Thursday, October 11, 2018

တမူး၌ ကျပ်သိန်း နှစ်ထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် ဟိန္ဒူဘုရားကျောင်းပေါက်အနီးတွင် ကျပ်သိန်းနှစ်ထောင် တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်း အောက်တိုဘာ ၁၀ ရက်က ဖမ်းမိခဲ့ကြောင်းသိရသည်။

တမူးမြို့၊မူးယစ်တပ်ဖွဲ့စု(၇)တမူးမှတပ်ဖွဲ့ဝင်များနှင့်ခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာ ၁၀ ရက်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ ဟိန္ဒူဘုရား
ကျောင်းပေါက်အနီးတွင် စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မှ အိန္ဒိယနိုင်ငံ၊မိုးရေးမြို့ဘက်သို့ တမူးမြို့၊
နန်းဖါလုံ နယ်မြေ(၁၃)ရပ်ကွက်နေ အောင်ဇော်မင်း(ခ)ဇော်ဟိန်း မောင်းနှင်ပြီး သန်းနိုင်အေး လိုက်ပါ လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ပီနန်အိတ်သုံးအိတ်အနက် H.C စာလုံးအမှတ်အသားပါ အိတ်အတွင်း ကျား/မစီးဖိနပ်များနှင့်အတူ ရောနှော ထည့်ထားသည့် တစ်ထုပ်လျှင် စိတ်ကြရူးသွပ်ဆေပြား(၂၀၀)ပြားစီပါ ကပ်ခွာအိတ်(၅၀)အိတ်ပါရှိသည့် ဆေးပြားပါကင် ထုပ်ကြီး(၁၀)ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား(၁)သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ တမူးမြို့၊မြို့မ(၁၂-က)ရပ်ကွက်တွင် နေထိုင်သည့် မဖြူ(ခ)မစန္ဒာပိုင်ဆိုင်သည့် နေအိမ်ဂိုဒေါင်မှ အခကြေးငွေယူကာတင်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှသက်သေများနှင့်အတူ ၄င်းနေအိမ်ဂိုဒေါင်သို့ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိရသော်လည်း မဖြူ(ခ)မစန္ဒာနှင့်အတူ ၄င်းပီနန်အိတ်(၃)အိမ်အား လာရောက်ယူရန် ရောက်ရှိ နေသော အိန္ဒိယနိုင်ငံ၊မိုးရေးမြို့မှ ထင်ခိုဟုန်းနှင့်ထန်ဇငမ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့(၅)ဦးအား တမူးမြို့၊ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

source;ထွန်းမင်းအောင်(ကဘော်မြေ)

 #သတင်းကမ္ဘာ