Saturday, October 13, 2018

အင်း​တော်​မြို့နယ်​အတွင်းမှတရားမဝင်​တမလန်းသစ်​များ ဖမ်းမိ



စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊အင်း​တော်​မြို့အဝင်​နေရာမှတရားမဝင်​တမလန်းသစ်​များတင်​​ဆောင်​လာ​သောယာဉ်​တစ်​စီးဖမ်းမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ၁၃၊၁၀၊၁၈ ရက်​​နေ့နံနက်​ ၅ နာရီခန့်​တွင်​အင်း​တော်​မြို့နယ်​သစ်​​တောဦးစီးအရာရှိဦး​ဇော်​လင်းဝင်းအနီးကပ်​ကြီးကြပ်​၍​တောအုပ်​ရဲမြင့်​သန်း ဦးစီး​သောအဖွဲ့သည်​မြို့မရဲစခန်းမှနယ်​ထိန်းရဲတပ်​ဖွဲ့နှင့်​ပူး​ပေါင်း၍သက်​​သေများနှင့်​အတူသစ်​​မှောင်​ခိုသတင်းသတင်းအရအင်း​တော်​မြို့အဝင်​တွင်​​စောင့်​ဆိုင်း​နေကြစဉ်​ဗန်း​မောက်​မြို့ဘက်​မှညီညီလွင်​ဆိုသူ​မောင်းနှင်​ လာ​သောMDY7B/---- PAJERO ယာဉ်​အားမသင်္ကာ၍ရပ်​တန့်​စစ်​​ဆေးရာရပ်​တန့်​ခြင်းမရှိဘဲ​မောင်း​ပြေးသွားသဖြင့်​လိုက်​လံဖမ်းဆီးရာအင်း​တော်​မြို့​ဆေးရုံးအနီး၌ဖမ်းဆီးရမိပြီးယာဉ်​အားရှာ​ဖွေစစ်​​ဆေးရာအဆိုပါယာဉ်​​ပေါ်မှတရားမဝင်​တမလန်းသစ်​(၁၂)လုံး၊၁•၀၃၆၆တန်​၊ကာလတန်​ဖိုး​ငွေကျပ်​ ၃၁၀၉၈၀ နှင့်​ အတူယာဉ်​​နောက်​လိုက်​​နေမျိုး​မော်​နှင့်​​နေ​အောင်​တို့အားစစ်​​ဆေး​တွေ့ရှိရသဖြင့်​တရားမဝင်​တမလန်းသစ်​များသယ်​​ဆောင်​သူကသာမြို့၊အမှတ်​၄ရပ်​ကွက်​​နေ ညီညီလွင်​နှင့်​​နေမျိုး​မော်​၊ဝန်းသိုမြို့၊ပန်းညို​ကျေးရွာ​နေ ​နေ​အောင်​တို့သုံးဦးအား အင်း​တော်​မြို့မရဲစခန်းက ဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း​တောအုပ်​ရဲမြင့်​သန်းမှ​ပြောပြသိရှိရသည်​။

 လူ​အောင်​(ကသာ)
#ThadinKabar