Thursday, October 11, 2018

ပြဇာတ် တွေ ၊ ကပွဲ စင်မြင့် တွေ ပေါ် ကို ရောက်ရှိ လာတော့မယ့် လီယို မက်ဆီ ရဲ့ ဘ၀ဇာတ်ကြောင်း


ကနေဒါ အခြေ စိုက် ကမ္ဘာ ကျော် ကဇာတ် ကုမ္ပဏီ တစ် ခု ဖြစ် တဲ့ Cirque du Soleil ဟာ ဘာစီ လိုနာ နဲ့ အာဂျင်တီး နား အသင်း တို့ ရဲ့ တိုက် စစ် မှုး လီယွန်နယ် မက်ဆီ ရဲ့ ဘ၀ ဇတ် ကြောင်း ကို ပြဇာတ် အဖြစ် နဲ့ ကပြ ဖျော် ဖြေ ဖို့ လုပ် ဆောင် နေ ပါပီ လို့ ယမန် နေ့ က ထုတ်ပြန် ကြေငြာ လိုက် ပြီ ဖြစ် ပါတယ် ။

မက်ဆီ ရဲ့ အာဂျင် တီး နား က ဘ၀ အကြောင်း တွေ ၊ ဘာစီ လိုနာ ကိုေ၇ာက် လာ ခဲ့ ပုံတွေ ၊ နူးကမ့် မှာ ကြိုးစား အား ထုတ် ရင်း ဘောလုံး စင်မြင့် ထက် ကို တက် လှမ်း နိုင် ခဲ့ ပုံတွေ ၊ ကမ္ဘာ့ အကောင်းဆုံး ဆု တွေ ကို တစ်ခု ပြီး တစ် ခု ရယူ ခဲ့ ပုံတွေ ကို ကပြ ဖျော် ဖြေ သွားမှာ ဖြစ် ပြီး လာမယ့် ၂၀၁၉ မှာ စတင် မယ် လို့ သိရ ပါတယ် ။

“မယုံ နိုင် လောက် အောင် ပါပဲ ။ ရူးသွပ် စရာ ကောင်း တဲ့ ခံစားချက် တွေ ကို ရလိုက် ပါတယ် ။ ကျွန်တော့ ဘ၀ ၊ ကျွန်တော့ ရဲ့ ပြင်းပြ တဲ့ စိတ် ဓါတ် တွေ နဲ့ အားကစား အကြောင်း ကို Curque du solei က တင်ဆက် သွား မှာပါ” လို့ လီယို မက်ဆီ ကိုယ် တိုင် Instagram မှာ ဗီဒီယို လွှင့် တင် ပြီး အတည်ပြု သွားခဲ့ တာ ပဲ ဖြစ် ပါတယ် ။

အဆိုပါ က ပြ မှု မှာ နာမည် ကျော် ဂီတ ပညာရှင် တွေ ဖြစ် တဲ့ Beatles ( ဘီတဲလ်စ် ) နဲ့ မိုက်ကယ် ဂျက်ဆင် တို့ရဲ့ တေးသွား တွေ နဲ့ မက်ဆီ ရဲ့ ဘ၀ နောက် ခံ ကို ဖော် ဆောင် မယ် လို့ လည်း သိရပါတယ် ။

“လီယွန် နယ် မက်ဆီ ရဲ့ အမွေ အနှစ် တွေ ကို ဆက်လက် ထိန်းသိမ်း ပြီး ကပွဲ စင်မြင့် ပေါ် ကို ယူဆောင် လာ နိုင် ဖို့ ကျွန်တော်တို့ က ကြိုးစား နေ တာပါ ။ ဒီ ပြဇာတ် ဟာ ပရိသတ် တွေ အလွန် နှစ် သက် ပြီး ဘောလုံး ပရိသတ် တွေ အကြားမှာ တသသ ပြောဖြစ် နေ အောာင် ကြိုးစား သွား ပါမယ်”

“အားကစား အမြင် က နေ ကမ္ဘာ ကြီး ကို စိတ်ဓါတ် ခွန် အားတွေ ပေးစွမ်း နိုင် တဲ့ အရာ တစ်ခု ဖြစ်လာ အောင် လို့ ကျွန်တော်တို့ လုပ်ဆောင် သွားမှာပါ” လို့ Cirque ရဲ့ ဥက္ကဌ ဂျိုနသန် တီတရု က ပြောဆို သွား ခဲ့ ပါ တယ် ။

အဆိုပါ ကပွဲ ပြဇာတ် ကို နာမည် ကျော် Sony နဲ့ PopArt တို့ က လည်း ဂီတ ပိုင်းဆိုင် ရာ ပါဝင် ကူညီ ပေး သွားမယ် လို့ သိရ ပါတယ် ။

ကပွဲ ကို ဘယ် နေ ရာ ၊ ဘယ်လို အချိန် တွေ မှာ ပြုလုပ် ကျင်းပ မယ် ဆို တာ က တော့ ဆက်လက် ကြေငြာ သွား မယ် လို့ သတင်း ကြားသိရ ပါတယ် ခင် ဗျာ . . . .

Cirque du Soleil ဟာ ကနေဒါ နိုင်ငံ အခြေစိုက် ကမ္ဘာ ကျော် ဖျော် ဖြေ ရေး ကုမ္ပဏီ ကြီး တစ် ခု ဖြစ် ပါတယ် ။ သူ့ရဲ့ အဓိပ္ပါယ် က တော့ နေမင်းကြီးရဲ့ ဆပ်ကပ် ( Circus of the Sun ) ဖြစ် ပြီ ၁၉၈၄ ခုနှစ် က စတင် တည် ထောင် ကာ ကမ္ဘာ အနှံ့ ပြဇာတ် တွေ ၊ ကပွဲ တွေ လှည့်လည် ဖျော် ဖြေ နေ တဲ့ အဖွဲ့ကြီး လည်း ဖြစ် ပါတယ် ။

SPORTS MYANMAR