Wednesday, October 10, 2018

နာမည်ကြီးနေ တဲ့ မွန်ပြည်နယ် မု ဒုံမြို့နယ် နှီး ပဒေါ စံပြရွာမှာ ကျောက်တွေရဲ့အဖြစ်မှန်က ဒီလိုပါတဲ့


နှီးပဒေါ စံပြရွာမှာ ကျောက်တွေ အလိုလိုထွက်လာတယ်ဆိုတဲ့သတင်း တက်လာတော့ စိတ်ဝင်စားမိတာနဲ့ နဲနဲလိုက်စပ်စုမိလိုက်တာအဲ့ဒိကျောက်တွေက မွန် ၊ကရင်၊တနင်္သာရီတိုင်း ဖက်ကထွက်တဲ့ garnet လို့ခေါ်တဲ့ မြန်မာအမည် ဥဒေါင်းကျောက်တွေ ပါ
မွန်ပြည်နယ်ထဲကတနေရာရာမှာတော်တော် ထွက်နေပုံရတယ် ၊ကားနဲ့သယ်ရင် ထွက်ကျခဲ့တာဖြစ်နိုင်တယ်၊ ဒီကျောက်ရဲ့ မာကြောအဆင့်က ၅ လောက်ရှိပါတယ် ၊ သူက ရတနာ တန်းဝင်ပေမဲ့ လူကြိုက် နည်းပါတယ်၊နေရောင်နဲ့ထိမှ အနီရောင်သန်းပြီးဒီအတိုင်းအရိပ်ထဲ ဆို အညိုရောင်ဖက်ပါ ပါတယ်၊


ကျနော်တို့မွန်ကရင်ဒေသမှာတော်တော်တော်ထွက်တယ်လို့ ဆိုပါတယ် အဲ့ဒိကျောက်တွေကို ယခုလောက်များများသယ်ယူနေပုံထောက်ရင် ဘယ်နေရာမှာ ဘယ်သူတွေက ဘယ်သူ့ခွင့်ပြု အမိန့်နဲ့ ဘယ်အချိန်ကတည်းကတူးနေပြီး၊ နိုင်ငံတော်က အခွန်ငွေ ဘယ်လောက်များရနေသလည်းဆိုတာ သိချင်နေမိတာတော့ အမှန်ပဲ။ကျောက်နဲ့ပတ်သပ်လို့ သိလိုသမျှ အချက်အလက်တွေကို စိတ်ရှည်ရှည်ဖြင့်ပြောပြပေးပါသော ဆရာမကြီး ဒေါ်ခင်ခင်နွယ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဘာမှ ရတနာမိုး ရွှေမိုး ငွေမိုးတွေရွာတာမဟုတ်ဘူး၊အဲ့ဒါ ဗြုံးစသာသာတွေ ကျောက်စီပန်းချီမှာလည်းသုံးတယ် ၊ ယတြာ လည်းချေကြတယ်၊ ဌာပနာထဲလည်းထည့်တယ် ၊ ယိုးဒယားလည်းပို့တယ် ၊ ယိုးဒယားကိုပို့တဲ့ ကားပေါ်ကအထုတ်တွေထဲက ပေါက်ကျလာတာလည်းဖြစ်နိုင်တယ်၊တိုင်းပြည်လည်း လဒနားရတာနဲ့၊ မင်းလောင်းမျော်ရတာနဲ့ ၊
ရွှေမိုးငွေမိုး ရတနာမိုးရွာရတာနဲ့ dreaming ဖြစ်နေတယ် ….
#Crd…
#ThadinKabar