Thursday, October 11, 2018
တမူးမြို့နယ်၌ ငွေကျပ်သိန်းနှစ်ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
တမူး အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၌ ငွေကျပ် သိန်းနှစ်ထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ကို အောက်တိုဘာ ၁ဝ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
တမူးမြို့ မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ဝ ရက်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၌ စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်သို့ တမူးမြို့နန်းဖာလုံ နယ်မြေ(၁၃)ရပ်ကွက်နေ အောင်ဇော်မင်း(ခ)ဇော်ဟိန်း မောင်း နှင်ပြီး တမူးမြို့ ပြည်တော်သာ(၁၂) ရပ်ကွက်နေ သန်းနိုင်အေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ တမူးမြို့ မြို့မ(၁၂-က) ရပ်ကွက်တွင် နေထိုင်သည့် မဖြူ (ခ) မစန္ဒာ ပိုင်ဆိုင်သည့် နေအိမ်ဂိုဒေါင်မှ အခကြေးငွေယူကာ တင်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိရသော်လည်း မဖြူ(ခ)မစန္ဒာနှင့်အတူ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ ထင်ခိုဟုန်းနှင့် ထန်ဇငမ်တို့ကို ဖမ်းဆီး ရမိခဲ့သဖြင့်၎င်းတို့ငါးဦးအား တမူးမြို့မရဲစခန်းက အမှုဖွင့်အရေး ယူထားသည်။
အလားတူ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ ဝင်များ ပါဝင်သောအဖွဲ့သည် အောက်တိုဘာ ၁ဝ ရက်က ကွတ်ခိုင်မြို့ အမှတ် (၄) ရပ်ကွက်နေ ကျော်လင်းအောင်၏ နေအိမ်ကိုရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၂ဝဝ၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် မြန်မာငွေကျပ် ၅ဝဝဝဝဝ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ ထွန်းမင်းအောင်(ကဘော်မြေ)
#ThadinKabar
