Thursday, October 11, 2018

သားဥအိမ်မှာ ရေအိတ်တည်တာ မခွဲမစိတ်ဘဲ ဆနွင်း နဲ့သံလွင်ဆီသောက်လို့ ပျောက်တဲ့အကြောင်း ကိုယ်တွေ့ပါ



လွန်ခဲ့တဲ့လေးနှစ်ခန့်က ဘန်ကောက်မှာဆေးသွားစစ်တော့ သားဥအိမ်မှာရေအိပ်တည်နေပါတယ်
တဖက်က 7 cm တဖက်က 6.5 cm ခန့်လို့ပြောပါတယ်။
ဘန်ကောက်က ဆရာဝန်က သားဥအိမ်ရော သားအိမ်ရော ဒီအသက်အရွယ်ရောက်နေပြီမို့ အသုံးမဝင်တော့လို့ အကုန်ထုတ်ဖို့ပြောပါတယ်။
ကျွန်မကတော့ လူ့ခန္ဓာကိုယ်ကြီးဟာ အကောင်းဆုံးကွန်ပြူတာတစ်လုံးလို သူ့ဟာနဲ့သူချိတ်ဆက်ပြီးအလုပ်လုပ်နေတယ်လို့ထင်ပါတယ်။
သူတို့ပြောသလိုထုတ်ပြစ်လိုက် ဘာမှမဖြစ်နိုင်ပါဆိုတာ သိတ်လက်မခံချင်ပါ နောက်ပြီး ခွဲစိတ်ခန်းကိုးကြိမ်ဝင်ဘူးသူမို့ ဆယ်ကြိမ်မြောက်မဝင်ချင်ပါ။
သူတို့ကိုမေးပါတယ် စဉ်းစားဖို့အချိန်ဘယ်လောက်ရလဲဆိုတော့ သုံးလ လို့ပြောပါတယ် မခွဲရင်ဘာဖြစ်နိုင်လဲဆိုတော့ လိမ်ပြီးပေါက်သွားရင်တအားနာမယ် ချက်ချင်းအရေးပေါ်ဖြစ်လို့ဘန်ကောက်ကိုလာမခွဲနိုင်လို့ပြောပါတယ်။

အဲဒီအချိန်မှာ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေကိုနားထောင်ဘူးပြီး လက်တွေ့မလုပ်ရသေးပါ
ကျွန်မငယ်ငယ်တုန်းက ငှက်ကလေး ကြက်ကလေးများ ဒဏ်ရာ ရလျှင် ဆီနဲ့ဆနွင်းလိမ်းပေးဘူးတာနဲ့ ယှဉ်တွေးကြည့်ပြီးတော့ ဖြစ်နိုင်တယ်လို့တွေးပြီး ဆရာမနည်းစမ်းကြည့်မယ် မကောင်းမှခွဲမယ် ဆုံးဖြတ်ကာ အိမ်ပြန်လာပါတယ်။

ဆနွင်းကို ရတနာပုံဈေးကဝယ်ပြီး ကိုယ်တိုင်ကြိတ် , သံလွင်ဆီပြေးဝယ်ပြီး ဆနွင်းလ္ဘက်ရည်ဇွန်းဝက် သံလွင်ဆီက ထမင်းစားဇွန်းတစ်ဇွန်းနဲ့ရောပြီး တစ်ရက်နှစ်ကြိမ်သောက်ပါတယ်
သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ရပါတယ် ဒါမှသာအူလမ်းကြောင်းကနေတဖြည်းဖြည်းကျသွားပြီး တကိုယ်လုံးကိုရောက်ရှိနိုင်တယ်လို့ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းက ပြောပါတယ်ရှင်
အစာမရှိဘဲဆနွင်းသောက်ရင်လဲ မူးတတ်ပါတယ်။

ဆနွင်းနဲ့သံလွင်ဆီရောထားရင် မှိုတက်ပါတယ်လို့သူငယ်ချင်းပြောတာ ကြားဘူးပါတယ် ဆီနဲလို့လဲ ဖြစ်နိုင်ပါတယ်ဒါပေမဲ့ မှိုတက်ခြင်းမတက်ခြင်းထက် ဆနွင်း amount ကို မှန်းရခက်မယ်ထင်ပါတယ်
သပ်သပ်စီထားမှအဆင်ပြေပါတယ်။

တစ်လတိတိပြည့်တဲ့အခါ ultrasound သွားရိုက်ပါတယ်။ရင်တထိတ်ထတ်နဲ့ပေါ့ တကယ်လို့မကောင်းရင် ခွဲဖို့ရာကနေ လမ်းမရှိတော့ပါ။ဆရာဝန်မ ငယ်ငယ်ချောချောကလေးက ultrasound ရိုက်ပါပြီ ရေအိတ်ရှိတယ် ပြောတယ် ဟုတ်ပြီ ဘယ်လောက်လဲလို့ပြန်မေးတဲ့အခါ တစ်ဖက်စီမှာ 2.5 cm စီဘဲ ရှိပါတော့တယ်။

ပျော်ပြီလေ.......

မခွဲမစိတ်ဘဲကောင်းသွားတာ ဘယ်လောက်ကောင်းလိုက်သလဲ ဆရာဝန်မကလေးကိုပြောပြတော့ ဆနွင်း နဲ့ သံလွင်ဆီ သောက်လို့ကောင်းတယ်ဆိုတာမယုံပါ။

မဖြစ်နိုင်ဘူးလို့ပြောပါတယ်

သွား ….မသန်းသန်းနွယ်
ဆီးတဝက်သွားပြီးပြန်လာခဲ့ …လို့ခိုင်းပါတယ်။

စဉ်းစားကြည့်စမ်းပါ။

ဘယ်လောက်အောင့်သက်သက်နိုင်သလဲလို့
ဒါပေမဲ့ ကျွန်မတို့မြန်မာပြည်က ဆရာဝန်စကားနားထောင်တာ ခေါက်ရိုးကျိုးနေပြီးသားဆိုတော့ ချက်ချင်း ငြင်းလိုက်ပါတယ်

ဟုတ်ကဲ့ …..လို့…..

အဲဒါနဲ့အိမ်သာပြေး ကသိကအောင့်နဲ့ပြန်လာ

ဆရာဝန်မလေးပြန်ကြည့်

မျက်မှောင်ကုတ်ပြီး

သွား —-မသန်းသန်းနွယ်
… ဆီးအကုန်သွားယူခဲ့......

ဒါကတော့ ဖိုးကျိုင်းတုတ်ဖြစ်သွားပြီလေ
အဆင်ပြေသွားပြီးကုတင်ပေါ်ပြန်တက်
ဆရာဝန်မလေးပြန်ကြည့်ပြီး မျက်စိပိုပြူးလာပါတယ်။

ဟုတ်တယ် 2.5 cm ဘဲရေအိတ်ကရှိတယ်
ဘန်ကောက်ကအဖြေကသေချာလို့လားတဲ့ ဆေးစာပြတဲ့
ဘန်ကောက်မှာက ပထမ ultrasound. ရိုက်ပြီး ရေအိတ်တွေ့တော့ OG ဌာ နလွှတ်ပါတယ် နောက်တစ်ခါ ultrasound. ထပ်ရိုက်ဖို့ပြောပါတယ်။

ကျွန်မက ဆေးရုံတရုံထဲမှာ ဘာလို့ ultrasound နှစ်ခါရိုက်သလဲ
ရှင်တို့ဆေးရုံအဖြေကို ရှင်တို့မယုံဘူးလားလို့ပြန်မေးတော့
သေချာအောင်လို့အသေးစိတ်ထပ်ရိုက်တာလို့ပြောပါတယ်။

အဲဒီတုန်းက ကိုယ်ကလဲ နိုင်ငံခြားဆေးကုတာအပါးမဝသေးတော့ ဟုတ်မလားဆိုပြီး ထပ်ရိုက်တော့လဲဒီအဖြေဘဲတောင်စစ်မြောက်စစ်နဲ့ ဆယ်သိန်းကျော်ထပ်ကုန်ခဲ့ပါတယ်။
ဒါကြောင့် ဆရာဝန်မလေးကိုသေချာပါတယ် နှစ်ခါတောင်ရိုက်ခဲ့တာပါရှင့်လို့ပြန်ဖြေခဲ့ပါတယ်။

အဲဒီကစပြီးဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေတွေ သေချာနားထောင် လိုက်လုပ်ကြည့်
ကျွန်မက စူးစမ်းတာလဲဝါသနာပါတော့အကုန်စမ်းတော့တာဘဲ။တစ်ခုထူးဆန်းတာက ဆရာမပြောတဲ့အထဲမှားတာမတွေ့ဘူးသေးပါ လိုက်လုပ်သမျှကတော့ လက်တွေ့ မှန်နေတာဘဲ။

ကျွန်မလိုလူမမာများအတွက် စေတနာရှေ့ထားပြီး အမှန်အတိုင်းရေးပေးတာပါရှင်။
ခုချိန်ထိ နေ့စဉ် ဆနွင်းလ္ဘက်ရည် ဇွန်းဝက်ကို သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောပြီး တစ်ကြိမ် သောက်ပါတယ်။

ဆနွင်းချစ်သူမို့ ဘယ်တော့မှမခွဲတော့ပါ။

ဆနွင်းကို သံလွင်ဆီနဲ့ ရောသောက်လို့ရသလို နှမ်းဆီစစ်စစ်, နှမ်းနက်ဆီစစ်စစ်, Cod Liver Oil နဲ့လဲရောသောက်လို့ရပါတယ်။

ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကို ရိုသေစွာကန်တော့ပါတယ်ရှင်။
ဆရာမကျန်းမာ ချမ်းသာပါစေရှင်။

အရေးကြီးတာပြောဖို့မေ့တော့မလို့..........

နောက်လေးလကြာတော့ ဘန်ကောက်ကိုတစ်ခါဆေးပြန်သွားစစ်တော့
ရေအိတ်လုံးဝမရှိတော့ပါရှင်……

‌Source. မမမေလိခစိုး

Credit:ဘဝကိုတိုးတက်စေသောစာစုလေး

 #သတင်းကမ္ဘာ