Wednesday, October 10, 2018
ဆိုင်ကလုံး မုန်တိုင်း ဘင်္ဂလားဒေ့ရှ် သတိပေး
■ ဘင်္ဂလားပင်လယ်အော်မှာ ရောက်ရှိနေတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိခိုလှုံနေတဲ့ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တဲ့အတွက် ကာကွယ်ရေးအတွက် အသင့်ပြင်ထားကြဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နှိုးဆော်နေပါတယ်။ Titli တစ်တလီလို့ အမည်ပေးထားတဲ့ မုန်တိုင်းဟာ အိန္ဒိယနိုင်ငံကို ဦးတည်နေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း သတိထားဖို့ လိုတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ တိုင်းထွာချက်တွေအရ အဲဒီ မုန်တိုင်းဟာ စစ်တကောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၉ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး ကမ်းခြေကိုရွေ့လျှားနေပါတယ်။
Photo: Dibyangshu SARKAR / AFP
(ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်မှာရှိတဲ့ ကူတူပါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်)
RFA
#ThadinKabar
