Friday, October 12, 2018

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲကိုဗုံးခွဲရန်ကြံသည့်အမျိုးသား ဖမ်းဆီးအရေးယူ



လာမည့်လတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲနေ့၌ ဝါရှင်တန်ဒီစီတွင် အသေခံဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ထားသော အမျိုးသားကို ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း အမေရိကန်အစိုးရရှေ့နေများက ပြောသည်။

အသက် (၅၆)နှစ်အရွယ် ပေါလ်ရိုဆန်ဖဲသည် ပေါင်၂၀၀အလေးချိန်ရှိသော ဖောက်ခွဲရေးပစ္စည်းကို ထုတ်လုပ်၍ နိုဝင်ဘာ ၆ ရက်တွင် မြို့တော်အတွင်းရှိ National Mallကို ဖောက်ခွဲရန် ကြံစည်နေခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောသည်။

၎င်းအမျိုးသားသည် အစိုးရအရာရှိများကို မဲနှိုက်ရွေးချယ်ခြင်းအား ထောက်ခံသည့် ဒျသမအငအငသညဒ ဟုခေါ်သော နိုင်ငံရေးသီအိုရီအပေါ် ၎င်း၏ယုံကြည်မှုကို အာရုံစိုက်လာစေလိုခြင်းဖြစ်သည်ဟုလည်း အစိုးရရှေ့နေများကဆိုသည်။
၎င်းအမျိုးသားသည် ထောင်ဒဏ်နှစ် ၂၀ အထိကျခံရနိုင်ကြောင်း ဘီဘီစီက ထုတ်ပြန်ထားသည်။

မစ္စတာရိုဆန်ဖဲသည် အောက်တိုဘာ ၁၀ ရက်တွင်ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း အမှုနှစ်မှုဖြင့် တရားစွဲခံရသည်ဟု အစိုးရရှေ့နေများကပြောကြားထားကြောင်း သတင်းထုတ်ပြန်ထားသည်။
#Crd…
#ThadinKabar