Thursday, October 11, 2018

(၇) နှစ်ကြာစုဆောင်းထားတဲ့ငွေတွေနဲ့ အမိုက်စားအိမ်ကြီးတစ်လုံးဆောက်လိုက်တဲ့ ဇေရဲထက်





သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်ကတော့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ပြီးရိုးရိုးသားသားနေထိုင်သူတစ်ဦးပါ။

လတ်တလောမှာတော့ ဇေရဲထက်က သူ ၇ နှစ်ကြာအောင် စုဆောင်းထားတာလေးနဲ့ အိမ်တစ်လုံးဆောက်ခဲ့တဲ့အကြောင်းကို ချစ်ရတဲ့ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ငွေကြေးစုဆောင်းတတ်ခြင်းရဲ့ ကောင်းကြိုးတွေကို လက်တွေ့ပြလိုက်တဲ့ ဇေရဲထက်ရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို အတုယူလေးစားစရာပါပဲ။

 ချစ်ပရိသတ်တွေအတွက် ဇေရဲထက်ရဲ့ အမိုက်စားအိမ်အသစ်ကြီးရဲ့ပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဇေရဲထက်ကတော့ “လူတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ပါးးကျနော်လေ ဒီတစ်လုံးလေးရဖို့ ၇နှစ်ကြာအောင်စုခဲ့ရတယ်းးးး ဖြူစင်စွာနဲ့ ကျနော်ရှာခဲ့ပြီးရလာတဲ့အိမ်လေး ပြီးတော့ စိတ်ချမ်းသာမိတယ်းးးကိုရှိန်းးကိုစည်သူ ကျေးဇူးပါ” ဆိုပြီး သူ့ရဲ့အိမ်အသစ်လေးအတွက် ကြည်နူးပီတိဖြစ်စွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ဇေရဲထက်ရဲ့ အိမ်အသစ်ကြီးက တကယ့်အမိုက်စားနော်…

အခုလိုမျိုး ကြိုးစားစုဆောင်းပြီး အိမ်ဆောက်ခဲ့တဲ့ ဇေရဲထက်ရဲ့စိတ်ဓါတ်ကိုတော့ ခင်မင်ရတဲ့ အနုပညာရှင်တွေကလည်း ချီးမွမ်းစကား ဆိုခဲ့ကြပါတယ်။

ဧည့်ခန်း

ဇေရဲထက်ကတော့ လတ်တလောမှာ ရုပ်ရှင်တွေဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး တစ်ခြားသောအနုပညာလှုပ်ရှားမှုတွေလည်း ပြုလုပ်ဖြစ်နေတာပါ။

ချစ်ပရိသတ်တွေလည်း ကြိုးစားပြီးလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို လက်တွေ့သက်သေပြပြီး မိမိစိတ်တိုင်းကျ အိမ်အသစ်ကြီးကို ဖန်တီးခဲ့တဲ့ ဇေရဲထက်ကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

 #သတင်းကမ္ဘာ