ဂ်ပန္- ျမန္မာႏွစ္ႏုိင္ငံ ပူးေပါင္းၿပီး Japonica ဆန္အမ်ိဳးအစားတမ်ဳိးကုိ ျမန္မာႏုိင္ငံမွာ စမ္းသပ္စိုက္ပ်ိဳးၿပီး ျပည္ပႏုိင္ငံေတြကို တင္ပို႔ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနပါတယ္။
ဂ်ပန္ႏိုင္ငံ ပို႔ကုန္ကုန္သြယ္ေရးသုေတသနအဖြဲ႔ JETRO ရဲ႕ ဥကၠ႒ ျဖစ္သူ မစၥတာ ဟီ႐ုိယူကီ အီရွာဂီက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္မွာ ေတြ႔ဆုံစဥ္ ေျပာခဲ့တာ ျဖစ္ပါတယ္။
မစၥတာ ဟီ႐ုိယူကီ အီရွာဂီက
သီလ၀ါစက္မႈဇုန္မွာ ဂ်ပန္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္လို႔လည္း
“သီလ၀ါစက္မႈဇုန္မွာ စီးပြားေရးကုမၸဏီေပါင္း ၁၀၀ နီးပါး လုပ္ငန္းမ်ား
လုပ္ကုိုင္လ်က္ရွိၿပီး ထက္၀က္ေက်ာ္ဟာ ဂ်ပန္ကုမၸဏီမ်ားျဖစ္တယ္၊၊
သီလ၀ါစက္မႈ
ဇုန္မွာ လက္ရွိ အလုပ္အကိုင္ေပါင္း ၁၀၀၀၀ ေက်ာ္ ဖန္တီးေပးႏုိင္ခဲ့တယ္၊
ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒသစ္ေတြ ျပ႒ာန္းတာအပါအ၀င္
ရင္းႏွီးျမႇုဳပ္ႏွံမႈလြယ္ကူ ေခ်ာေမြ႔ေစဖို႔ ေဆာင္ရြက္ေပးမႈေတြေၾကာင့္ ၂၀၁၇
ခုႏွစ္အတြင္း ျမန္မာႏုိင္ငံမွာ ဂ်ပန္ႏုိင္ငံက
သြားေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏဟာ စံခ်ိန္တင္မ်ားျပားခဲ့တယ္” လုိ႔
ေျပာပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံအေနနဲ႔
အာရွေဒသမွာ အလားလာေကာင္းမ်ားရွိတဲ့ ႏိုင္ငံျဖစ္လို႔ ျမန္မာႏိုင္ငံမွာ
ပုိမိုရင္းႏွီးျမႇဳပ္ႏွံႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္ရြက္သြားမယ္လို႔လည္း
ေျပာပါတယ္။JETRO ဟာ ဂ်ပန္ႏိုင္ငံ စီးပြားေရး၊ ကုန္သြယ္ေရးနဲ႔ စက္မႈဝန္ႀကီးဌာနရဲ႕ ပံ့ပိုးမႈနဲ႔ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံမွာ ႐ုံးခြဲဖြင့္လွစ္ထားပါတယ္။
ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရး လုပ္ငန္းေတြကို ပူးေပါင္းေဆာင္႐ြက္ေနၿပီး JETRO ႐ုံးခြဲေတြ အာရွမွာ ၂၇ ခု ဖြင့္ထားပါတယ္။
credit;DVB
#သတင္းကမ႓ာ
Unicode ဖြင့်ဖတ်ရန်
ဂျပန်- မြန်မာနှစ်နိုင်ငံ ပူးပေါင်းပြီး Japonica ဆန်အမျိုးအစားတမျိုးကို မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။
ဂျပန်နိုင်ငံ ပို့ကုန်ကုန်သွယ်ရေးသုတေသနအဖွဲ့ JETRO ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဟီရိုယူကီ အီရှာဂီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်မှာ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဟီရိုယူကီ အီရှာဂီက သီလဝါစက်မှုဇုန်မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့လည်း “သီလဝါစက်မှုဇုန်မှာ စီးပွားရေးကုမ္ပဏီပေါင်း ၁၀၀ နီးပါး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ထက်ဝက်ကျော်ဟာ ဂျပန်ကုမ္ပဏီများဖြစ်တယ်၊၊
သီလဝါစက်မှု ဇုန်မှာ လက်ရှိ အလုပ်အကိုင်ပေါင်း ၁၀၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့တယ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွေ ပြဋ္ဌာန်းတာအပါအဝင် ရင်းနှီးမြှုုပ်နှံမှုလွယ်ကူ ချောမွေ့စေဖို့ ဆောင်ရွက်ပေးမှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက သွားရောက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ စံချိန်တင်များပြားခဲ့တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာရှဒေသမှာ အလားလာကောင်းများရှိတဲ့ နိုင်ငံဖြစ်လို့ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
JETRO ဟာ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေပြီး JETRO ရုံးခွဲတွေ အာရှမှာ ၂၇ ခု ဖွင့်ထားပါတယ်။
credit;DVB
#သတင်းကမ္ဘာ
