Thursday, October 11, 2018

အွန်နရီ အနေနဲ့ နည်းပြ လောကထဲ ဝင်ရောက်ဖို့ အချိန်တန်နေပါပြီလို့ ဆိုလိုက်တဲ့ မူနီယာ


အာဆင်နယ် အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း အွန်နရီဟာ လက်ရှိအချိန်မှာ ဘယ်ဂျီယံလက်ရွေးစင် အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဘယ်ဂျီယံ အသင်းရဲ့ နောက်ခံလူတဦးဖြစ်တဲ့ သောမတ်စ်မူနီယာကတော့ အခုချိန်ဟာ အွန်နရီတယောက် နည်းပြလောက်ကထဲ ဝင်ရောက်ဖို့ အချိန်အခါ ကောင်းပဲလို့ဆိုပါတယ်။အွန်နရီကို နည်းပြချုပ် အဖြစ်ခန့်အပ်သွားဖို့ စိတ်ဝင်စားခဲ့ တဲ့ပထဆုံး အသင်းကတော့ လိဂ်ချန်ပီယံရှစ် ကလပ် အက်စတွန်ဗီလာ အသင်းပဲဖြစ်ပါတယ်

အွန်နရီ နဲ့ သတင်းကြီး ခဲ့တဲ့ ဗီလာ အသင်းဟာ နည်းပြ သစ် ခန့်အပ် လိုက် ပီ ဖြစ်ပေမယ့် ရလဒ်ဆိုးတွေဆက်တိုက်ကြုံတွေ့နေရတဲ့ မိုနာကို အသင်း ရာထူး အတွက် အွန်နရီကို ဟာ ရေပန်းစား နေဆဲ ဖြစ်တယ် လို့ သတင်းတွေက ဖော်ပြပါတယ်။

မိုနာကို အသင်းဟာ အွန်နရီ ပရော်ဖက်ရှင်နယ်ကစားကစားသမားဘဝစတင်ခဲ့တဲ့ အသင်းဖြစ်ပြီးပြီး သူရဲ့ နည်းပြဘဝစတင်ရာ အသင်း ဖြစ်လာဖို့ လည်း များနေတာဖြစ်ပါတယ်။အွန်နရီဟာ ဘယ်ဂျီယံ အသင်းမှာအဲဗာတန်နည်းပြ ဟောင်း မာတီနက်စ်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူနေခဲ့တာ ၂နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။

PSGနောက်ခံလူမူနီယာကတော့ဘယ်ဂျီယံ အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်ရောက်နိုင်အောင်စွမ်းဆောင်ပေးခဲ့တဲ့ အွန်နရီရဲ့ စွမ်းရည်ကိုအသိအမှတ်ပြုချီးကျူးသွားခဲ့ပါတယ်။

အင်တာ ဗျူး တခုမှာ မူနီယာက- – – ” အွန်နရီဟာ ကစားသမားကောင်းတဦး လည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် လည်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မဖြတ်သန်းခဲ့ဖူးတဲ့ နည်းပြ တွေထက်အားသာချက်ရှိပါတယ်။စိတ်ပိုင်း ဆိုင်ရာအရအသင်းကို ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကိုလည်း သူသိပါတယ်။သူဟာကစားသမား တွေ နဲ့ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေသူဖြစ်ပါတယ်။

ကျွန်တော့် အမြင်အရတော့သူဟာနည်းပြဘဝရဲ့နောက်တဆင့်ကို တက်လှမ်းသွားဖို့ အချိန်ကျနေပြီလို့ ထင်ပါတယ်။သူ့မှာ ဒီလိုလုပ်နိုင်တဲ့အရည်အချင်းမျိုးရှိနေတယ်လို့ လည်း ကျွန်တော်ယုံကြည်ပြီး မကြာခင်ဖြစ်လာမယ် လို့ထင်မိပါတယ်” လို့ပြောခဲ့ပါတယ်။

အွန်နရီဟာ ကစားသမားဘဝကနေ အနားယူခဲ့အပြီး မှာ Sky Sports ရဲ့ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လည်း လုပ်ကိုင်ခဲ့ပါသေးတယ်။ဒါပေမယ့် နည်းပြ အလုပ်ကို ပိုမိုအာရုံ စိုက်နိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီကမှ အဆိုပါ အလုပ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။သူဟာ အဲ့ဒီအချိန်မှာ ဘော်ဒိုး အသင်းရဲ့ နည်းပြဖြစ်လာဖို့ အတော်လေးကို နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

အဆိုပါသတင်းတွေ ထွက်ပေါ်ခဲ့ စဉ်တုန်းက မူနီယာက – – – ” ဒီလိုအမှန် တကယ် သာဖြစ်လာခဲ့ရင်ပြင်သစ် လီဂူးပြိုင်ပွဲကြီးအတွက်အရမ်းကောင်းသွားပါလိမ့်မယ်။သူဟာ အရည်အချင်းကြွယ်ဝတဲ့ သူဆိုတာကျွန်တော်တို့နားလည်ပါတယ်။

သူဟာ ကျွန်တော်တို့ ဘယ်ဂျီယံ အသင်းအတွက်လည်း အပေါင်းလက္ခဏာဆန်တဲ့ အရာတွေယူဆောင်လာပေးခဲ့ပါတယ်။ဇီဒန်း လိုပဲ အားလုံးက သူ့ကို ချစ်ခင်နှစ်သက်ကြပါတယ်။သူရဲ့ စကားကို ဘာ ဖိအားပေးမှုမျိုးမှ လုပ်စရာမလိုပဲ နားထောငနာခံကြပါတယ်။သူတို့ ၂ဦးဟာကောင်းမွန်တဲ့ ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ဒါကြောင့်လည်း ဒီအလုပ်မှာအားလုံးရဲ့ ချစ်ခင်မျက်နှာသာပေးမှုကို ခံနေရတာဖြစ်ပါတယ် “လို့ပြောခဲ့ဖူးတာဖြစ်ပါတယ်။

Sports Myanmar