သူတို့နှစ်ဦးရဲ့ အထိမ်းအမှတ်နေ့လေးအကြောင်းကိုတော့ နန်းသူဇာက သူမရဲ့အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ၇နှစ်ကျော် ကြာသွားတာတောင် တစ်ဦးကိုတစ်ဦး အချစ်တွေ ပိုပိုပြီးတိုးလာတယ်လို့ထင်ရတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကုသိုလ်ရေးဆိုလည်း လက်မနှေးတဲ့ စုံတွဲလေး
နန်းသူဇာကတော့ “Happy Anni of our 7 years 7 months ” ဆိုပြီး သူမတို့ရဲ့ Anniversary day လေးအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ရှေ့သွားနောက်လိုက်ညီပြီး တစ်ဦးနဲ့တစ်ဦးအရမ်းချစ်ကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ဦး
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးကတော့ သူတို့ချစ်မြတ်နိုးရတဲ့ သီချင်းတွေကို ဖန်တီးပြီး နှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့အချစ်ရေးကို ဖန်တီးပုံဖော်ထားကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ၇နှစ်ကျော်ကြာတာတောင် အချစ်တွေက လတ်ဆတ်နေဆဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးရဲ့ Anniversary လေးအတွက် ဆုမွန်ကောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။
Credit:Myint Myat
Source;Nan Thu Zar’s Instagram
#သတင်းကမ္ဘာ


