Ed sheeran ဟာ လောလောဆယ်လတ်တလောမှာ ကမ္ဘာ့ဝင်ငွေအများဆုံးအဆိုတော်တစ်ဦးအဖြစ် စံချိန်တင်ထားတာပဲဖြစ်ပါတယ်။ မကြာသေးမီက ဘာတစ်ခုမှမလုပ်ပဲထိုင်နေတာ တစ်နှစ်ခန့်ကြာတာတောင်တစ်နေ့ကို ပေါင်နှစ်သောင်းခန့်၊ မြန်မာငွေသိန်းလေးရာ့ငါးဆယ်ဝင်နေတဲ့ Adele ဟာ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးအဆိုတော်ဖြစ်တယ်လို့သတင်းထုတ်ပြန်ခံရပြီးနောက်မှာ Ed Sheeran ရဲ့ company က သူ့ရဲ့ ဝင်ငွေတွေကိုအရိပ်အမြွပ်ထုတ်ပြန်လာခဲ့ပါတယ်။
Tay Tay နဲ့ ငယ်စဉ်ကတည်းက အတူတူခင်မင်ရင်းနှီးလာခဲ့ကြတဲ့ မျက်မှန်လေးနဲ့ကောင်လေးဟာ အခုတော့ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအရူးအမူးအားပေးရတဲ့ အဆိုတော်ကြီးဖြစ်နေခဲ့ပြီး Ed Sheeran ရဲ့ 2017 မှာထွက်ထားတဲ့ Divide ဆိုတဲ့ Album ဟာ အရမ်းကိုခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေကိုယူဆောင်လာပေးခဲ့ပြီး Divide ကို နယ်လှည့်ဖျော်ဖြေပွဲလုပ်ရာမှာလည်း သန်းနဲ့ချီတဲ့အမြတ်ငွေတွေနဲ့အောင်မြင်မှုတွေကိုရခဲ့ပါတယ်။
Ed Sherran company က ထုတ်ပြန်ထားတဲ့ ဝင်ငွေစာရင်းတွေအရ Ed Sherran ဟာ တစ်နေ့ကိုပေါင်ခုနစ်သောင်းခွဲခန့်၊မြန်မာငွေသိန်းထောင့်ငါးရာခန့်ဝင်နေပြီး တစ်နာရီကို ဝင်ငွေသိန်းခြောက်ဆယ်ခန့်ရှိကြောင်းသိရပါတယ်။ သူ့ရဲ့ဝင်ငွေဟာ တစ်နှစ်ကို ပေါင်သန်းနှစ်ဆယ်ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကဆို ပေါင် (27) သန်းခန့်ရှိခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးဝင်ငွေအကောင်းဆုံး အဆိုတော် Ed Sheeran ဟာ တကယ်တော့မတောင့်မတမကြောင့်မကျဘဝက လာခဲ့ရတာမဟုတ်ပါဘူး။ အရင်တုန်းက နှစ်အနည်းငယ်ကြာအောင်အိမ်ခြေရာမဲ့ဖြစ်ခဲ့ဖူးပြီး လမ်ဘေးမှာအိပ်၊လမ်းဘေးမှာစားဘဝတွေရောက်ဖူးတယ်လို့တောင်သိရပါတယ်။ ဒါပေမယ့်အခုတော့ တစ်နေ့ကိုသိန်းထောင့်ငါးရာဝင်ငွေနဲ့ Adele ကိုတောင်ခပ်တည်တည်နဲ့ကျော်တက်သွားခဲ့ပြီး သူဋ္ဌေးအဆိုတော်လေးဖြစ်လို့နေပါပြီ။
Can’t Wait To Say
#ThadinKabar



