Thursday, October 11, 2018
ထိုင်း ဝန်ကြီးချုပ်ဟောင်းရဲ့ သားကို ငွေခဝါချမှုနဲ့ စွဲချက်တင်
ထိုင်းဝန်ကြီးချုပ်ဟောင်း သာ့ဆင်ရှင်န၀တ်ရဲ့ သား Panthongtae ရှင်န၀တ်ကို ငွေကြေးခ၀ါချမှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။
Krungthai Bank အဂတိလိုက်စားမှုနဲ့ ဆက်စပ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်း သုံးထောင် ငါးရာ ခ၀ါချမှုနဲ့ တရားသူကြီးတွေက စွဲချက်တင်တာပါ။
တရားမ၀င်ချေးငွေကိစ္စနဲ့ အဲဒီဘဏ်က အလုပ်အမှုဆောင်တွေကို ၂၀၁၅ မှာ ထောင်ဒဏ် ၁၈ နှစ်
ချမှတ်ခဲ့ပါတယ်။
သူရထားတဲ့ငွေတွေကို ပြန်ပေးလိုက်တယ်လို့ သာ့ဆင်ရှင်န၀တ်ရဲ့ သားက ပြောပေမယ့် စွဲချက်တင်တာဖြစ်ပြီး ဒေါ်လာ ၃ သောင်းကျော်နဲ့ တရားရုံးက အာမခံပေးလိုက်ပါတယ်။ အမှုကို နိုဝင်ဘာ ၅ ရက်မှာ ကြားနာဖို့ ရုံးချိန်းပေးလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
#သတင်းကမ္ဘာ
