Friday, October 12, 2018

အာဖရိကမှ အသက်အငယ်ဆုံး ဘီလျံနာသူဌေး ပြန်ပေးဆွဲခံရ



အာဖရိကမှ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး တန်ဇန်နီးယားနိုင်ငံ ဒါရက်စ်ဆလမ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပြန်ပေးဆွဲခံလိုက်ရသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ဘီလျံနာ မိုဟာမက်ဒျူဂျီသည် ယမန်နေ့နံနက် ၆နာရီခွဲခန့်က ဟိုတယ်ရှိ Gym တွင်ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းများပြုလုပ်ရန် ၀င်သွားစဉ် သေနပ်သမားများက ဖမ်းဆီးပြန်ပေးဆွဲသွားခြင်းဖြစ်သည်။

ပြန်ပေးသမားများမှာ နိုင်ငံခြားသားဖြစ်သည်ဟု ယုံကြည်ရကြောင်း ဒါရက်စ်ဆလမ်ရဲတပ်ဖွဲ့မှ အကြီးအကဲကပြောသည်။

ပြန်ပေးသမားများသည် ဟိုတယ်ဝင်းအတွင်းသို့ ကားဖြင့်ဝင်ရောက်လာပြီး မိုဟာမက်ဒျူဂျီအား ကားထဲသို့မသွင်းမီတွင် လေထဲသို့ သေနပ်များခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"သူတို့ဟာ ဟိုတယ်ထဲကို ကားနဲ့ဝင်လာကြပြီး သူဌေးကို ကားနဲ့ခေါ်မသွားခင်မှာ လေထဲကို သေနပ်တွေခြောက်လှန့်ပစ်ခတ်သွားကြတယ်လို့ အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ဝန်ထမ်းကပြောပါတယ်"ဟု ရဲအရာရှိကပြောသည်။

လက်ရှိအချိန်အထိ ပြန်ပေးသမားများမှာ မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးကြောင်းနှင့် စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ပြန်ပေးသမားများထံမှ မည်သည့်တောင်းဆိုမှုမျှလည်း မပြုသေးဟုဆိုသည်။

မိုဟာမက်ဒျူဂျီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ဒသမ ၅ ဘီလျံခန့်ရှိကြောင်း Forbes မဂ္ဂဇင်းကြီးကဆိုထားသည်။

PN002
ref: Africa's youngest billionaire kidnapped by gunmen in luxury hotel
#ThadinKabar