Saturday, October 13, 2018

တားမြစ်ဆေးမှုလွတ်လျှင် နာဆရီကို အဲဗာတန်အသင်းခေါ်ယူလို



အဲဗာတန်အသင်းသည် တားမြစ်ဆေးသုံးစွဲခဲ့ခြင်းကြောင့် ပွဲကစားခွင့်ပိတ်ခံထားရသော အာဆင်နယ် နှင့် မန်စီတီးကွင်းလယ်ကစားသမားဟောင်း နာဆရီအား ပွဲပယ်ပြစ်ဒဏ်လွတ်မြောက်လျှင် အသင်းသို့ ခေါ်ယူကစားလိုနေသည်ဟု သိရသည်။

နာဆရီသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မန်စီးတီးမှ ဆီဗီလာသို့ အငှားသွားကစားနေစဉ် အမေရိကသို့ ရောက်ချိန်၌ တားမြစ်ထားသည့် ဆေးရည်သွင်းစွမ်းအားမြှင့်ကုထုံး အသုံးပြုခဲ့ရာမှ ပွဲပိတ်ပြစ်ဒဏ်ခံခဲ့ရသည်။

 ဇန်နဝါရီလက တူရကီကလပ် အန်တယ်လ်ယာစပေါ်အသင်းမှ ထွက်ခွာပြီးနောက်ပိုင်းမှ ထိုအမှုကို ပြန်လည်စစ်ဆေးကာ ပွဲပယ်ပြစ်ဒဏ်ကို ထပ်တိုးခဲ့ခြင်းကြောင့် နာဆရီမှာ နိုဝင်ဘာလမှသာ ပြန်လည် ကစားခွင့်ရှိသည်။ အသင်းလက်မဲ့ကစား သမားတစ်ဦးဖြစ်ခြင်းကြောင့် နာဆရီကို အဲဗာတန်အနေဖြင့် ဈေးကွက်ဖွင့်ချိန် ပြင်ပ၌ ခေါ်ယူခွင့်ရှိနေပြီး အသင်းတွင် မှတ်ပုံတင်မကစားမီ လေ့ကျင့်ခွင့်ပေး နိုင်ခြင်းကြောင့် အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားက ခေါ်ယူစာချုပ်လိုနေခြင်းဖြစ် သည်။ နာဆရီသည် ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်နှင့် လိဂ်ဖလားနှစ်ကြိမ် ရရှိခဲ့သူဖြစ်သည်။
#Crd…
#ThadinKabar