Monday, October 8, 2018

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးအဖြဲ႔ ေမာင္ေတာကို သြားေရာက္

 





ရခိုင္ျပည္နယ္ အၾကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္းေရးေကာ္မတီရဲ႕ အၾကံေပးအဖြဲ႔ အဖြဲ႔ဝင္ေတြဟာ ရခိုင္ျပည္နယ္ စစ္ေတြေလဆိပ္ကို ျမန္မာ့ေလေၾကာင္းလိုင္းနဲ႔ ဒီကေန႔ ေန႔လယ္ပိုင္းက ေရာက္ရွိလာပါတယ္။

ဒီခရီးစဥ္မွာ အၾကံေပးအဖြဲ႔ဝင္ MR.Roelof Petrus Meyer နဲ႔ Mr.Baptiste Marie Gaston Millet အပါအဝင္ အဖြဲ႔ဝင္ ၅ ဦး လိုက္ပါလာၿပီး စစ္ေတြကေန ေရခ်မ္းျပင္ကို ေမာ္ေတာ္ယာဥ္နဲ႔သြားေရာက္ကာ ေရခ်မ္းျပင္မွတဆင့္ ဘူးသီးေတာင္ကို စပိဘုတ္နဲ႔ သြားေရာက္မွာ ျဖစ္ပါတယ္။
အဲ့ဒီကတဆင့္ ဒီကေန႔ ညေနပိုင္းမွာေတာ ေမာင္ေတာခ႐ုိင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး အပါအဝင္တာဝန္ရွိ သူေတြနဲ႔ေတြ႔ဆုံမွာျဖစ္ပါတယ္။

မနက္ျဖန္မွာေတာ့ ေမာင္ေတာရွိ မြတ္ဆလင္ေတြနဲ႔  ရခိုင္အသိုက္အဝန္းက ေခါင္းေဆာင္တခ်ိဳ႕နဲ႔ေတြ႔ဆုံမွာျဖစ္ၿပီး တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္ေတြ၊ ဘာသာေရးအဖြဲ႔အစည္း ေတြက သီးသန္႔ ေတြ႔ဆုံမယ္လို႔ သိရပါတယ္။

ဝဏၰခြာညိဳ

credit;DVB

 #သတင္းကမ႓ာ

 Unicode ဖြင့်ဖတ်ရန်

 ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်းရေးကော်မတီရဲ့ အကြံပေးအဖွဲ့ အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မြန်မာ့လေကြောင်းလိုင်းနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။


ဒီခရီးစဉ်မှာ အကြံပေးအဖွဲ့ဝင် MR.Roelof Petrus Meyer နဲ့ Mr.Baptiste Marie Gaston Millet အပါအဝင် အဖွဲ့ဝင် ၅ ဦး လိုက်ပါလာပြီး စစ်တွေကနေ ရေချမ်းပြင်ကို မော်တော်ယာဉ်နဲ့သွားရောက်ကာ ရေချမ်းပြင်မှတဆင့် ဘူးသီးတောင်ကို စပိဘုတ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

အဲ့ဒီကတဆင့် ဒီကနေ့ ညနေပိုင်းမှာတော မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင်တာဝန်ရှိ သူတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မောင်တောရှိ မွတ်ဆလင်တွေနဲ့  ရခိုင်အသိုက်အဝန်းက ခေါင်းဆောင်တချို့နဲ့တွေ့ဆုံမှာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ၊ ဘာသာရေးအဖွဲ့အစည်း တွေက သီးသန့် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဝဏ္ဏခွာညို

credit;DVB

#သတင်းကမ္ဘာ