ရန်ကုန်တိုင်းဒေ
လုပ
source;Yangon police
#သတင်းကမ္ဘာ
Unicode ဖြင့်ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်သည်အောက်တိုဘာ ၈ ရက်နေ့တွင် တောင်ပိုင်းခရိုင် အတွင်းရှိ ခရမ်း၊ သုံးခွ နှင့် သန်လျင်မြို့မရဲစခန်းများသို့ သာမန်/ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများပြု လုပ်ကာ တပ်ဖွဲ့ဝင်နှင့်မိသားစုများအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် ၁၀၅၀ အချိန်တွင် ခရမ်းမြို့မရဲစခန်းသို့ လည်းကောင်း၊ ၁၂၂၀ အချိန်တွင် သုံးခွမြို့မရဲစခန်းသို့လည်းကောင်း၊ ၁၄၂၅ အချိန်တွင်သန်လျင်မြို့မရဲစခန်း သို့လည်းကောင်း အသီးသီးရောက်ရှိကာ အချုပ်ခန်း နှင့် လက်နက်တိုက်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး
မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့မှ အချုပ်ခန်းအား နေ့စဉ်စစ်ဆေးသွားရန်၊ တာဝန်မှူးမှ အချုပ်ခန်းသော့အား ထိန်း သိမ်းပြီး အချုပ်ခန်းတံခါးအား ကိုယ်တိုင် အဖွင့်/အပိတ် ပြုလုပ်ပေးရန်၊ အချုပ်တရားခံထွက်ပြေးလွတ် မြောက်မှုမရှိစေရေး၊ အချုပ်ခန်းအတွင်းသို့ မသက်ဆိုင်သည့် ပစ္စည်းများထည့်သွင်းခြင်း မပြုရန်၊
ပြည်သူများမှ ရဲစခန်းသို့အမှုလာရောက်တိုင်တန်းပါက ရဲအရေးပိုင်သည့် ပြစ်မှုဖြစ်လျှင် ဥပဒေလုပ်ထုံး
လုပ်နည်းနှင့်အညီ ချက်ချင်း အမှုရေးဖွင့်ဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း တပ်ဆင်ထားသည့်CCTV ကင်မရာများ၏ ပုံရိပ်အား တာဝန်မှူးမှ ကြည့်ရှုစစ်ဆေးသွားရန်၊ CCTVမှ အရေးကြီးသော ပွိုင့်များအား မြင်ကွင်းချဲ့၍ စောင့်ကြည့်သွားရန် စသည်တို့ကိုမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် မြို့မရဲစခန်းအသီးသီးသို့ရောက်ရှိစဉ် တပ်ဖွဲ့ဝင်များနှင့် မိသားစု များအား တွေ့ဆုံပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
source;Yangon police
#သတင်းကမ္ဘာ
