အေမရိကန္ဝန္ထမ္းေတြကို လာမယ့္လကစၿပီး ၁ နာရီအတြက္ အနိမ့္ဆုံးလုပ္အားခ ၁၅ ေဒၚလာထိ တိုးေပးေတာ့မယ္လို႔ အေမဇုန္ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းက ေအာက္တိုဘာ ၂ ရက္ေန႔မွာ ေျပာပါတယ္။
ကမာၻ႔ ဒုတိယ တန္ဖိုးအႀကီးဆုံး ကုမၸဏီမွာ လုပ္ငန္းခြင္အေျခအေနကို ေဝဖန္မႈတိုးေနခ်ိန္ ခုလို ေၾကညာလိုက္တာပါ။

အြန္လိုင္းကေန လက္လီေဈးေရာင္းေနတဲ့ ကုမၸဏီက အနိမ့္ဆုံးလုပ္ခလစာ တိုးျမႇင့္ေရး အေမရိကန္အစိုးရကို အားေပးေနၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္ေတြကိုလည္း ေနာက္က လိုက္တိုးဖို႔ တိုက္တြန္းေနတာပါ။

ဒါဟာ အလုပ္သမား သမဂၢေတြက ေတာင္းဆိုေနတဲ့ တနာရီလုပ္ခ ၁၅ ေဒၚလာအတြက္ တိုက္ပြဲဝင္ေရး လႈပ္ရွားမႈအၿပီး အေမဇုန္ရဲ႕ ဦးေဆာင္မႈလည္း ျဖစ္ပါတယ္။

လုပ္အားခအသစ္ကို အေမရိကန္ႏိုင္ငံအတြင္း အေမဇုန္ဝန္ထမ္း ၂ သိန္းခြဲေက်ာ္ ခံစားရမွာပါ။
ဒါ့အျပင္ အားလပ္ရက္အတြင္း အေမရိကန္တလႊားက လုပ္ငန္းခြင္ေတြမွာ ငွားရမ္းမယ့္ ရာသီေပၚလုပ္သား အေယာက္တသိန္းေက်ာ္လည္း ခံစားခြင့္ရမယ္လို႔ အေမဇုန္က ေျပာပါတယ္။

အေမဇုန္ဟာ အရင္လက ေဈးကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၁ ထရီလ်ံကို ေက်ာ္ခဲ့လို႔ အက္ပဲလ္ကုမၸဏီၿပီးရင္ ကမာၻ႔ ဒုတိယ တန္ဖိုးအရွိဆုံးကုမၸဏီ ျဖစ္ပါတယ္။
မႏွစ္က အေမရိကန္ ဝန္ထမ္းေတြကို ပ်မ္းမွ်လုပ္အားခ အေမရိကန္ေဒၚလာ ၃ ေသာင္း ၄ ေထာင္ ေက်ာ္စီ ေပးခဲ့ပါတယ္။

Credit:DVB

 #သတင္းကမ႓ာ

Unicodeဖြင့်ဖတ်ရန်

အမေရိကန်တွင် ဝန်ထမ်းများကို အနိမ့်ဆုံးလုပ်အားခ ၁ နာရီ ၁၅ ဒေါ်လာအထိ တိုးမြှင့််ပေးမည်

အမေရိကန်ဝန်ထမ်းတွေကို လာမယ့်လကစပြီး ၁ နာရီအတွက် အနိမ့်ဆုံးလုပ်အားခ ၁၅ ဒေါ်လာထိ တိုးပေးတော့မယ်လို့ အမေဇုန် နိုင်ငံတကာ ကော်ပိုရေးရှင်းက အောက်တိုဘာ ၂ ရက်နေ့မှာ ပြောပါတယ်။
ကမ္ဘာ့ ဒုတိယ တန်ဖိုးအကြီးဆုံး ကုမ္ပဏီမှာ လုပ်ငန်းခွင်အခြေအနေကို ဝေဖန်မှုတိုးနေချိန် ခုလို ကြေညာလိုက်တာပါ။

အွန်လိုင်းကနေ လက်လီဈေးရောင်းနေတဲ့ ကုမ္ပဏီက အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး အမေရိကန်အစိုးရကို အားပေးနေပြီး သူ့ရဲ့ ပြိုင်ဘက်တွေကိုလည်း နောက်က လိုက်တိုးဖို့ တိုက်တွန်းနေတာပါ။

ဒါဟာ အလုပ်သမား သမဂ္ဂတွေက တောင်းဆိုနေတဲ့ တနာရီလုပ်ခ ၁၅ ဒေါ်လာအတွက် တိုက်ပွဲဝင်ရေး လှုပ်ရှားမှုအပြီး အမေဇုန်ရဲ့ ဦးဆောင်မှုလည်း ဖြစ်ပါတယ်။

လုပ်အားခအသစ်ကို အမေရိကန်နိုင်ငံအတွင်း အမေဇုန်ဝန်ထမ်း ၂ သိန်းခွဲကျော် ခံစားရမှာပါ။
ဒါ့အပြင် အားလပ်ရက်အတွင်း အမေရိကန်တလွှားက လုပ်ငန်းခွင်တွေမှာ ငှားရမ်းမယ့် ရာသီပေါ်လုပ်သား အယောက်တသိန်းကျော်လည်း ခံစားခွင့်ရမယ်လို့ အမေဇုန်က ပြောပါတယ်။

အမေဇုန်ဟာ အရင်လက ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလျံကို ကျော်ခဲ့လို့ အက်ပဲလ်ကုမ္ပဏီပြီးရင် ကမ္ဘာ့ ဒုတိယ တန်ဖိုးအရှိဆုံးကုမ္ပဏီ ဖြစ်ပါတယ်။
မနှစ်က အမေရိကန် ဝန်ထမ်းတွေကို ပျမ်းမျှလုပ်အားခ အမေရိကန်ဒေါ်လာ ၃ သောင်း ၄ ထောင် ကျော်စီ ပေးခဲ့ပါတယ်။

Credit:DVB

 #သတင်းကမ္ဘာ