၁၀-၁၀-၂၀၁၈
ည(၁၁း၀၃)နာရီ။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းအခြေအနေ။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း TITLI ဖြစ်လာခဲ့ပါတယ်။
အဆိုပါဆိုင်ကလုန်း မုန်တိုင်းဟာအနောက်မြောက်ဖက်သို့(၁၀-၁၀-၂၀၁၈) ရက် ညနေ(၃း၃၀)နာရီအချိန်တိုင်းတာချက်အရ အားအလွန်ကောင်းတဲ့ ဆိုင်ကုန်းမုန်တိုင်းကြီး(Severe Cyclonic Storm) ဖြစ်လာခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြီး ဟာ မြောက်အနောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျှားရင်း (၁၁-၁၀-၂၀၁၈)ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဖက်ကမ်းခြေကိုဖြတ်ကျော်ဝ င်ရောက်သွား မယ်လို့ခန့်မှန်းရပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် (၁၀-၁၀-၂၀၁၈)ရက် ည(၁၂း၃၀)နာရီမှ နောက် (၇၂)နာရီအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဟဟ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်း နဲက မန္တလေးတိုင်းတို့တွင် နေရာ ကျဲကျဲ မှ စိပ်စိပ် မိုးထစ်ချူန်းရွာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
#ThadinKabar



