Monday, October 8, 2018

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွစိတ္ၾကြရူးသြပ္ေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအားအေရးယူေဆာင္ရြက္




ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္မ်ားက မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕စုမ်ားမွ တပ္ဖြဲ႕၀င္ မ်ားႏွင့္ ပူးေပါင္း၍ မူးယစ္ေဆး၀ါးမ်ားအား ေဖာ္ထုတ္ဖမ္းဆီးလ်က္ရွိသည္။

ယင္းသုိ႔ဖမ္းဆီးလ်က္ရွိရာ ၇.၁၀.၂၀၁၈ ရက္ေန႔ ၁၃:၃၀ အခ်ိန္ အေနာက္ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းႏွိမ္နင္း ေရးဌာနစုမွ တပ္ဖြဲ႕၀င္မ်ား ႏွင့္ လႈိင္ၿမိဳ႕နယ္၊ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္းမွ 
တပ္ဖြဲ႕၀င္မ်ားပါ၀င္ေသာ ပူး ေပါင္းအဖြဲ႕သည္ လႈိင္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း
တုိက္(၅)၊ အခန္း(၁၂)တြင္ မူးယစ္ေဆး၀ါး ေရာင္း၀ယ္သုံးစြဲေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ ၀င္ေရာက္ရွာေဖြရာ အဆုိပါ တုိက္ခန္းတြင္ ေနထုိင္သည့္ ျပည္ေက်ာ္၊ (၃၀)ႏွစ္ ႏွင့္ ၎၏ဇနီးျဖစ္သူ
မဆုသစၥာဦး၊ (၂၅)ႏွစ္တုိ႔(၂)ဦးအား WY စာတန္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား(၁၄)ျပား၊ ေဆးေျခာက္(၃.၄၄)ဂရမ္၊ Pro အမ်ိဳးအစား လက္ကုိင္ဖုန္း(၁)လုံး တုိ႔ႏွင့္အတူ ဖမ္းဆီးရမိသျဖင့္ ပိေတာက္ေခ်ာင္း နယ္ေျမရဲစခန္း မယ(ပ)၉/၂၀၁၈၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိ ေျပာင္းလဲ ေစေသာ ေဆး၀ါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၆(ဂ)/၂၁ ျဖင့္အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိသည္။

အလားတူ ၁၆၃၀ အခ်ိန္ ရန္ကင္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားသည္ မူးယစ္ေဆး၀ါးသတင္းအရ ရန္ကင္း ၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ အင္ၾကင္းၿမိဳင္လမ္းေန ေက်ာ္နႏၵ(ခ)ေက်ာ္စြာလင္း၊ (၄၀)ႏွစ္၏ ေနအိမ္အား ၀င္ေရာက္
ရွာေဖြရာ လိေမၼာ္ေရာင္ ႏွင့္ အစိမ္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား(၈၀၀)ျပား၊ ICE အေလးခ်ိန္(၂.၅)ဂရမ္၊ ေဆး ေျခာက္(၂၁၆.၃)ဂရမ္၊ေငြစကၠဴေရာရာ(၁၃၃၀၀၀)က်ပ္တုိ႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး အဆုိပါ
မူးယစ္ေဆး၀ါးမ်ား ကုိ ရန္ကင္းၿမိဳ႕နယ္ေန စြာေလး(ခ)ထြန္းလြင္(စုံစမ္းဆဲ)ထံမွ ၀ယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း

ေပၚေပါက္သျဖင့္ ရန္ကင္းၿမိဳမရဲစခန္း မယ(ပ)၃၇/၂၀၁၈၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိ ေျပာင္းလဲေစ
ေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ ၁၉(က)/၂၀(က)/၂၁ ျဖင့္လည္း ေကာင္း၊ ၁၆၄၅ အခ်ိန္ အမွတ္(၄၀)မူးယစ္ေဆး၀ါးတားဆီး ႏွိမ္နင္းေရးတပ္ဖြဲ႕စုမွ တပ္ဖြဲ႕၀င္မ်ားနွင့္လႈိင္သာယာၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ား ပါ၀င္ေသာပူးေပါင္းအဖြဲ႕သည္ မူးယစ္ေဆး၀ါးသတင္းအရ လႈိင္သာယာၿမိဳ႕နယ္၊

(၁၉)ရပ္ကြက္၊ ဓည၀တီလမ္းေန ထြန္းေတဇာေအာင္(ခ)ရဲရင့္၊ (၁၈)ႏွစ္၏ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ WY စာတန္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား(၉၅)ျပား၊ ျမန္မာ ေငြစကၠဴေရာရာ(၂၅၀၀၀)က်ပ္
တုိ႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး အဆုိပါမူးယစ္ေဆး၀ါးမ်ားအား လႈိင္သာယာၿမိဳ႕နယ္ ေန ဘုိထြန္း(စုံစမ္းဆဲ)ထံမွ၀ယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္သျဖင့္ လႈိင္သာယာၿမိဳ႕မရဲစခန္း မယ(ပ) ၈၆/၂၀၁၈၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၉(က)/
၂၀(က)/၂၁ ျဖင့္လည္းေကာင္း အမႈမ်ားအသီးသီးေရးဖြင့္၍ ကြင္းဆက္တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

credit;Yangon police

 #သတင္းကမ႓ာ

Unicode ဖြင့်ဖတ်ရန်

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။



ယင်းသို့ဖမ်းဆီးလျက်ရှိရာ ၇.၁၀.၂၀၁၈ ရက်နေ့ ၁၃၃၀ အချိန် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များ နှင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းမှ

တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊
တိုက်(၅)၊ အခန်း(၁၂)တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အဆိုပါ တိုက်ခန်းတွင် နေထိုင်သည့် ပြည်ကျော်၊ (၃၀)နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ
မဆုသစ္စာဦး၊ (၂၅)နှစ်တို့(၂)ဦးအား WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၄)ပြား၊ ဆေးခြောက်(၃.၄၄)ဂရမ်၊ Pro အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်း မယ(ပ)၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။



အလားတူ ၁၆၃၀ အချိန် ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ရန်ကင်း မြို့နယ်၊ (၉)ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းနေ ကျော်နန္ဒ(ခ)ကျော်စွာလင်း၊ (၄၀)နှစ်၏ နေအိမ်အား ဝင်ရောက်
ရှာဖွေရာ လိမ္မော်ရောင် နှင့် အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၈၀၀)ပြား၊ ICE အလေးချိန်(၂.၅)ဂရမ်၊ ဆေး ခြောက်(၂၁၆.၃)ဂရမ်၊ငွေစက္ကူရောရာ(၁၃၃၀၀၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ
မူးယစ်ဆေးဝါးများ ကို ရန်ကင်းမြို့နယ်နေ စွာလေး(ခ)ထွန်းလွင်(စုံစမ်းဆဲ)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း



ပေါ်ပေါက်သဖြင့် ရန်ကင်းမြိုမရဲစခန်း မယ(ပ)၃၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ
သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့်လည်း ကောင်း၊ ၁၆၄၅ အချိန် အမှတ်(၄၀)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့်လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ လှိုင်သာယာမြို့နယ်၊


(၁၉)ရပ်ကွက်၊ ဓညဝတီလမ်းနေ ထွန်းတေဇာအောင်(ခ)ရဲရင့်၊ (၁၈)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၉၅)ပြား၊ မြန်မာ ငွေစက္ကူရောရာ(၂၅၀၀၀)ကျပ်
တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများအား လှိုင်သာယာမြို့နယ် နေ ဘိုထွန်း(စုံစမ်းဆဲ)ထံမှဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် လှိုင်သာယာမြို့မရဲစခန်း မယ(ပ) ၈၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/
၂၀(က)/၂၁ ဖြင့်လည်းကောင်း အမှုများအသီးသီးရေးဖွင့်၍ ကွင်းဆက်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



credit;Yangon police



 #သတင်းကမ္ဘာ