင္ေသြးခၽြန္ဟာ ႏုိင္ငံေတာ္အစုိးရက တရားမဝင္အသင္းအျဖစ္ ေၾကညာထားတဲ့ အမ်ဳိးဘာသာသာသနာ ေစာင့္ေရွာက္ေရး မဘသအဖဲြ႔မွာ ဦးေဆာင္ပါဝင္သူ ျဖစ္သလို ေရြးေကာက္ပြဲေကာ္မရွင္က ပယ္ခ်ခဲ့တဲ့ မ်ဳိးခ်စ္ညီၫြတ္ေရးပါတီရဲ႕ ဥကၠ႒ အျဖစ္လည္း ပါဝင္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။
source;RFA Burmese
credit;thithtoolwin
#သတင္းကမ႓ာ
Unicode ဖြင့်ဖတ်ရန်
အမျိုးသားရေး စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ)နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၂ ဦးဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဟာ မှေးမှိန်နေရတယ်ဆိုပြီး မင်းကင်းမြို့နယ်မှာ မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုမှာ မောင်သွေးချွန် က ဟောပြောခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မနဲ့ မင်းကင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာ ခရစ်ယာန်တွေ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူးလို့ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
မောင်သွေးချွန်ဟာ နိုင်ငံတော်အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာထားတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့မှာ ဦးဆောင်ပါဝင်သူ ဖြစ်သလို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တဲ့ မျိုးချစ်ညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
source;RFA Burmese
credit;thithtoolwin
#သတင်းကမ္ဘာ
